၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်တာကာလအတွင်း တရုတ်ပြည်တွင် အရောင်းရဆုံး ကားများ

  • 2270 views


တရုတ်ပြည်မှ China Passenger Car Association (CPCA) နှင့် ကားထုတ်လုပ်သူများအသင်း (CAAM) တို့သည် ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက် (H1) အတွက် တရုတ်ကားလုပ်ငန်းနယ်ပယ် အစီရင်ခံစာကို မကြာသေးမီက ထုတ်ပြန်လိုက်သည်။

၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်တာ ကာလအတွင်း တရုတ်ပြည်တွင် ကားထုတ်လုပ်မှု၊ ရောင်းချရမှု ပမာဏမှာ အစင်းရေ ၁၃ ဒသမ ၈၉၁ သန်းနှင့် ၁၄ ဒသမ ၀၄၇ သန်း အသီးသီးရှိပြီး ယခင်နှစ် အလားတူကာလထက် ၄ ဒသမ ၉ ရာခိုင်နှုန်း၊ ၆ ဒသမ ၁ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့သည်။

စွမ်းအင်သစ်ယာဉ်များ ရောင်းချရမှုတိုးတက်နှုန်းမှာ ဆီကားများထက် သိသာစွာ မြင့်မားနေသည်။

ဆီကားများ ထုတ်လုပ်မှုနှင့် ရောင်းချမှုမှာ အစင်းရေ ၄ ဒသမ ၉၂၉ သန်း၊ ၄ ဒသမ ၉၄၄ သန်း အသီးသီးရှိရာ ယခင်နှစ်ထက်မူ ၃၀ ဒသမ ၁ ရာခိုင်နှုန်း၊ ၃၂ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့သည်။


((၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း  တရုတ်ပြည်တွင် အရောင်းရဆုံး တရုတ်ပြည်တွင်းထုတ် ကားများ))

1 BYD အစင်းရေ ၁ ဒသမ ၆၀၇ သန်း

2.Chery ၁ ဒသမ ၀၅၇ သန်း

3.Geely ၉၅၅၀၀၀

4.Changan ၈၀၉၀၀၀

5.FAW-Volkswagen ၇၅၄၀၀၀

6.SAIC-Volkswagen ၅၁၂၀၀၀

7.Great Wall Motor ၄၆၇၄၀၀

8.Tesla China ၄၂၆၀၀၀

9.GAC-Toyota ၃၃၆၀၀၀

10.SAIC ၃၃၁၅၀၀

11.SAIC-GM-Wuling ၃၃၁၀၀၀

12.Dongfeng-Nissan ၃၂၈၀၀၀

13Brilliance Auto ၃၁၆၀၀၀

14.FAW-Toyota ၃၀၈၀၀၀

15.Beijing Benz ၂၇၈၀၀၀

16.Dongfeng-Honda ၂၃၆၀၀၀

17.SAIC-GM ၂၂၅၀၀၀

18.GAC-Honda ၂၀၇၀၀၀

19.FAW Hongqi ၂၀၁၀၀၀

20.Li Auto ၁၈၈၀၀၀


(ရင်းမြစ်: CPCA)

တရုတ်ပြည် ထိပ်တန်းကားထုတ်လုပ်သူ ကုမ္ပဏီ ၁၀ ခု၏ စုစုပေါင်း ရောင်းအားမှာ အစင်းရေ ၁၁ ဒသမ ၉၁၇ သန်းရှိပြီး ယခင်နှစ်အလားတူကာလထက် ၆ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ယင်းကုမ္ပဏီ ၁၀ ခု၏ ရောင်းအားမှာ တရုတ်ပြည်တွင် စုစုပေါင်း ကားရောင်းချရမှု၏ ၈၄ ဒသမ ၈ ရာခိုင်နှုန်း ရှိသည်။

ထိပ်တန်း ၃ နေရာတွင်ရှိသော BYD, Chery နှင့် Geely တို့၏ စုစုပေါင်း ရောင်းအားပမာဏမှာ အစင်းရေ ၄ ဒသမ ၈၇၁ သန်းရှိပြီး ယခင်နှစ်ထက် ၁ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်လာပြီး ဈေးကွက်ဝေစုမှာ ၃၄ ဒသမ ၇ ရာခိုင်နှုန်း ရှိသည်။

 

 

((၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်ပြည်တွင် အရောင်းရဆုံးထိပ်တန်း ကားအမှတ်တံဆိပ် ၁၅ ခု))


1.BYD အစင်းရေ ၁ ဒသမ ၆၀၇ သန်း

2.Volkswagen ၁ ဒသမ ၂၆၆ သန်း 

3.Chery ၁ ဒသမ ၀၅၇ သန်း 

4.Geely ၉၅၅,၀၀၀ 

5.Changan ၈၀၉,၀၀၀ 

6.Toyota ၆၄၄,၀၀၀

7.Great Wall Motor ၄၆၇,၄၀၀

8.Honda ၄၄၄,၇၀၀

9.Tesla ၄၂၆,၆၀၀

10.SAIC ၃၃၁,၅၀၀

11.Wuling ၃၃၁,၃၀၀

12.Nissan ၃၂၈,၃၀၀

13.BMW ၃၁၆,၀၀၀

14.Mercedes Benz ၂၇၈,၇၀၀

15.GM ၂၂၅,၆၀၀

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Best-selling vehicle brands ranking in China, first half of 2024 (carnewschina)