- ပင်မစာမျက်နှာ
- ကားသတင်းများ
- EV ကဏ္ဍတွင် တရုတ်ကားထုတ်လုပ်သူတို့နှင့် ယှဉ်ပြိုင်နိုင်ရန် Honda-Nissan မဟာမိတ်ပူးပေါင်းမှုသို့ Mitsubishi Motors လည်း ပါဝင်မည်
EV ကဏ္ဍတွင် တရုတ်ကားထုတ်လုပ်သူတို့နှင့် ယှဉ်ပြိုင်နိုင်ရန် Honda-Nissan မဟာမိတ်ပူးပေါင်းမှုသို့ Mitsubishi Motors လည်း ပါဝင်မည်
- 207 views
Honda-Nissan မဟာမိတ်ပူးပေါင်းမှုသို့ Mitsubishi Motors လည်း ပါဝင်တော့မည်ဖြစ်ကြောင်း Nikki Asia သတင်းတစ်ရပ်တွင် ဖော်ပြသည်။
အဆိုပါ မဟာမိတ်အဖွဲ့ဝင် ကုမ္ပဏီတို့၏ ကမ္ဘာတဝန်း စုစုပေါင်းရောင်းအားမှာ ကားအစင်းရေ ၈ သန်း ရှိသည်။
ယခုအခါ ဂျပန်တွင် အင်အားစု ၂ ရပ်အဖြစ် စုစည်းကျစ်လစ်သွားရာ Toyota Motor Group နှင့် Honda-Nissan-Mitsubishi မဟာမိတ်တို့ ဖြစ်သည်။
Tesla နှင့် တရုတ်ကားထုတ်လုပ်သူတို့သည် လျှပ်စစ်ကားများတွင် ကြီးမားစွာ ရင်းနှီးမြှုပ်နှံထားကြကာ ဂျပန်ကားထုတ်လုပ်သူများအနေဖြင့် ၎င်းတို့နှင့် ကြီးမားကျယ်ပြန့်မှု အတိုင်းအတာ၊ supply chain ကဏ္ဍတို့တွင် မယှဉ်နိုင်ချေ။
ကားလောကတွင် အဆိုပါကြီးမားသောအရွေ့ကြောင့် ပြန်လည်ဖွဲ့စည်းစုရုံးမှုများ ပေါ်ပေါက်လာမည်ဖြစ်ရာ ဂျပန်ရှိ အခြားသော ဈေးကွက်များတွင်ပါ ရိုက်ခတ်လာသည်။
Honda Motor နှင့် Nissan Motor တို့က ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ယခုနှစ် မတ်လအတွင်း သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြသည်။
သို့သော် Mitsubishi နှင့် စပ်လျဉ်းပြီး မည်သို့ လုပ်ဆောင်ရမည်ကို ထိုစဉ်က ဆုံးဖြတ်ချက် မချနိုင်ခဲ့။
Nissan သည် Mitsubishi တွင် ရှယ်ယာ ၃၄ ဒသမ ၀၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။
ယခုအခါ Mitsubishi က Honda-Nissan မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ရန် စီစဉ်လာခြင်းဖြစ်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်သောဈေးကွက်တွင် ရှင်သန်ရပ်တည်နိုင်ရေးအတွက် ယှဉ်ပြိုင်နိုင်စွမ်းအားကောင်းစေရန် ပူးပေါင်း ဆောင်ရွက်ကြမည် ဖြစ်သည်။
Mitsubishi Motors သည် Honda, Nissan တို့နှင့် Nondisclosure agreement ချုပ်ဆိုကာ ဆွေးနွေးမှုများ စတင်လုပ်ဆောင်လျက် ရှိသည်။
Honda နှင့် Nissan တို့သည် ဂျပန်၏ ဒုတိယနှင့် တတိယမြောက် အကြီးမားဆုံး ကားထုတ်လုပ်သူများဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ မတ်လတွင် အဆုံးသတ်သော ဘဏ္ဍာရေးနှစ်တွင် ကမ္ဘာတဝန်းရောင်းအား အစင်းရေ ၄ ဒသမ ၁ သန်းနှင့် ၃ ဒသမ ၄၄ သန်း အသီးသီးရှိသည်။
Mitsubishi ၏ ရောင်းအား အစင်းရေ ၈၁၀,၀၀၀ ကို ထည့်သွင်းတွက်ချက်မည်ဆိုပါက ၎င်းတို့မဟာမိတ်အဖွဲ့၏ စုစုပေါင်း ရောင်းအားမှာ ယာဉ်အစင်းရေ ၈ ဒသမ ၃၅ သန်း ရှိမည် ဖြစ်သည်။
ကမ္ဘာ့အကြီးမားဆုံး ကားထုတ်လုပ်သူ Toyota ကလည်း ဂျပန်တွင် မဟာမိတ်လက်တွဲမှုများ ဆောင်ရွက်ထား သည်။
Toyota သည် Daihatsu, Suzuki, Subaru, Mazda, Hino Motors တို့နှင့် မဟာမိတ်ပူးပေါင်းထားပြီး ၎င်းတို့၏ ရောင်းအားမှာ အစင်းရေ ၁၆ သန်း ရှိသည်။
Mitsubishi သည် Honda-Nissan မဟာမိတ်အဖွဲ့သို့ဝင်ရန် အသေးစိတ်အချက်အလက်များ ညှိနှိုင်းနေသည်။
အဆိုပါ ကုမ္ပဏိ ၃ ခုသည် ကားကို ထိန်းချုပ်သည့် in-vehicle ဆော့ဖ်ဝဲကို တစ်ခုတည်း စံထားအသုံးပြုကြရန် စီစဉ်ထားသည်။
Honda နှင့် Nissan တို့က အဆိုပါဆော့ဖ်ဝဲကို ပူးပေါင်းရေးဆွဲရန် စီစဉ်ထားပြီး Mitsubishi ထုတ် ယာဉ်များတွင် အသုံးပြုရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Mitsubishi Motors to join Honda-Nissan alliance (asia.nikkei)