• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • တရုတ်ပြည်တွင် Xiaomi မှ ထုတ်လုပ်ခဲ့သော Xiaomi SU7 ကားများ ဈေးကွက်တွင် ရှားပါးသောကြောင့် အသစ်ဝယ်ယူစဉ် ပေးခဲ့ရသောဈေးထက် ပိုမိုဈေးကြီးနေ

တရုတ်ပြည်တွင် Xiaomi မှ ထုတ်လုပ်ခဲ့သော Xiaomi SU7 ကားများ ဈေးကွက်တွင် ရှားပါးသောကြောင့် အသစ်ဝယ်ယူစဉ် ပေးခဲ့ရသောဈေးထက် ပိုမိုဈေးကြီးနေ

  • 290 views

တရုတ်ပြည်တွင် Xiaomi SU7 ဆီဒင်သည် တပတ်ရစ်ဈေးကွက်တွင် အသစ်ရောင်းချခဲ့သည့်ဈေးနှုန်းထက် ပိုမိုမြင့်မားနေရာ Xiaomi ထုတ်ကားအပေါ် ကြိုက်နှစ်သက်သူ များပြားနေကြောင်း ပြသနေသည့် သက်သေတစ်ရပ်လည်း ဖြစ်သည်။

Li Dazhui အမည်ရှိ ဘလော့ဂါတစ်ဦးသည် ဇူလိုင်လ ၂၃ ရက်က ဗွီဒီယိုဖိုင်တစ်ခု တင်ခဲ့ရာ သူ၏ Xiaomi SU7 Max Founders Edition ကားအား ပြန်လည်ရောင်းချနေပုံကို ရိုက်ကူးထားခြင်း ဖြစ်သည်။

သူ၏ ကားကို ပြန်လည်ရောင်းချရခြင်း၏ အကြောင်းမှာ Xiaomi SU7 Max Founders Edition သည် တပတ်ရစ် ဈေးကွက်တွင် အသစ်ဝယ်ယူခဲ့စဉ်က ဈေးနှုန်းထက် မြင့်မားနေကြောင်း မိတ်ဆွေသူငယ်ချင်း တစ်ဦးက ပြောလာသောကြောင့် ဖြစ်သည်။

Founders Edition ကို အသစ်ထုတ်လုပ်တော့ခြင်းမရှိသောကြောင့် ရှားပါးနေခြင်းမှာ ဈေးကြီးရသည့် အကြောင်းရင်းတစိတ်တပိုင်းလည်း ဖြစ်သည်။

မိမိ၏ ကားကို ရောင်းထုတ်ကာ ငွေပိုငွေလျှံရှာဖွေရန် Li Dazhui က ဆုံးဖြတ်ခဲ့သည်။

 

(Xiaomi SU7 ၏ Founders Edition ကို အစောဆုံး ဝယ်ယူခဲ့ကြသူများအား တွေ့ရစဉ်)

 

Li က Xiaomi SU7 ကို ဝယ်စီးသည်မှာ ၃ လခန့်ရှိပြီဖြစ်ပြီး ကီလိုမီတာ ၃၆၀၀ ကျော် မောင်းထားသည်။

၎င်းပိုင်ဆိုင်ထားစဉ်ကာလအတွင်း အခြားကားတစ်စီး၏ နောက်ပိုင်းကို ဝင်တိုက်မိခဲ့ပြီး ထိခိုက်မှုအချို့ ဖြစ်ပွားခဲ့သည်။

ဗွီဒီယိုထဲတွင် Li က App တစ်ခု၏ စခရင်ရှော့တစ်ခုကို ပြသထားရာ  Xiaomi SU7 တပတ်ရစ်တို့၏ ဈေးနှုန်းများ တွေ့ရသည်။

ယင်းတို့အနက် ကီလိုမီတာ ၆၀၀ မောင်းထားသော Xiaomi SU7 Max တစ်စီးကို ယွမ်ငွေ ၃၄၃၀၀၀ (ကန်ဒေါ်လာ ၄၇၁၅၀) ဖြင့်လည်းကောင်း၊ ကီလိုမီတာ ၁၉၀၀ စီးထားသော အခြားတစ်စီးကို ယွမ်ငွေ ၃၃၅၀၀၀ (ကန်ဒေါ်လာ ၄၆၀၅၀) ဖြင့်လည်းကောင်း အရောင်းဈေးကွက်တင်ထားသည့် ကြော်ငြာများ တွေ့ရသည်။

အဆိုပါကားအားလုံးမှာ Founders Edition များ ဖြစ်ဟန်ရသည်။

 


(Li ၏ ဗွီဒီယိုထဲတွင် တပတ်ရစ် Xiaomi SU7 များ၏ ဈေးနှုန်းများကို တွေ့ရသည်)

 

Xiaomi SU7 Max ၏ အသစ်ဈေးမှာ ယွမ် ၂၉၉၀၀ (ကန်ဒေါ်လာ ၄၁၅၀၀) ဖြစ်သည်။

Xiaomi SU7 ၏ Max နှင့် Standard ဗားရှင်းများကို အစင်းရေ ၅၀၀၀ သာ ကန့်သတ်ထုတ်လုပ်ထားကာ Foumders Edition တွင် အခမဲ့ upgrade ပြုလုပ်ခွင့် ပါဝင်သည်။

Li က သူ၏ ကားတွင် ထိခိုက်ဒဏ်ရာရှိနေသောကြောင့် ပေကျင်းမြို့ရှိ တပတ်ရစ် ကားအရောင်းစင်တာတွင် ရောင်းချရာ ယွမ်ငွေ ၂၈၀၀၀ (ကန်ဒေါ်လာ ၃၈၅၀၀) ရရှိခဲ့သည်။

ကားသစ်ကို စီးခဲ့ပြီး ပြန်လည်ရောင်းချရာတွင် Xiaomi SU7 ၏ ပြန်ရသည့်ဈေးမှာ အလွန်မြင့်မားကြောင်း Li က ဗွီဒီယိုထဲတွင် ပြောထားသည်။
၄ လစီးထားပြီးနောက် ပြန်ရောင်းရာတွင် အသစ်ဝယ်ခဲ့စဉ်က ဈေးဖြင့် ပြန်ရောင်းနိုင်သည့်ကားမျိုး မတွေ့ဖူးသေးကြောင်း ၎င်းက ပြောသည်။

 


(Li Dazhui က သူ၏ Xiaomi SU7 ပြန်လည်ရောင်းချခဲ့သည့် အတွေ့အကြုံကို ပြောပြခဲ့သည်)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref: Second-hand Xiaomi SU7 cars can sell for more than the new price in China (carnewschina)