• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • မူကက်ရှ် အမ်ဘာနီ၏ သားငယ် အာနန့် အမ်ဘာနီက သူ၏ ခွေးအတွက် ကိုယ်ပိုင်ကားတစ်စီး ဝယ်ယူပေးထား၊ Mercedes G400d ဖြစ်ပြီး ဒေါ်လာ ၃၆၀၀၀၀ တန်ကြေးရှိ

မူကက်ရှ် အမ်ဘာနီ၏ သားငယ် အာနန့် အမ်ဘာနီက သူ၏ ခွေးအတွက် ကိုယ်ပိုင်ကားတစ်စီး ဝယ်ယူပေးထား၊ Mercedes G400d ဖြစ်ပြီး ဒေါ်လာ ၃၆၀၀၀၀ တန်ကြေးရှိ

  • 508 views

မကြာသေးမီက မင်္ဂလာပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့သော အာနန့် အမ်ဘာနီတွင် ဟက်ပီး (Happy) ဟု အမည်ရသော Golden Retriver ခွေးကလေးတစ်ကောင်ရှိသည်။

ခွေးလေး ဟက်ပီးတွင် သူ့အတွက် ကိုယ်ပိုင်ကားတစ်စီးရှိရာ Mercedes G400d ဖြစ်သည်။

Luxury ဒီဇယ် SUV ဖြစ်ပြီး တန်ကြေးမှာ ကန်ဒေါ်လာ ၃၆၀,၀၀၀ ဝန်းကျင်ရှိသည်။

 


(ဓာတ်ပုံ-Automobili Ardent India)

သခင်ဖြစ်သူ အာနန့်၏ မင်္ဂလာပွဲအခမ်းအနားကာလတွင် ခွေးကလေး ဟက်ပီးနှင့် သူ၏ မော်တော်ကားတို့၏ ဓာတ်ပုံများကို Automobili Ardent India ၏ အင်စတာဂရမ် စာမျက်နှာတွင် ဖော်ပြခြင်းခံခဲ့ရသည်။

အမ်ဘာနီမိသားစုသည် လုံခြုံရေးယာဉ်တန်းအတွက် G63 AMG SUV များစွာ အသုံးပြုထားသည်။

Mercedes G400d မှာ ယခု ၂၀၂၄ နှစ် အစောပိုင်းတွင် ဈေးကွက်သို့ စတင်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး Mercedes G350d ၏ နေရာကို အစားထိုးဝင်ရောက်လာခြင်း ဖြစ်သည်။

Mercedes G400d တွင် 3.0-litre OM656 six-cylinder ဒီဇယ်အင်ဂျင် တပ်ဆင်ထားပြီး ရုန်းအား 700 Nm ရှိကာ ဆွဲအား မြင်းကောင်ရေ ၃၃၀ အားရှိသည်။

 


(ဓာတ်ပုံ-Automobili Ardent India)

အာနန့် အမ်ဘာနီနှင့် ရာဒီကာ မားချန့်တို့၏ မင်္ဂလာပွဲမှာ ယခုလအတွင်း ကမ္ဘာတဝန်း ထိပ်တန်းသတင်းတစ်ပုဒ် ဖြစ်ခဲ့သည်။

သတိို့သား အာနန့်က သူ၏ အသစ်စက်စက်ဇနီးလေးအား ကန်ဒေါ်လာ ၁ ဒသမ ၆ သန်းတန် Dartz SUV တစ်စီး လက်ဆောင်ပေးခဲ့သည်။

အာနန့်၏ မင်္ဂလာပွဲသို့ ထိပ်တန်းအကျော်အမော်များစွာ၊ ကမ္ဘာ့ခေါင်းဆောင်များ၊ ကမ္ဘာပေါ်ရှိ အကြီးမားဆုံး ကုမ္ပဏီကြီးများမှ စီအီးအိုများ တက်ရောက်ခဲ့ကြသည်။

အမ်ဘာနီမိသားစုသည် မင်္ဂလာပွဲတက်မည့် ကမ္ဘာတဝန်းမှ ဧည့်သည်တော်များအတွက် လေယာဉ်ပေါင်း အစင်း ၁၀၀ ငှားရမ်းပေးထားခဲ့သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref: Anant Ambani’s dog ‘Happy’ has its own car, a Mercedes G400d (supercarblondie)

Photo Credit- Automobili Ardent India