- ပင်မစာမျက်နှာ
- ကားသတင်းများ
- ၂၀၂၅ မော်ဒယ် Honda Odyssey Minivan ၏ ဈေးနှုန်း ဒေါ်လာ ၄၃,၃၁၅ မှ စမည်
၂၀၂၅ မော်ဒယ် Honda Odyssey Minivan ၏ ဈေးနှုန်း ဒေါ်လာ ၄၃,၃၁၅ မှ စမည်
- 254 views
● Honda ၏ မော်ဒယ်သစ်တွင် ရှေ့ပိုင်းနှင့် နောက်ပိုင်း update ပြုလုပ်ထားမှုများ၊ ဘီးဒီဇိုင်းသစ်များ ပါဝင်လာမည်
● ယာဉ်မောင်းအတွက် ၇ လက်မ digital display ပါဝင်မည်ဖြစ်
● လက်ရှိ ဒေါ်လာ ၃၉၆၃၅ တန် Odyssey EX မော်ဒယ်ကို ထုတ်လုပ်မှု လျှော့ချနေပြီး ယခုအခါ EX-L ကို စတင်ထုတ်လုပ်နေကာ ဈေးနှုန်း ကန်ဒေါ်လာ ၄၃၃၁၅ မှ စမည်ဖြစ်
Minivan ချစ်သူများ ဝမ်းမြောက်စရာအချိန် ရောက်လာပြီ ဖြစ်သည်။
Honda က minivan တွင် လာမည့်နှစ် မော်ဒယ်အတွက် update အချို့ ထည့်သွင်းပေးလာသည်။
၂၀၂၅ မော်ဒယ် Odyssey တွင် ပြင်ဆင်မွမ်းမံထားသော အပြင်ဒီဇိုင်း၊ အတွင်းပိုင်း feature သစ်အချို့ ပါဝင်လာပြီး အရေးအကြီးဆုံးအချက်ကား ဈေးနှုန်းသစ် သတ်မှတ်မှု ဖြစ်သည်။
သို့သော် ၂၀၂၅ မော်ဒယ်တွင် လက်ရှိ Odyssey EX ၏ Powertrain ကို ဆက်လက်အသုံးပြုထားသည်။
၂၀၂၅ မော်ဒယ် Honda Odyssey တွင် 3.5-Liter V6 အင်ဂျင်ကိုပင် ဆက်လက်အသုံးပြုထားပြီး 280hp ထွက်သည်။
Ten-speed အော်တိုကားဖြစ်ပြီး ရှေ့ယက် ဖြစ်သည်။
ထိုအချက်များမှာ လက်ရှိ မော်ဒယ် EX အတိုင်းပင်။
မြို့တွင်း မောင်းလျှင် ၁ ဂါလံ ၁၉ မိုင်၊ အဝေးပြေးလမ်းမပေါ်တွင် ၁ ဂါလံ ၂၈ မိုင်ဟူသော အချက်များမှာလည်း မပြောင်းလဲ။
၂၀၂၅ မော်ဒယ် Honda Odyssey ၏ အဓိက ပြောင်းလဲမှုမှာ ဒီဇိုင်းပိုင်း ဖြစ်နိုင်သည်။
ရှေ့ပိုင်းတွင် ပြန်လည်ဆန်းသစ်ထားသော Grille သစ်နှင့် ပိုမိုကြီးမားသော နှင်းခွဲမီးကြီးကို သတိပြုမိနိုင်သည်။
နောက်ပိုင်းတွင်လည်း Acura NSX တို့တွင် တွေ့ရသော ရောင်ပြန်ပြားဒီဇိုင်းမျိုးကို တွေ့ရမည် ဖြစ်သည်။
ထို့အပြင် ကားဘီးအပိုင်းကိုလည်း အခြားမော်ဒယ်များနှင့် ကွဲပြားစေရန် ဒီဇိုင်းသစ်များ အသုံးပြုထားသည်။
ကားအတွင်းပိုင်းတွင် ယာဉ်မောင်းအတွက် ၇ လက်မ digital display သစ်တစ်ခု ပါဝင်လာပြီး အလယ်ဗဟိုတွင် ၉ လက်မ media touchscreen တစ်ခု ပါဝင်သည်။
Honda ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ အဆိုပါ media system တွင် Apple CarPlay နှင့် Android Auto တို့ အသုံးပြုနိုင်မည့် ပိုမိုမြန်ဆန်သော processor သစ်တစ်မျိုး အသုံးပြုထားကြောင်း ဖော်ပြသည်။
နောက်ခန်းတွင်လည်း ၁၂ ဒသမ ၈ လက်မရှိသော media screen တစ်ခုရှိပြီး HDMI input ရှိသည်။
၂၀၂၅ မော်ဒယ် Honda Odyssey ဈေးနှုန်းမှာ ကန်ဒေါ်လာ ၄၃၃၁၅ မှ စမည်ဖြစ်ရာ bottom line များတွင် ကန်ဒေါ်လာ ၃၆၈၀ ဈေးမြင့်သွားခြင်းလည်း ဖြစ်သည်။
ထိုသို့ ဈေးနှုန်းမြင့်မားသွားမှုမှာ Odyssey ၏ ရောင်းအားကို ထိခိုက်စေမည်ဟု သင်ယူဆပါသလား။
သင်၏ ထင်မြင်ချက်ကို မှတ်ချက်ရေးသားခဲ့ပါဦး။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: 2025 Honda Odyssey Minivan Price Bumps up to $43,315 (autoweek)