ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် ၁/၂၂ မှ အဆက်(၄)

  • 248 views

 

 

(၃) “ရပ်ရန်” ဆိုင်းဘုတ်ကို အောက်ခံအနီရောင်ပေါ်၌ ဘေးအနားသားများနှင့် “STOP” သို့မဟုတ် “ရပ်” စာသားကို အဖြူရောင်ဖြင့် ရေးဆွဲရမည်။

နှစ်ပေ (၆၁ စင်တီမီတာ) အတိုင်းအတာအောက်မငယ်သော အနားရှစ်ဖက်ရှိ အဋ္ဌဂံပုံ ဖြစ်ရမည်။

ယာဉ်ထိန်းမီးအချက်ပြနှင့် ကြီးကြပ်ထိန်းသိမ်းရန်တာဝန်ရှိသူ မရှိသော လမ်းဆုံလမ်းခွများတွင် ယာဉ်ကိုရပ်စေလိုပြီး လမ်းရှင်းမှဆက်လက်မောင်းနှင်စေလိုလျှင် “ရပ်ရန်” ဆိုင်းဘုတ်ကို အသုံးပြုရမည်။

 

 

 

သတ်မှတ်အမြန်နှုန်းဖြင့် မောင်းနှင်ခွင့်ပြုထားသည့်လမ်း၌ ယာဉ်မောင်းနှင်သူအား ကြိုတင်သတိပေးသည့် အနေဖြင့် “STOP” သို့မဟုတ် “ရပ်”ဟူသောအမိန့်ပေးချက်ကို လိုက်နာရမည့်နေရာသို့မရောက်မီ သင့်လျော်သော အကွာအဝေးမှ စတင်စိုက်ထူပြသနိုင်သည်။

ယာဉ်သွားလာမှုရှိသည် နောက်ဆက်တွဲ ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤဆိုင်းဘုတ်နေရာတွင် ရပ်ရမည်။ လမ်းရှင်းမှ ဆက်လက်မောင်းနှင်ရမည်။ (ပုံ - ၇၃၊ ၇၄)

 


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com