- ပင်မစာမျက်နှာ
- ကားသတင်းများ
- ရော့ခ်ဂန္ထဝင်ကြီး ရော့ဒ်စတီးဝပ် ၂၅ နှစ်ခန့် စီးခဲ့သော Lamborghini လေလံတင်ရောင်းချမည်
ရော့ခ်ဂန္ထဝင်ကြီး ရော့ဒ်စတီးဝပ် ၂၅ နှစ်ခန့် စီးခဲ့သော Lamborghini လေလံတင်ရောင်းချမည်
- 193 views
ဗြိတိန် ပေါ့ပ်ဂန္ထဝင်ကြီး ရော့ဒ်စတီးဝပ် ၂၅ နှစ်ခန့် ပိုင်ဆိုင်ခဲ့သော Lamborghini တစ်စင်း လေလံဈေးကွက် ဝင်လာသည်။
ရော့ဒ်စတီးဝပ်က ၁၉၇၇ ခုနှစ်ထုတ် Lamborghini ကို သြစတေးလျ ဂီတဖျော်ဖြေပွဲ ခရီးစဉ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ဂီတဖျော်ဖြေပွဲ ပြီးဆုံးချိန်တွင် အဆိုပါကားကို သင်္ဘောဖြင့်တင်ကာ လော့စ်အိန်ဂျလိရှိ သူ၏စံအိမ်သို့ သယ်ယူခဲ့သည်။
(လော့စ်အိန်ဂျလိတွင် ပြုလုပ်မည့်လေလံပွဲတွင် ရော့ဒ်စတီးဝပ်၏ vintage Lamborghini လေလံတင် ရောင်းချမည် ဖြစ်သည်။ ဓာတ်ပုံ-mediadrumimages)
(ဤကားကို ဗြိတိန်ပေါ့ပ်ကြယ်ပွင့် ရော့ဒ်စတီးဝပ်က ၂၅ နှစ်ခန့် ပိုင်ဆိုင်ခဲ့သည်။ ဓာတ်ပုံ-AP)
(ဆာဘွဲ့ရ အဆိုတော်ကြီး ရော့ဒ်စတီးဝပ်သည် ၁၉၇၀ ပြည့်လွန်ကာလများအတွင်း သြစတေးလျတွင် ဂီတဖျော်ဖြေပွဲသွားခဲ့စဉ် ဤ Lamborghini ကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ-mediadrumimages)
Lamborghini Countach စတင်ထုတ်လုပ်ပြီး ၃ နှစ်အကြာတွင် ရော့ဒ်စတီးဝပ်က အနီရဲရဲ တစ်စီး ဝယ်ယူခဲ့ ခြင်း ဖြစ်သည်။
Lamborghini ၏ ဖမ်းစားမှုကို အံမတုနိုင်ခဲ့သော ရော့ဒ်စတီးဝပ်သည် အမေရိကမှ ဗြိတိန်သို့ ပြန်လည် ပြောင်းရွှေ့နေထိုင်ခဲ့သောအခါတွင်လည်း ၎င်းနှင့်အတူ သယ်ယူလာခဲ့သည်။
ဆာရော့ဒ်စတီးဝပ်သည် ကားဝါသနာအိုးတစ်ဦးအဖြစ်လည်း လူသိများပြီး Luxury ကားများစွာ ဝယ်ယူ စုဆောင်းထားရာ အစင်း ၄၀၀ သာ ထုတ်လုပ်ထားသော Ferrari Enzos မော်ဒယ် တစ်စီးလည်း ပိုင်ဆိုင်ထားသည်။
ရော့ဒ်စတီးဝပ်က Lamborghini ကို ၂၅ နှစ်ပိုင်ဆိုင်ခဲ့ပြီးနောက် ၂၀၀၂ ခုနှစ်တွင် ပြန်လည်ရောင်းချခဲ့သည်။
ရော့ဒ်စတီးဝပ်က သူ၏ Lamborghini ကို ကယ်လီဖိုးနီးယားပြည်နယ်ရှိ Albert Madikian Engineering တွင် အထူး modified ပြန်လည်ပြုလုပ်ခဲ့သေးသည်။
ရော့ဒ်စတီးဝပ်ရောင်းချခဲ့ပြီးနောက်ပိုင်း အဆိုပါ Lamborghini မှာ လက်ဝဲမောင်းအဖြစ် ပြောင်းလဲခံရပြီး အမေရိကသို့ ပြန်လည်သယ်ယူခံရကာ ၂၀၂၂ ခုနှစ်တွင် အလုံးစုံ ပြန်လည်မွမ်းမံခြင်း ခံရသည်။
ရော့ဒ်စတီးဝပ်၏ Lamborghini Countach မှာ ၁၉၇၄ မှ ၁၉၇၈ ခုနှစ်အကြား အစင်းရေ ၁၅၀ သာ ကန့်သတ် ထုတ်လုပ်ခဲ့သော ရှားပါး Periscopio ဗားရှင်းဖြစ်သည်။
Bring A Trailer တွင် ဈေးကွက်တင်ခဲ့သော မှတ်တမ်းအရ Chassis 1120262 ကားသည် စက်ရုံမှ ယာမောင်းကားအနေဖြင့် ထွက်ရှိသွားခဲ့ပြီး အရောင်းရဆုံးဗြိတိန်အဆိုတော်ကြီး ရော့ဒ်စတီးဝပ်က သြစတေးလျ ဂီတဖျော်ဖြေပွဲခရီးစဉ်တွင် ဝယ်ယူသွားခဲ့ကြောင်း ဖော်ပြသည်။
(အစင်းရေ ၁၅၀ သာ ကန့်သတ်ထုတ်လုပ်ထားသော ရှားပါးမော်ဒယ်ဖြစ်သည်။ ဓာတ်ပုံ-mediadrumimages)
(ရော့ဒ်စတီးဝပ်သည် ကားဝါသနာအိုးအဖြစ်လည်း လူသိများပြီး Luxury ကားများစွာ ဝယ်ယူစုဆောင်း ထားသည်။ ဓာတ်ပုံ-News Group Newspaper Ltd)
(ရော့ဒ်စတီးဝပ်က အင်္ဂလန်နိုင်ငံ၊ အက်ဆက်ခရိုင်ရှိ နေအိမ်ဝန်းကျင် လမ်းချိုင့်ကျင်းများကြောင့် သူ၏ Ferrari များ ထိခိုက်ပျက်စီးမည့် အန္တရာယ်ရှိသောကြောင့် ကိုယ်တိုင်မြေဖို့ခဲ့သည်။ ဓာတ်ပုံ-Instagram)
(လက်ရှိအားဖြင့် ရော့ဒ်စတီးဝပ်၏ Lamborghini ကို ပေါင် ၄၀၀၀၀၀ ကျော် ဈေးပေးထားသူ ရှိသည်။ ဓာတ်ပုံ-mediadrumimages)
(ဆက်စပ်သတင်း)
သုဘရာဇာဘဝမှ ကမ္ဘာကျော် အဆိုတော်ကြီးဖြစ်လာသူ ရော့စတီးဝပ်
https://www.imyanmarhouse.com/news/read/497407
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Lamborghini owned by British pop star for 25 years goes up for auction at unbelievable price (thesun)
Photo Credit- mediadrumimages, AP, News Group Newspaper Ltd, Instagram