- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဗြိတိန်၏ ဈေးအကြီးဆုံး ဓာတ်ဆီဆိုင်များအကြောင်း။ ဈေးအကြီးဆုံးဆိုင်မှာ ဈေးအသက်သာဆုံးဆိုင် နှင့်ယှဉ်လျှင် ပေါင် ၁၂၀၀ ခန့်အထိ ဈေးများနေ
ဗြိတိန်၏ ဈေးအကြီးဆုံး ဓာတ်ဆီဆိုင်များအကြောင်း။ ဈေးအကြီးဆုံးဆိုင်မှာ ဈေးအသက်သာဆုံးဆိုင် နှင့်ယှဉ်လျှင် ပေါင် ၁၂၀၀ ခန့်အထိ ဈေးများနေ
- 233 views
ဗြိတိန်တွင် ဈေးအကြီးဆုံး ဓာတ်ဆီဆိုင်များအကြောင်း The Sun သတင်းဌာနက ထုတ်ဖော်ရေးသားလာသည်။
ဈေးအကြီးဆုံးဆိုင်ဆိုလျှင် ဈေးအသက်သာဆုံးဆိုင်နှင့် နှိုင်းယှဉ်ပါက ဆီဖိုး ပေါင် ၁၂၀၀ ခန့်အထိ ဈေးပိုပေးရ သည်ဟု ဆိုသည်။
အချို့သော ဗြိတ်ိန်သားတို့မှာ တစ်လီတာလျှင် ၁ ဒသမ ၇၇ ပေါင်နှင့်အထက် ပေးချေနေရရာ တစ်နိုင်ငံလုံး ပျှမ်းပျှဈေးဖြစ်သော ၁ ဒသမ ၅၀ ပေါင်ထက် များပြားနေသည်။
(အချို့သော ဗြိတိန်သားတို့မှာ တစ်နှစ်တာ ဆီဖိုး ပေါင် ၁၂၀၀ နှင့်အထက် ပိုမို ကုန်ကျနေသည်။)
(ဗြိတိန်၏ ဈေးအကြီးဆုံး ဓာတ်ဆီဆိုင်များစာရင်းကို The Sun သတင်းဌာနက ထုတ်ဖော်ရေးသားခဲ့သည်)
PetrolPrices ဝက်ဘ်ဆိုက်၏ သုတေသနအရ ဗြိတိန်တဝန်းရှိ ဓာတ်ဆီဆိုင်များတွင် ဈေးနှုန်းကွာခြားချက် ကြီးမားနေသည်ကို တွေ့ရှိခဲ့သည်။
ဝေါ်ဆက်စတာရှိုင်းယားခရိုင်၊ M5 လမ်းမကြီးပေါ်ရှိ Strensham Services ဓာတ်ဆီဆိုင်မှာ ဈေးအကြီးဆုံးဆိုင် အဖြစ် ရပ်တည်နေသည်။
ထိုဆိုင်တွင် ၅၅ လီတာ ကားတစ်စီး၏ ပျှမ်းမျှဆီဖိုးမှာ ၉၇ ဒသမ ၄၆ ပေါင်အထိ တောင်းခံသည်။
တစ်လီတာလျှင် ၁ ဒသမ ၇၇ ပေါင်အထိ ကျသင့်နေခြင်း ဖြစ်သည်။
မြောက်ယော့ခ်ရှိုင်းယားခရိုင်၊ Whitby မြို့ရှိ George Harrison Services ဓာတ်ဆီဆိုင်တွင်ဆိုလျှင် ဆီကန် အပြည့်ကို ၇၄ ဒသမ ၅၈ ပေါင်သာ ပေးရသည်။
ထို့ကြောင့် Strensham ဆိုင်တွင် ဆီဖြည့်သူများမှာ တစ်နှစ်လျှင် ဆီဖိုး ပေါင် ၁၇၀၀ ခန့် ပိုမိုကုန်ကျနေသည်။
M6 လမ်းမကြီးပေါ်ရှိ Stafford Services ဆီဆိုင်မှာ ဗြိတိန်တွင် ၉၅ ဒသမ ၈၁ ပေါင်ဖြင့် ဒုတိယဈေးအကြီးဆုံး ဆိုင်အဖြစ်လည်းကောင်း၊ M 54 လမ်းမကြီးပေါ်မှ Telford Services ဆိုင်မှာ ၉၅ ဒသမ ၄၈ ပေါင်ဖြင့် တတိယ နေရာတွင်လည်းကောင်း ရပ်တည်နေသည်။
၎င်းတို့၏နောက်တွင် M11 လမ်းမှ Bichange Green, M40 လမ်းမှ Cherwell Valley တို့ ရပ်တည်နေသည်။
အခြားတဘက်တွင် Blakenhall နှင့် Witton Road တို့ကဲ့သို့ ဆီဆိုင်များမှာ ၇၅ ပေါင်ခန့်သာ ကျသင့်သည်။
ထို့ကြောင့် တစ်လီတာလျှင် ၁ ဒသမ ၃၆ ပေါင်ခန့်သာ ကျသင့်ခြင်း ဖြစ်သည်။
“ယှဉ်ပြိုင်မှုနှင့် ဈေးကွက်များ အာဏာပိုင်အဖွဲ့” က ဗြိတိန်တွင် ဈေးနှုန်း ဖောင်းပွမှု အလားအလာအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေချိန်တွင် ယခုကဲ့သို့ ဈေးအြ
ကီးဆုံး ဆီဆိုင်များစာရင်းပေါ်ထွက်လာခြင်း ဖြစ်သည်။
ဆီဆိုင်လည်ပတ်လုပ်ကိုင်သူတို့သည် Profit margin ပိုမိုကြီးမားစေရန်အတွက် လက်ကားဈေးနှုန်းထက် များစွာဈေးတင်ကာ ရောင်းချနေပြီး ဆီဈေးကျဆင်းနေချိန်တွင် ဈေးလျှော့ပေးရန် နှေးကွေးနေကြကြောင်း ဗြိတိန် ကားအသင်းအဖွဲ့များက စွပ်စွဲထားသည်။
ဗြိတိန်တွင် ပါဝင်သော နိုင်ငံ ၄ ခုအနက် မြောက်အိုင်ယာလန်မှာ ပျှမ်းမျှဆီဈေး ဈေးအသက်သာဆုံး ဖြစ်သည်။
((ဗြိတိန်ရှိ ဈေးအကြီးဆုံး ဓာတ်ဆီဆိုင်များ))
(၅၅ လီတာ ဆီတစ်တိုင်ကီစာ ဈေးနှုန်းများဖြစ်)
1.M5 Strensham Motorway Service Area (MSA) Northbound - £97.46
2.M6 Stafford MSA Southbound - £95.81
3.M54 Telford Welcome Break MSA - £95.48
4.M11 Birchanger Green Welcome Break MSA - £95.48
5.M40 Cherwell Valley MSA - £95.37
6.M1 Watford Gap Connect MSA Northbound - £95.1
7.M1 Northampton Connect MSA Northbound - £95.1
8.M1 Northampton Connect MSA Southbound - £95.1
9.M1 Watford Gap Connect MSA Southbound - £95.1
10.M1 Markham Vale MSA - £95.04
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: UK’s most expensive petrol stations revealed with drivers paying £1,200 MORE to fill up – is your local overpriced? (thesun)