- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်တွင် မောင်းသူမဲ့ တက္ကစီများ ပြေးဆွဲခွင့်ပြုလိုက်ရာ အငှားယာဉ်မောင်းများမှာ အလုပ်လက်မဲ့ ဖြစ်မည့်အရေး ရတက်မအေး ဖြစ်လာကြ
တရုတ်ပြည်တွင် မောင်းသူမဲ့ တက္ကစီများ ပြေးဆွဲခွင့်ပြုလိုက်ရာ အငှားယာဉ်မောင်းများမှာ အလုပ်လက်မဲ့ ဖြစ်မည့်အရေး ရတက်မအေး ဖြစ်လာကြ
- 161 views
တရုတ်ပြည်တွင် အဆင့်မြင့် မောင်းသူမဲ့စနစ်မှာ သုံးစွဲသူများပြားလာသည်နှင့်အမျှ ပေကျင်းမြို့ အုပ်ချုပ်ရေး အဖွဲ့က အငှားကားများတွင် မောင်းသူမဲ့စနစ်ကို အသုံးပြုရန် ကူညီပံ့ပိုးမှုများ ပြုလုပ်လာသည်။
ပေကျင်း မြူနီစပယ် စီးပွားရေးနှင့် သတင်းအချက်အလက်နည်းပညာဗျူရိုမှ ထုတ်ပြန်ခဲ့သော လမ်းညွှန်ချက်များ အရ မောင်းသူမဲ့ယာဉ်များတွင် ယာဉ်မောင်း (သို့မဟုတ်) ဘေးကင်းလုံခြုံရေး ဝန်ထမ်းများ ရှိသင့်ကြောင်း၊ ထိုသို့မဟုတ်ပါက အဝေးမှ ကြားဖြတ်ထိန်းချုပ်နိုင်စွမ်း ရှိရမည်ဖြစ်ကြောင်း၊ လမ်းစည်းကမ်း ဖောက်ဖျက်မှုများ ကို ဒေသတွင်း ဥပဒေ လုပ်ထုံးလုပ်နည်းများဖြင့် မကိုင်တွယ်သင့်ကြောင်း ဖော်ပြထားသည်။
အများပြည်သူအား အကြံပြုချက်ပေးရန်လည်း ဖိတ်ခေါ်ထားသည်။
တရုတ်ပြည်မှ အခြားမြို့ကြီးများတွင်မူ မောင်းသူမဲ့ အငှားကားများ (Robotaxis) အပေါ် ဝေဖန်မှုများစွာ ရှိနေသည်။
ဝူဟန်မြို့ရှိ Baidu Inc ၏ Apollo ကုမ္ပဏီခွဲတွင် မောင်းသူမဲ့ အငှားယာဉ်ပေါင်း ၁၀၀၀ ကျော်ရှိရာ ယာဉ်မောင်းများအကြား အလုပ်လက်မဲ့ဖြစ်မည့်အရေး ရတက်မအေး ဖြစ်နေကြသည်။
မောင်းသူမဲ့အငှားယာဉ်များမှာ သမားရိုးကျ အငှားယာဉ်များအောက် ယာဉ်စီးခ သက်သာလေ့ရှိသည်။
ဒေသခံများနှင့် အငှားယာဉ်မောင်းတို့၏ ဝေဖန်မှုများရှိနေသော်လည်း မောင်းသူမဲ့ယာဉ်များကို အားပေးသော customer များ လျင်မြန်စွာ များပြားလာနေသည်။
ယာဉ်ကြောပိတ်ဆို့မှုနှင့် ပတ်သက်ပြီး ဒေသခံတို့အကြား စောဒကတက်မှုများလည်း ရှိသည်။
မကြာသေးမီက ယာဉ်တိုက်မှုတစ်ခုတွင် မောင်းသူမဲ့ယာဉ်တစ်စီးပါဝင်ခဲ့ရာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
လူဦးရေ ၁၃ ဒသမ ၇ သန်းရှိသော ဝူဟန်မြို့တွင် Apollo Go မောင်းသူမဲ့အငှားယာဉ် ဝန်ဆောင်မှုကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် စတင်ခဲ့ပြီး မြို့သူမြို့သားများအကြား အလွန်ကျော်ကြားခဲ့သည်။
ဒေသခံ အငှားယာဉ်မောင်းတို့ကမူ မောင်းသူမဲ့ယာဉ်များ အကန့်အသတ်ဖြင့်သာ အသုံးပြုရန် ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ထံ အသနားခံထားကြသည်။
Tesla က လာမည့် သြဂုတ်လ ၈ ရက်တွင် မောင်းသူမဲ့ robotaxi များ ဖြန့်ချိရန် စီစဉ်နေချိန်တွင် ပေကျင်း အုပ်ချုပ်ရေးအဖွဲ့က ယခုကဲ့သို့ မောင်းသူမဲ့ အငှားယာဉ်များ ပြေးဆွဲခွင့်ပေးလိုက်ခြင်းလည်း ဖြစ်သည်။
Tesla ၏ စီအီးအို Elon Musk သည် တရုတ်ပြည်သို့ ယခုနှစ်ဧပြီလအတွင်း ကြိုတင်ကြေညာထားခြင်းမရှိဘဲ ရုတ်တရက် သွားရောက်ခဲ့ရာ တရုတ်အာဏာပိုင်တို့က Tesla ၏ အဆင့်မြင့်မောင်းသူမဲ့စနစ်ကို ကမ္ဘာ့ အကြီးမားဆုံး ကားဈေးကွက်ဖြစ်သော တရုတ်ပြည်တွင် အသုံးပြုရန် ခွင့်ပြုချက်ပေးခဲ့သည်။
တရုတ်အစိုးရအနေဖြင့် မောင်းသူမဲ့ယာဉ်များနှင့်စပ်လျဉ်းသည့် ဥပဒေစည်းမျဉ်းများ အတည်ပြုပြီးပါက Tesla ၏ မောင်းသူမဲ့ကားများကို qualified operator အဖြစ် သတ်မှတ်ရွေးချယ်ခြင်း ရှိမရှိကိုမူ မသိရသေးချေ။
ယခုလ အစောပိုင်းတွင် Tesla ၏ တရုတ်ပြည်တွင် ထုတ်လုပ်သော ကားများကို ပြည်နယ်အစိုးရ၏ ဝယ်ယူမည့် စာရင်းတွင် ထည့်သွင်းခံခဲ့ရရာ ကွန်မြူနစ်ပါတီဝင်လုပ်သားများအနေဖြင့် Tesla ကားများကို ရုံးသုံးအဖြစ် ပထမဆုံးအကြိမ် တရားဝင် ဝယ်ယူခွင့် ရရှိလာခြင်းလည်း ဖြစ်သည်။
ပေကျင်းအစိုးရက Tesla အပေါ် ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်ပြီး ကာလကြာရှည်စိုးရိမ်ခဲ့မှုများ ကွယ်ပျောက် သွားသည့်သဘောလည်း ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: China Allows Robotaxis Without Operators in Shanghai (wallstreetjournal, bangkokpost)