ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် ၁/၂၂ မှ အဆက် (၃)

  • 248 views

 


(၂) “ဆုံမည့်ယာဉ်ကြောအား ဦးစားပေးရန်လမ်း” ဆိုင်းဘုတ်ကို အောက်ခံအဖြူရောင်ပေါ်၌ ဘေးအနားသား အနီရောင်စက်ဝိုင်းပုံတွင် ဦးစားပေးခံရသည့် ယာဉ်ကြောအား အနက်ရောင်မြားပုံဖြင့်လည်းကောင်း၊ ဦးစားပေး မခံရသည့် တစ်ဖက်ယာဉ်ကြောအား အနီရောင်မြားပုံဖြင့်လည်းကောင်း ဖော်ပြရမည်။

ဤဆိုင်းဘုတ်ကို ဦးစားပေးမခံရသည့် ယာဉ်ကြောဘက်သို့မျက်နှာမူ၍ စိုက်ထူရမည်။

 

 

 

ဤဆိုင်းဘုတ်ကို သာမန်အားဖြင့် ယာဉ်သွားလာမှုကို ကန့်သတ်ရန်လိုအပ်သည့် လမ်းကျဉ်းများ၊ ယာဉ်ထိန်းမီးအချက်ပြ တပ်ဆင်ခြင်းမရှိသည့် ယာဉ်နှစ်စီးမောင်းနှင်ရန်ခက်ခဲသော လမ်းကျဉ်းများတွင် စိုက်ထူရမည်။

ဤဆိုင်းဘုတ်အား စိုက်ထူထားသော လမ်းပိုင်းတွင် ဦးစားပေးမခံရသည့်ယာဉ်ကြောမှ မောင်းနှင်လာသည့်ယာဉ်မောင်းနှင်သူများအနေဖြင့် ဦးစားပေးခံရသည့် ယာဉ်ကြောမှယာဉ်များကို ဦးစားပေးရန် ဆိုင်းဘုတ်နေရာတွင်ရပ်ပြီး လမ်းရှင်းမှ ဆက်လက်မောင်းနှင်ရမည်။ (ပုံ-၇၂)

 


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com