- ပင်မစာမျက်နှာ
- ကားသတင်းများ
- အိန္ဒိယဘီလျံနာသူဌေးကြီး အာနန်း ပီရာမယ်က ယောက်ဖဖြစ်သူ၏ အကြိုမင်္ဂလာ ညစာအတွက် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ်ကြီးများထဲတွင် ပါဝင်သော Antilia စံအိမ်သို့ Toyota Camry ကားလေးဖြင့် ရောက်ရှိလာရာ သူ၏ ရိုးရှင်းစွာ နေထိုင်တတ်မှုအပေါ် လူအများက ချီးကျူး
အိန္ဒိယဘီလျံနာသူဌေးကြီး အာနန်း ပီရာမယ်က ယောက်ဖဖြစ်သူ၏ အကြိုမင်္ဂလာ ညစာအတွက် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ်ကြီးများထဲတွင် ပါဝင်သော Antilia စံအိမ်သို့ Toyota Camry ကားလေးဖြင့် ရောက်ရှိလာရာ သူ၏ ရိုးရှင်းစွာ နေထိုင်တတ်မှုအပေါ် လူအများက ချီးကျူး
- 305 views
အိန္ဒိယဘီလျံနာသူဌေးကြီး အာနန်း ပီရာမယ်က ယောက်ဖဖြစ်သူ၏ အကြိုမင်္ဂလာ ညစာပွဲသို့ Toyota Camry ကားလေးဖြင့် ရောက်ရှိလာခဲ့ရာ လူမှုကွန်ရက်တွင် လူအများ၏ ချီးကျူးမှု ခံရလျက်ရှိသည်။
ညစာစားပွဲသို့ ရောက်ရှိလာသော Maybach နှင့် Rolls-Royce ကားများအကြား ပီရာမယ်၏ Toyota Camry မှာ ရူပီး သိန်း ၆၀ အောက်သာ တန်ကြေးရှိရာ ပလွှားမှုမရှိသော ဘီလျံနာဟု ချီးကျူးခံနေရသည်။
(Antilia စံအိမ်ကြီးသို့ အာနန်း ပီရာမယ် Toyota Camry တစ်စီးဖြင့် ရောက်ရှိလာပုံ။ ဓာတ်ပုံ-Instagram/ @varindertchawla)
အာနန်းပီရာမယ်သည် အိန္ဒိယ၏ အချမ်းသာဆုံး သူဌေးကြီး မူကက်ရှ်အမ်ဘာနီ၏ သမီးဖြစ်သူ အီရှာအမ်ဘာနီ နှင့် လက်ထပ်ထားသူ ဖြစ်သည်။
Bloomberg ဘီလျံနာညွှန်းကိန်းတွင် ဖော်ပြချက်အရ မူကက်ရှ်အမ်ဘာနီ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၁၉ ဘီလီယံ ရှိသည်။
အာနန်းပီရာမယ်သည်လည်း Pirmal Group ၏ မျိုးဆက်ဖြစ်ပြီး ချမ်းသာကြွယ်ဝသူ ဖြစ်သည်။
သူ၏ ဖခင် အဂျေးပီရာမယ်မှာ ကန်ဒေါ်လာ ၃ ဘီလီယံကျော် ချမ်းသာကြွယ်ဝသည်ဟု ခန့်မှန်းရသည်။
အမ်ဘာနီမိသားစုသည် သားဖြစ်သူ အာနန့် အမ်ဘာနီနှင့် ရာဒီကာမားချန့်တို့၏ အကြိုမင်္ဂလာပွဲ အထိမ်းအမှတ် အဖြစ် မွမ်ဘိုင်းမြို့ရှိ နန်းတော်သမျှ ခမ်းနားလှသော Antilia စံအိမ်ကြီးတွင် ညစာစားပွဲ ဧည့်ခံကျွေးမွေးခဲ့သည်။
အာနန်းပီရာမယ်သည် Antilia စံအိမ်ကြီးသို့ Toyota Camry ဖြင့် ရောက်ရှိလာပုံကို ဗွီဒီယိုဖိုင်တစ်ခုတွင် တွေ့ရသည်။
(သူဌေးကြီး အာနန်း ပီရာမယ် ကို ဇနီးဖြစ်သူ အီရှာအမ်ဘာနီ နှင့်အတူ တွေ့ရစဉ်)
ပီရာမယ်ကို ထိုကားဖြင့် ယခင်ကလည်း မကြာခဏ တွေ့ခဲ့ရဖူးသည်။
လူမှုကွန်ရက်တွင် မှတ်ချက်ပြုသူတစ်ဦးက “Toyota ကားနဲ့ပဲ။ ရိုးရှင်းလိုက်တာ”ဟု လူမှုကွန်ရက် အသုံးပြုသူ တစ်ဦးက အသဲပုံ Emoji နှင့်အတူ မှတ်ချက်ပေးသည်။
“Toyota ကား၊ သာမန်ဝတ်စုံနဲ့ ညှပ်ဖိနပ်တွေ။ တကယ့်ရိုးရှင်းတဲ့လူပဲ”ဟု အခြားတစ်ဦးက လက်ခုပ်တီးနေပုံ Emoji နှင့်အတူ မှတ်ချက်ပြုသည်။
တတိယတစ်ဦးကလည်း “အမ်ဘာနီ အသိုင်းအဝိုင်းက ပိုင်တဲ့ကားတွေထဲမှာ ငါတတ်နိုင်တာဆိုလို့ ဒီတစ်မျိုးပဲ ရှိတယ်”ဟု မှတ်ချက်ပြုသည်။
အခြားလူမှုကွန်ရက်အသုံးပြုသူ များစွာတို့ကလည်း ပီယာမယ်၏ ဗွီဒီယိုဖိုင်အောက်တွင် အလွန်ရိုးရှင်းလှ ကြောင်း မှတ်ချက်များ ပေးကြသည်။
Toyota Camry ၏ ဈေးနှုန်းမှာ အိန္ဒိယတွင် ရူပီး ၄၆ ဒသမ ၁၇ သိန်း မှ စသည်။
ပြီးခဲ့သောနှစ်အတွင်း အာနန်းပီရမယ်နှင့် အီရှာအမ်ဘာနီတို့စုံတွဲကို Toyota Camry ဖြင့် မကြာခဏ တွေ့ခဲ့ရ သည်။
အကြိုမင်္ဂလာ ညစာစားပွဲသို့ ဟိန္ဒူအမျိုးသားရေး အပျော်တမ်း ပြည်သူ့စစ်အဖွဲ့ (RSS) အကြီးအကဲ Mohan Bhagwat လည်း တက်ရောက်ခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Billionaire Anand Piramal arrives at Antilia in Toyota Camry. People praise his ‘simplicity’
(hindustantimes)
Photo Credit- Instagram/ @varindertchawla