• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Alfa Romeo တို့သည် စိတ်ချယုံကြည်ရခြင်းမရှိဟု နာမည်ကြီးသော်လည်း အမေရိကန်ရှိ ကားသင်္ချိုင်းများတွင် တွေ့ရလိမ့်မည်ဟု သင့်အနေဖြင့် မျှော်လင့်ထားမည် မဟုတ်ချေ။

Alfa Romeo တို့သည် စိတ်ချယုံကြည်ရခြင်းမရှိဟု နာမည်ကြီးသော်လည်း အမေရိကန်ရှိ ကားသင်္ချိုင်းများတွင် တွေ့ရလိမ့်မည်ဟု သင့်အနေဖြင့် မျှော်လင့်ထားမည် မဟုတ်ချေ။

  • 123 views

Alfa များ ဈေးကွက်တွင် မတွေ့ရသည်မှာ ကာလကြာမြင့်ခဲ့ပြီဖြစ်သည်။

သို့သော် ယခုအခါ အမေရိကန်ပြည်ရှိ ကားဟောင်းများထားသိုသော နေရာတစ်ခုတွင် Alfa များဖြင့် ပြည့်နှက် နေသည်။

မီချီဂန်ပြည်နယ်၊ Sterling Heights မြို့ရှိ US Auto Supply ကုမ္ပဏီ၏ ခြံဝန်းအတွင်း Alfa များ တွေ့ရခြင်း ဖြစ်သည်။

ထိုကုမ္ပဏီက မကြာသေးမီက ထုတ်ပြန်ခဲ့သော ဓာတ်ပုံများအရ Alfa Romeo ဂန္ထဝင်ကား ၂ ဒါဇင်ခန့်ကို အစီအရီ တွေ့ရသည်။

ကားများမှာ ဟောင်းနွမ်းပျက်စီးမှု အခြေအနေ အမျိုးမျိုးရှိပြီး တစ်စီးနှင့် တစ်စီး ပျက်စီးမှု အခြေအနေမတူချေ။

အချို့ကားများမှာ ကားပုံစံမပျက်ရှိပြီး အချို့မှာမူ တိုက်ကြေ ကားများ ဖြစ်ကြသည်။

ထိုကားများမှာ ပြန်လည်ပြင်ဆင်၍ မရနိုင်သော ကားများဖြစ်ပြီး အစိတ်အပိုင်းများ ဖြုတ်ယူအသုံးပြုရမည့် ကားများသာ ဖြစ်သည်။

(ကားဟောင်းများ ထိန်းသိမ်းထားသော နေရာတစ်ခုတွင် Alfa Romeo များစွာ တွေ့ရသည်)

 

(ဂန္ထဝင် Alfa Romeo များ)

 

(ဂန္ထဝင် Alfa Romeo များ)

 

ဓာတ်ပုံများတွင် တွေ့မြင်ရမှုအရ ကားများ၏ အသေးစိတ်အချက်အလက်များကိုမူ မသိရချေ။

သို့သော် Spider ပြိုင်ကားများ၊ ဆီဒင် ၁၆၄ စင်းနှင့် အနည်းဆုံး Alfetta တစ်စင်းခန့် ပါဝင်ကြောင်းကိုမူ သိရသည်။

ထို့အပြင် Giulia TI တစ်စင်းလည်း ပါဝင်ကြောင်း ထိုကားများအကြောင်း ကောင်းစွာသိရှိထားသူ၊ တချိန်က ထိုကားတို့၏ ပိုင်ရှင် Dean Russell ၏ ပြောပြချက်အရ သိရသည်။

Russell သည် ထိုဒေသတွင် Alfa များသာ အထူးပြုသည့် Trail Auto အမည်ရှိ ဆိုင်တစ်ဆိုင် ဖွင့်ခဲ့သူ ဖြစ်သည်။

ယခုကားများကို သူ၏ ဆိုင်တွင် ထားရှိ သိုလှောင်ခဲ့သည်။ 

နောက်ပိုင်းတွင် Alfa ကားများနှင့်စပ်လျဉ်းပြီး မြို့အုပ်ချုပ်ရေးအဖွဲ့နှင့် အခြေအတင်ဖြစ်ခဲ့ရသည်။

 

ဇုန်နယ်စည်းမျဉ်းနှင့် မကိုက်ညီကြောင်း တရားရုံးက အမိန့်ချမှတ်ခဲ့သည့်အတွက် Alfa များကို အခြားနေရာသို့ ပို့လိုက်ရကြောင်း Russell က ပြောသည်။

သို့သော်  Russell သည် ကားများ၏ အမည်ပေါက်ရှိနေဆဲဖြစ်ပြီး ပြန်လည်ရယူရန်လည်း စီစဉ်ထားသည်။

မည်သို့မည်ပုံဖြစ်ပျက်ခဲ့သည့် အသေးစိတ်အခြေအနေများကို ပြောပြရန်မူ Russell က ငြင်းဆိုထားသည်။

ထိုကားများနှင့် ပတ်သက်ပြီး မိမိထံ ဖုန်းဆက်သွယ်မေးမြန်းမှု များစွာရှိနေကြောင်း ၎င်းက ပြောသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Man’s Collection of Old Alfa Romeos Forcibly Scrapped After Battle With City (autos)