- ပင်မစာမျက်နှာ
- ကားသတင်းများ
- Pink Floyd အဖွဲ့ကြီးမှ Drummer ဖြစ်သူ Nick Mason က Ferrari 250 GTO ကို ယနေ့ခေတ် Honda Civic တစ်စင်းဈေးနှုန်းဖြင့် ဝယ်ယူခဲ့မှု
Pink Floyd အဖွဲ့ကြီးမှ Drummer ဖြစ်သူ Nick Mason က Ferrari 250 GTO ကို ယနေ့ခေတ် Honda Civic တစ်စင်းဈေးနှုန်းဖြင့် ဝယ်ယူခဲ့မှု
- 285 views
Pink Floyd အဖွဲ့ကြီး၏ တေးသီချင်းအချို့ကို မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုကြဖူးသည်။
Two Suns In The Sunset သီချင်းကို ကျော်ဟိန်းက စိတ်တစ်ခု ဖွားမြင်ခြင်း၊ Eclipse ကို Big Bag က Roses are red ဟူ၍လည်းကောင်း ပြန်လည်သီဆိုခဲ့ကြဖူးသည်။
ထို့အပြင် ကျော်ဟိန်း၏ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကိုဖြတ်မည် ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်တေး အားလုံးသည် Pink Floyd ၏ သီချင်းများချည်းဖြစ်သည်။
ကျော်ဟိန်း၊ လေးဖြူ၊ ဇော်ဝင်းထွဋ်၊ ထူးအိမ်သင်တို့က သီဆိုခဲ့ကြပြီး တီးခတ်သည့်အဖွဲ့မှာ ဂီတမှူး ဇော်မျိုးထွဋ်နှင့်အဖွဲ့ဖြစ်ကာ Studio D တွင် အသံဖမ်းခဲ့ကြခြင်း ဖြစ်သည်။
Pink Floyd ဟူသော အသံကို ကြားလျှင် ခေါင်းထဲ၌ ပထမဆုံး မည်သည့်အရာပေါ်လာသနည်းဟု ဂီတပရိသတ်များကို မေးကြည့်မည်ဆိုပါက Pink Floyd ၏ အကောင်းဆုံးတေးအယ်လ်ဘမ်များတွင် တစ်ခုအပါအဝင်ဖြစ်သော The Dark Side of the Moon ဖြစ်ဖွယ်ရှိသည်။
ကားဝါသနာအိုးတစ်ဦးကို မေးလျှင်မူ Ferrari 250 GTO ဟု ဖြေကြားဖွယ်ရှိသည်။
ထိုကားမှာ Pink Floyd ကို တည်ထောင်သူ၊ drummer ဖြစ်သော Nick Mason နှင့် ပတ်သက်နေသည်။
Nick Mason သည် ကမ္ဘာ့ဈေးအကြီးဆုံး Ferrari မောင်းနှင်ရန် အခွင့်အရေးကို လက်လွတ်မခံခဲ့ချေ။
Nick Mason သည် Ferrari 250 GTO ဖြင့် ကားမောင်းပြိုင်ခြင်း၊ စီတန်းမောင်းနှင်ခြင်းများပြုလုပ်ခဲ့သည့်အပြင် အင်္ဂလန်နိုင်ငံတွင် ကျင်းပသော Goodwood ကားပွဲတော်တွင်လည်း နှစ်တိုင်းနီးပါး ဝင်ရောက်ပြသခြင်းများ ပြုလုပ်ခဲ့သည်။
(Pink Floyd အဖွဲ့သားများကို တွေ့ရပုံ။ ဓာတ်ပုံ-Via Facebook/ @Nick Mason-Official)
Nick Mason သည် ကားဝါသနာပါသူတစ်ဦးဖြစ်ပြီး သူ၏ ကားဂိုဒေါင်တွင် အများအားကျဖွယ် ကားများစွာ စုဆောင်းထားသည်။
Ferrari 250 GTO ကို ၁၉၇၇ ခုနှစ်အတွင်း ပေါင် ၃၅,၀၀၀ မှ ၄၄,၀၀၀ ကြားဖြင့် ဝယ်ယူခဲ့သည်။
Nick Mason သည် အဆိုပါကားကို The Dark Side of The Moon တေးအယ်လ်ဘမ် ထုတ်လုပ်ရာမှ ရရှိလာသောငွေဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ထိုငွေပမာဏမှာ ယနေ့ခေတ်တွင်ဆိုလျှင် ၂၀၂၄ ခုနှစ်ထုတ် Honda Civic Type R သာ ဝယ်ယူနိုင်မည့် ပမာဏဖြစ်သော်လည်း ငွေကြေးဖောင်းပွမှုကို ထည့်သွင်းတွက်ချက်ကြည့်ရမည် ဖြစ်သည်။
Ferrari 250 GTO ကို ၁၉၆၂ ခုနှစ်တွင် စတင်ဖြန့်ချိခဲ့စဉ်က ဒေါ်လာ ၁၈,၀၀၀ ဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။
ယနေ့ခေတ်တန်ဖိုးဖြင့်ဆိုလျှင် ကန်ဒေါ်လာ ၁၈၇,၀၀၀ ခန့် ရှိသည်။
(Ferrari 250 GT Berlinetta passo corto -၁၉၅၉ ခုနှစ်။ ဓာတ်ပုံ-Ferrari)
Ferrari 250 GT သည် အထွတ်အထိပ်ကာလများအတွင်း ပြိုင်ပွဲပေါင်း ၃၀၀ ကျော် နိုင်ခဲ့ဖူးသော်လည်း ပြိုင်ကားလောကမှာ ဖွံ့ဖြိုးတိုးတက်လာပြီး အခြားကားများက နေရာယူလာကြသည်။
(ဓာတ်ပုံ-Ferrari magazine)
(ဆက်စပ်သတင်း)
Pink Floyd အဖွဲ့မှ ရော့ခ်ကြယ်ပွင့် ဒေးဗစ် ဂေးလ်မောရ်၏ သရဲခြောက်သော စွန့်ပစ်ခံနေအိမ်ကြီး
https://www.imyanmarhouse.com/news/read/1046401
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: In a deal that now seems almost mythical, Pink Floyd’s drummer, Nick Mason, bought the Ferrari 250 GTO, now the world’s priciest Ferrari, for the price of a Honda Civic today (luxurylaunches)
Photo Credit- Ferrari magazine, Ferrari, Via Facebook / @Nick Mason (Official)