• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • တကမ္ဘာလုံးကို နာရီ ၉၀ အတွင်း တစ်ပတ်ပတ်နိုင်မည်ဖြစ်ပြီး လကမ္ဘာသို့ ၃၆ ရက်အတွင်း ရောက်နိုင်သည့် မြင်းကောင်ရေ ၁၈၀၀ အားရှိသော ဒေါ်လာ ၄ သန်းတန် Bugatti ထုတ် နောက်ဆုံးပေါ် Hybrid ပြိုင်ကား

တကမ္ဘာလုံးကို နာရီ ၉၀ အတွင်း တစ်ပတ်ပတ်နိုင်မည်ဖြစ်ပြီး လကမ္ဘာသို့ ၃၆ ရက်အတွင်း ရောက်နိုင်သည့် မြင်းကောင်ရေ ၁၈၀၀ အားရှိသော ဒေါ်လာ ၄ သန်းတန် Bugatti ထုတ် နောက်ဆုံးပေါ် Hybrid ပြိုင်ကား

  • 340 views

Bugatti ၏ နောက်ဆုံးပေါ် ပြိုင်ကားကို စောင့်မျှော်နေရသည့် ကာလ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

နှစ်ပေါင်းရာချီ သက်တမ်းရှိပြီဖြစ်သော ပြင်သစ် ကားထုတ်လုပ်သူ Bugatti သည် ၎င်း၏ နောက်ဆုံးပေါ် ပြိုင်ကားကို ချပြကာ သမိုင်းစာမျက်နှာသစ်တစ်ခု ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ပြိုင်ကားမော်ဒယ်များကို အထင်ကရ ကားမောင်းသမားတို့၏ အမည်များ ပေးနေသည့် ထုံးစံကို စွန့်လွှတ်လိုက် ကာ Bugatti က ၎င်း၏ နောက်ဆုံးပေါ် ပြိုင်ကားကို သမားရိုးကျ မဟုတ်သည့် နာမည်တစ်ခု ပေးလာသည်။

 

ဒေါ်လာ သန်းဂဏန်း တန်ကြေးရှိသော နောက်ဆုံးပေါ်ကားကို Tourbillon ဟု အမည်ပေးထားသည်။

ထိုနာမည်သည် ကမ္ဘာမြေ၏ ဆွဲအားကို အန်တုနိုင်စွမ်းရှိသည့် တန်ဖိုးကြီး စက်ယန္တရားစနစ်ကို အစွဲပြုကာအမည်ပေးထားခြင်း ဖြစ်သည်။

Bugatti ၏ Tourbillon တွင် ထူးခြားမှု များစွာ ရှိနေသည်။

ပထမဆုံး Bugatti မော်ဒယ်ကို ခရိုအေးရှားလုပ်ငန်းရှင် Mate Rimac ၏ ဦးဆောင်မှုအောက်တွင် ထုတ်လုပ်ခဲ့ ခြင်း ဖြစ်သည်။


((Bugatti Tourbillon နှင့် စပ်လျဉ်းပြီး သိသင့်သောအချက်များ)) 

((မြင်ဖူးသလို ရှိမည်ဖြစ်သော်လည်း အထူးထုတ်လုပ်ထားခြင်းဖြစ်))

Bugatti Tourbillon ကို ရုတ်တရက်ကြည့်လိုက်လျှင် Chiron ၏ မျိုးကွဲဟု မှတ်ထင်စရာ ရှိသည်။

သို့သော် Bugatti Tourbillon မှာ တစ်စင်းလုံး အထူးထုတ်လုပ်ထားခြင်းဖြစ်ပြီး Chiron (သို့မဟုတ်) ၎င်း၏ မည်သည့်မျိုးကွဲနှင့်မဆို ပစ္စည်းအစိတ်အပိုင်း တစ်ခုတစ်လေမျှပင် တူညီခြင်း မရှိချေ။

 

 

((Hybrid Powertrain အသစ်))

ဤကားတွင် Bugatti က ၎င်း၏ ပြိုင်ကားအားလုံးတွင် အသုံးပြုခဲ့သော quad-turbocharged 8.0-liter W16 အင်ဂျင်ကို အသုံးမပြုဘဲ 8.3-liter V16 အင်ဂျင်ကို အသုံးပြုထားသည်။

V16 အင်ဂျင်မှာ RPM 9000 အထက်ရှိပြီး မြင်းကောင်ရေ ၉၈၆ အားထွက်ကာ ရုန်းအား ၆၆၄ Pound-feet ရှိသည်။
Combustion အင်ဂျင်ကို လျှပ်စစ်မော်တာ ၃ လုံးဖြင့် အထောက်အပံ့ပေးထားသည်။

၂ လုံးမှာ ရှေ့ဝန်ရိုးတွင်ရှိပြီး တစ်လုံးမှာ နောက်ဘက်တွင် ဖြစ်သည်။

လျှပ်စစ်မော်တာ ၃ လုံးမှ စုစုပေါင်း မြင်းကောင်ရေ ၇၈၉ အား ထုတ်လုပ်ရာ ကား၏ စုစုပေါင်း ဆွဲအားမှာ ၁၇၇၅ hp ရှိသည်။

လျှပ်စစ်မော်တာများကို ကားအလယ်တွင် ထိုင်ထားသော 25.0-KWh ဘက်ထရီမှ ပါဝါပေးသည်။

မြင်းကောင်ရေ ၁၈၀၀ နီးပါးအထိ ရှိရာ အလွန်တရာမြန်ဆန်သော အမြန်နှုန်း ရရှိစေမည် ဖြစ်သည်။

0-60mph အမြန်နှုန်းကို ၂ စက္ကန့်အောက်ဖြင့် ရရှိနိုင်ပြီး ၂၅ စက္ကန့်အတွင်း ၂၅၀ mph အမြန်နှုန်းကို ရရှိနိုင် ကြောင်း Bugatti က ထုတ်ပြန်ထားသည်။

တစ်နာရီလျှင် ၂၇၇ မိုင်နှုန်း မောင်းနှင်မည်ဆိုပါက Bugatti Tourbillon ကားဖြင့် ကမ္ဘာတစ်ပတ် ခရီးကို နာရီ ၉၀ (သို့မဟုတ်) ၃ ရက် ၁၈ နာရီမျှဖြင့် တစ်ပတ်ပတ်နိုင်မည် ဖြစ်သည်။

ကမ္ဘာ၏ အဝန်းမှာ ၄၀၀၇၅ ကီလိုမီတာ ဖြစ်သည်။

Bugatti Tourbillon သည် အမြင့်ဆုံးမြန်နှုန်းဖြင့် မရပ်မနား မောင်းနှင်မည် ဆိုပါက ကီလိုမီတာ ၃၈၄၄၀၀ ဝေးကွာသော လကမ္ဘာသို့ ၃၆ ရက်မျှဖြင့် ရောက်ရှိနိုင်သည်။

 

 

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Bugatti’s new $4 million hybrid hypercar packs 1,800 horsepower and is so fast that at top speed it can go around the world in just 90 hours (luxurylaunches)