• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အိမ်မှ ကလေးထိန်းနှင့် ညိစွန်းခဲ့ပြီးနောက် ရုပ်ရှင်မင်းသမီး Sienna Miller နှင့် လမ်းခွဲလိုက်ရသော ဟောလိဝုဒ် ရုပ်ရှင်မင်းသား Jude Law တချိန်က ပိုင်ဆိုင်ခဲ့သည့် Audi ပေါင် ၂၅,၀၀၀ ဖြင့် အရောင်းဈေးကွက် ဝင်လာ

အိမ်မှ ကလေးထိန်းနှင့် ညိစွန်းခဲ့ပြီးနောက် ရုပ်ရှင်မင်းသမီး Sienna Miller နှင့် လမ်းခွဲလိုက်ရသော ဟောလိဝုဒ် ရုပ်ရှင်မင်းသား Jude Law တချိန်က ပိုင်ဆိုင်ခဲ့သည့် Audi ပေါင် ၂၅,၀၀၀ ဖြင့် အရောင်းဈေးကွက် ဝင်လာ

  • 192 views

ဟောလိဝုဒ်ရုပ်ရှင်ကြယ်ပွင့် Jude Law တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော Audi ဆလွန်းတစ်စီး ပေါင် ၂၅,၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

အင်္ဂလန် ရုပ်ရှင်မင်းသား Jude Law ၏ ထင်ရှားသော ရုပ်ရှင်ဇာတ်ကားများမှာ စတီဗင် စပီးဘတ်ရိုက်ကူးသော A.I.Artificial Intelligence (၂၀၀၁)၊ ဒေါက်တာ ဝပ်ဆန်အဖြစ် ပါဝင်ခဲ့သော Sherlock Holmes (၂၀၀၉)၊ အော်စကာဆု ဇကာတင်စာရင်းဝင်ခဲ့သော Cold Mountain (၂၀၀၃)၊ The Grand Budapest Hotel (၂၀၁၄) နှင့် Captain Marvel (၂၀၁၉) တို့အပါအဝင် ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ယခုအရောင်းဈေးကွက်ဝင်လာသည့် Audi S8 ကို Jude Law က ၂၀၀၉ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

 

(Jude Law က Audi S8 ကို ၂၀၀၉ ခုနှစ်တွင် ဝယ်ယူခဲ့သည်။ ဓာတ်ပုံ-mediadrumimages)

 

(Audi S8 ဝယ်လိုက်ချိန်တွင် Jude Law သည် အမေရိကန် ရုပ်ရှင်မင်းသမီး Sienna Miller နှင့် ခေတ္တပြန်လည် ပေါင်းစည်း ခဲ့သည်။ ဓာတ်ပုံ-Contributor)

 

(ကားအတွင်းပိုင်းမှာ အတိတ်ကို လွမ်းဆွတ်ခံစားရစေမည်ဖြစ်သည်။ ဓာတ်ပုံ-mediadrumimages)

 


Jude Law က ၎င်းတို့စုံတွဲ၏ ကလေးထိန်းနှင့် ညိစွန်းမိကြောင်း ၂၀၀၅ ခုနှစ်တွင် ဝန်ခံကာ တရားဝင် တောင်းပန်လိုက်ပြီးနောက်ပိုင်းကတည်းက ရုပ်ရှင်မင်းသမီး Sienna Miller နှင့် လမ်းခွဲလိုက်ရသည်။

ကားဝယ်လိုက်သော အချိန်ဝန်းကျင်တွင် Jude Law က Sienna Miller နှင့် ခေတ္တ ပြန်လည်ပေါင်းစည်း ခဲ့သည်။
သို့သော် Audi S8 နှင့် Jude Law ၏ ကြိုးစားမှုများမှာ Sienna အတွက် ကျေနပ်မှုရပုံမပေါ်။ 

၂၀၁၁ ခုနှစ်တွင် ၎င်းတို့နှစ်ဦး လမ်းခွဲလိုက်ကြသည်။
Sienna Miller သည် အမေရိကန်ရုပ်ရှင်မင်းသမီးဖြစ်ပြီး ၂၀၀၉ ခုနှစ်က ရုံတင်ပြသခဲ့သော G.I.Joe: The Rise of Cobra ဇာတ်ကားတွင် ပါဝင်ခဲ့မှုဖြင့် လူသိများပြီး အခြားရုပ်ရှင်ဇာတ်ကားများစွာတွင်လည်း ပါဝင် သရုပ်ဆောင်ခဲ့သည်။

Jude Law က မိသားစုစီးရန်အတွက် ရည်ရွယ်ခဲ့ဖွယ်ရှိသော Audi S8 တွင် 5.2 litre V10 အင်ဂျင်တပ်ဆင် ထားပြီး မြင်းကောင်ရေ ၄၅၀ အားထွက်ကာ ပေါင် ၂၄၉၅၀ ဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။

Jude Law အပြင် အခြားပိုင်ရှင်တစ်ဦးတည်းသာ ပိုင်ဆိုင်ဖူးသေးပြီး စုစုပေါင်း မိုင် ၆၀,၀၀၀ စီးထားသည်။

ဤကားကို ကားဝါသနာအိုးတို့က များစွာစိတ်ဝင်စားနေပြီး ယခင်ကလည်း ကီဗင်ကော့စနာနှင့် ဘင်အက်ဖလက်တို့ကို ယခုကားမော်ဒယ်မျိုးဖြင့် တွေ့ခဲ့ဖူးသည်။

 

(Jude Law နှင့် ရုပ်ရှင်မင်းသမီး Sienna တို့ ၂၀၁၁ ခုနှစ်တွင် လမ်းခွဲခဲ့ကြသည်။ ဓာတ်ပုံ-AFP/Getty)

 

(5.2 litre V10 အင်ဂျင်တပ်ဆင် ထားပြီး မြင်းကောင်ရေ ၄၅၀ အားထွက်သည်။ ဓာတ်ပုံ-mediadrumimages)

 

(Jude Law က မိသားစုစီးရန် ရည်ရွယ်ကာ ဝယ်ယူခဲ့ခြင်း ဖြစ်နိုင်သည်။ ဓာတ်ပုံ-mediadrumimages)

 

(ကားကို အသေးစိတ် ပြန်လည်မွမ်းမံထားသည်။ ဓာတ်ပုံ-mediadrumimages)

 

(စုစုပေါင်း မိုင် ၆၀၀၀၀ ကျော် စီးထားသည်။ ဓာတ်ပုံ-mediadrumimages)

 

(ပေါင် ၂၄၉၅၀ ဈေးခေါ်ထားသည်။ ဓာတ်ပုံ-mediadrumimages)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Audi once owned by Hollywood A-lister to sell for £25k – it’s in pristine condition & has incredibly nostalgic interior (thesun)

Photo Credit: AFP/Getty, mediadrumimages