• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် ပေါင် ၅၆၀,၀၀၀ တန် ရိုးရွိုက်စ်ကားဖြင့် သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်မှုဖြင့် အရေးယူခံရ

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် ပေါင် ၅၆၀,၀၀၀ တန် ရိုးရွိုက်စ်ကားဖြင့် သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်မှုဖြင့် အရေးယူခံရ

  • 236 views

မားကပ်စ် ရက်ရှ်ဖို့ဒ် (မွေး ၁၉၉၇) သည် အင်္ဂလန်ဘောလုံးကြယ်ပွင့်ဖြစ်ပြီး ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာယူနိုက်တက်၏ လူငယ်လေ့ကျင့်ရေးမှ ထွက်ပေါ်လာသော ကစားသမားဖြစ်ကာ အင်္ဂလန် လက်ရွေးစင်တစ်ဦးလည်း ဖြစ်သည်။

မားကပ်စ် ရက်ရှ်ဖို့ဒ်သည် ၂၀၂၃ ခုနှစ်က ယာဉ်တိုက်မှုဖြစ်ခဲ့ရာ ပေါင် ၇၀၀,၀၀၀ တန် ကားတစ်စီး ပျက်စီးသွား ခဲ့ဖူးသည်။
ယခုအခါ ပေါင် ၅၆၀,၀၀၀ တန် Rolls-Royce ကားဖြင့် တစ်နာရီ မိုင် ၇၀ နှုန်း မောင်းနှင်မှုဖြင့် အရေးယူခံထားရ သည်ဟု ဆိုသည်။

အသက် ၂၆ နှစ်အရွယ်ရှိ မားကပ်စ် ရက်ရှ်ဖို့ဒ်သည် ဂါရက်သ် ဆောက်ဂိတ်၏ ယူရို ၂၀၂၄ ပဏာမ ၃၃ ဦး လူစာရင်းတွင် ပါဝင်ခဲ့ခြင်းမရှိသည့်နည်းတူ မန်ချက်စတာ ယူနိုက်တက်တွင်လည်း စိတ်ပျက်ဖွယ် ရာသီနှင့် ရင်ဆိုင်နေရသည်။

The Sun သတင်းဌာန၏ ဖော်ပြချက်အရ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်သည် M60 လမ်းမကြီးပေါ်တွင် Rolls-Royce Cullinan Blue Shadow ဖြင့် ပြီးခဲ့သော ဒီဇင်ဘာလအတွင်းက တစ်နာရီလျှင် မိုင် ၇၀ ကျော်နှုန်းဖြင့် မောင်းနှင် ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။

 

(ရက်ရှ်ဖို့ဒ်သည် ပေါင် ၇၀၀,၀၀၀ တန် ရိုးရွိုက်စ်ကားကို ယာဉ်တိုက်မှုဖြစ်ကာ ကားပျက်စီးခဲ့ပြီး တစ်လအကြာ တွင် သတ်မှတ်မြန်နှုန်းထက် ပိုမိုမောင်းနှင်မှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။)

 

(ရက်ရှ်ဖို့ဒ်သည် Rolls-Royce Cullinan ဖြင့် ၁ နာရီ မိုင် ၇၀ နှုန်းကျော် မောင်းနှင်ခဲ့သည်။)

 

(အဆိုပါ ဖြစ်ရပ်မှာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။)

 

မားကပ်စ်ရက်ရှ်ဖို့ဒ် သတ်မှတ်မြန်နှုန်းထက် ကျော်လွန်မောင်းနှင်သော အမှုကို Manchester and Salford ရာဇဝတ်တရားရုံးတွင် လာမည့် စက်တင်ဘာလ ၂၇ ရက်တွင် အမိန့်ချရန် စီစဉ်ထားသည်။

ရက်ရှ်ဖို့ဒ်သည် ပေါင် ၇၀၀,၀၀၀ တန် ရိုးရွိုက်စ်ကား ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့စဉ်က ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိချေ။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်မှာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်တွင် မန်ချက်စတာယူနိုက်တက် အသင်း၏ ကာရင်တန်လေ့ကျင့်ရေးကွင်း အပြင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
လူမှုကွန်ရက်တွင် ထွက်ပေါ်ခဲ့သော ဗွီဒီယိုဖိုင်အရ ရက်ရှ်ဖို့ဒ်၏ ကားနောက်ပိုင်း စုတ်ပြတ်သတ်သွားသည်ကို တွေ့ရသည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သော ကား ၂ စီးလုံးမှ ယာဉ်မောင်းများ ထိခိုက်ဒဏ်ရာ မရခဲ့ကြချေ။

ရက်ရှ်ဖို့ဒ်က ယာဉ်တိုက်မှုဖြစ်ခဲ့သော ကားကို အွန်လိုင်းတွင် လေလံတင်ရောင်းချရာ YouTube ဆယ်လီ Mat Armstrong က ပေါင် ၁၈၄,၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။

Armstrong က ထိုကား၏ ထိခိုက်ပျက်စီးသွားပုံများကို သူ၏ YouTube ချန်နယ်တွင် ပြသခဲ့သည်။

ရက်ရှ်ဖို့ဒ်သည် ပေါင် ၃၉၀,၀၀၀ တန် Black Badge Cullinan နှင့် Cullinan Blue Shadow တို့ အပါအဝင် ရိုးရွိုက်စ်ကားများစွာ ပိုင်ဆိုင်ထားသည်။

 ထို့အပြင် ပေါင် ၂၈၀,၀၀၀ တန် McLaren 765 Long Tail နှင့် ပေါင် ၃၅၀,၀၀၀ တန် Lamborghini Urus Performante တို့လည်း ပိုင်ဆိုင်ထားသည်။

 

(ရက်ရှ်ဖို့ဒ်သည် လေ့ကျင့်ရေးကွင်းမှ အိမ်သို့ ပေါင် ၇၀၀,၀၀၀တန် ရိုးရွိုက်စ်ကားဖြင့် ပြန်ခဲ့စဉ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။)

 

(YouTube Cele Mat Armstrong က ရက်ရှ်ဖို့ဒ်၏ ယာဉ်တိုက်မှုဖြစ်ခဲ့သော ပေါင် ၇၀၀၀၀၀ တန်ကားကို ပေါင် ၁၈၄၀၀၀ မျှဖြင့် ဝယ်ယူခဲ့သည်။)

 

(Mat Armstrong က ကား၏ ပျက်စီးသွားပုံ အခြေအနေကို သူ၏ ချန်နယ်တွင် ဗွီဒီယိုဖိုင်ဖြင့် ပြသခဲ့သည်။)

 

(ရက်ရှ်ဖို့ဒ်တွင် ရိုးရွိုက်စ် ၃ စီး၊ Lamborghini  ၁ စီးနှင့် McLaren ၁ စီးတို့ ပိုင်ဆိုင်ထားသည်။)

 

(ရက်ရှ်ဖို့ဒ်သည် မန်ယူတွင် ပရီးမီးယားလိဂ်  ၇ ဂိုးသာ သွင်းထားပြီး ခက်ခဲသော ရာသီနှင့် ရင်ဆိုင်နေရသည်။)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Marcus Rashford is caught speeding in his £560,000 Rolls-Royce at over 70mph on the M60 - just months after his £700,000 edition was wrecked in a crash (dailymail)

 Photo Credit:  dailymail