- ပင်မစာမျက်နှာ
- ကားသတင်းများ
- အိန္ဒိယတွင် Hyundai ထုတ်ကားများအနက် Creta မှာ ၂၀၂၄ ခုနှစ်၏ အရောင်းရဆုံးကားဖြစ်နေပြီး ကြိုတင်မှာယူထားမှု အစင်းရေ ၆၅၀၀၀ အထိရှိနေ
အိန္ဒိယတွင် Hyundai ထုတ်ကားများအနက် Creta မှာ ၂၀၂၄ ခုနှစ်၏ အရောင်းရဆုံးကားဖြစ်နေပြီး ကြိုတင်မှာယူထားမှု အစင်းရေ ၆၅၀၀၀ အထိရှိနေ
- 218 views
● Creta သည် Hyundai ထုတ်ကားများအနက် ၂၀၂၄ ခုနှစ်အတွင်း အရောင်းရဆုံးဖြစ်
● Creta N Line သည် Hyundai ထုတ်ကားများအနက် စောင့်ဆိုင်းရချိန် အကြာဆုံးဖြစ်
● အိန္ဒိယတွင် Hyundai ထုတ်ကားများ မှာယူထားမှု အစင်းရေ ၆၅၀၀၀ အထိရှိနေ
ကိုရီးယား ကားထုတ်လုပ်သူ Hyundai သည် ၂၀၂၄ ခုနှစ်၊ မေလအတွက် ရောင်းအား အချက်အလက်များကို မကြာသေးမီက ထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်အရ Hyundai သည် မေလအတွင်း ကားအစင်းရေ ၄၉၁၅၁ ရောင်းချခဲ့ရကြောင်း သိရ သည်။
ထိုပမာဏမှာ ၂၀၂၃ ခုနှစ်၊ မေလက ရောင်းချခဲ့ရသော ပမာဏထက် ၁ ဒသမ ၁၃ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာ ခြင်းလည်း ဖြစ်သည်။
လက်ရှိအချိန်အထိ ကြိုတင်မှာယူထားသော ကားအစင်းရေ ၆၅၀၀၀ ရှိနေပြီး ယင်းအနက် ထက်ဝက်ကျော်မှာ Creta မော်ဒယ်မှာယူထားမှုများဖြစ်ကြောင်းလည်း Hyundai ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
(ကြိုတင်မှာယူထားမှု အများဆုံး မော်ဒယ်မှာ Creta N Line ဖြစ်သည်)
Hyundai India ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အရာရှိချုပ် Tarun Garg က ပြောသည်မှာ “Creta N Line ဝယ်လိုအားကောင်းတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ စောင့်ဆိုင်းရချိန် အကြာဆုံးမော်ဒယ်ဖြစ်ပြီး ၁၀ ပတ် လောက် စောင့်ဆိုင်းရပါတယ်။” ဟုပြောသည်။
“N Line မှာ ဖောက်သည်သစ်တွေ ၊ လူငယ် ဝယ်လက်သစ်တွေ ရလာနေတာကြောင့် ထုတ်လုပ်မှု မြှင့်တင်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ထူးခြားတာကို လိုချင်တဲ့ customer တွေအတွက် ဂရုစိုက်မှုတစ်ခုလည်း ဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။
Creta N Line ကို အိန္ဒိယတွင် ၂၀၂၄ ခုနှစ်၊ မတ်လတွင် စတင်ဖြန့်ချိခဲ့ပြီး ဈေးနှုန်းမှာ ရူပီး ၁၆ ဒသမ ၈၂ ကုဋေ မှ စသည်။
1.5 litre turbo ဓာတ်ဆီအင်ဂျင်တပ်ဆင်ထားပြီး ဆွဲအား 158 bhp ထွက်ကာ ရုန်းအား 253 Nm ရှိသည်။
ဂီယာဘောက်အနေဖြင့် manual နှင့် auto ၂ မျိုးလာသည်။
Hyundai သည် ၂၀၂၄ ခုနှစ်၊ မေလတွင် Creta မော်ဒယ်အစင်းရေ ၁၄၆၆၂ ရောင်းချခဲ့ရပြီး အိန္ဒိယတွင် Hyundai ထုတ်ကားများအနက် အရောင်းရဆုံး မော်ဒယ်လည်း ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Hyundai Pending Orders At 65,000 Units: This SUV Has The Highest Waiting Period (carandbike)