- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဂျပန်ထုတ် ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းတန် Aspark Owl ပြိုင်ကား စမ်းသပ်မောင်းနှင်မှုတွင် တစ်နာရီလျှင် ၂၇၂ ဒသမ ၆၁ မိုင်နှုန်း ရောက်ရှိခဲ့ရာ ကမ္ဘာ့အမြန်ဆုံးလျှပ်စစ်ကားအဖြစ် စံချိန်တင်
ဂျပန်ထုတ် ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းတန် Aspark Owl ပြိုင်ကား စမ်းသပ်မောင်းနှင်မှုတွင် တစ်နာရီလျှင် ၂၇၂ ဒသမ ၆၁ မိုင်နှုန်း ရောက်ရှိခဲ့ရာ ကမ္ဘာ့အမြန်ဆုံးလျှပ်စစ်ကားအဖြစ် စံချိန်တင်
- 302 views
Tesla ထုတ် လျှပ်စစ်ကားများ မြန်သည်ဟု သင်ထင်နေပါက ယခု အသစ်ထွက်ပေါ်လာသော ကမ္ဘာ့အမြန်ဆုံး လျှပ်စစ်ကားကို လေ့လာကြည့်ပါ။
လျှပ်စစ်ပြိုင်ကားသစ်ဖြစ်သော Aspark Owl သည် အများသုံးလမ်းပေါ်တွင် တရားဝင်မောင်းနိုင်သော ကားတစ်စင်းအနေဖြင့် အမြန်ဆုံးအဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့သည်။
ပေါင် ၂ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၃ ဒသမ ၁ သန်း) တန်ကြေးရှိ ဂျပန်ထုတ် ၂ ယောက်စီး Aspark Owl လျှပ်စစ်ပြိုင်ကားသည် ယခင် ကမ္ဘာ့အမြန်ဆုံးအဖြစ် စံချိန်တင်ခဲ့သော 258mph (415kmph) ကို ဖြတ်ကျော် သွားသည်။
Aspark Owl လျှပ်စစ်ကားကို တရားဝင် စမ်းသပ်မောင်းနှင်ရာတွင် 272.61mph (438.73 kmph) အထိ မယုံနိုင်ဖွယ် အမြန်နှုန်းရှိခဲ့သည်ကို တွေ့ရသည်။
(ဂျပန်ထုတ် လျှပ်စစ်ပြိုင်ကား Aspark Owl SP600 သည် ဒေါ်လာ ၃ ဒသမ ၁ သန်း တန်ကြေးရှိပြီး တစ်နာရီ လျှင် ၂၇၂ ဒသမ ၆၁ မိုင်နှုန်း မောင်းနှင်ကာ ကမ္ဘာ့အမြန်ဆုံး လျှပ်စစ်ပြိုင်ကားအဖြစ် စံချိန်တင်ထားသည်။)
Aspark Owl SP600 လျှပ်စစ်ပြိုင်ကားကို ဂျာမနီနိုင်ငံရှိ Automotive Testing Papenburg (ATP) ကားကွင်း တွင် ဇွန်လ ၈ ရက်က စမ်းသပ်မောင်းနှင်ကာ စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဂျာမန်ကားကွင်းသည် လမ်းဖြောင့် ၂ ခုကို ဆက်ထားသော ဘဲဥပုံသဏ္ဍာန်ဖြစ်ပြီး ၄ လမ်းမောင်း ဖြစ်ကာ စုစုပေါင်းအလျား ၇ ဒသမ ၆ မိုင် ရှိသည်။
လမ်းဖြောင့် ၂ ခုမှာ ၂ ဒသမ ၅ မိုင်စီ ရှည်လျားပြီး ဆက်သွယ်ပေးထားသော လမ်းကွေး ၂ ခုမှာ ၁ ဒသမ ၃ မိုင် စီ ရှည်လျားကာ လမ်းကွေးထောင့် ၄၉ ဒသမ ၇ ဒီဂရီရှိသည်။
Aspark Owl SP600 သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကမ္ဘာ့အမြန်ဆုံး လျှပ်စစ်ကားအဖြစ် စံချိန်တင် ထားသော Rimac Nevera ၏ စံချိန်ကို ဖြတ်ကျော်သွားသည်။
ဂျပန်နိုင်ငံ အိုဆာကာမြို့အခြေစိုက် Aspark ကုမ္ပဏီ၏ စီအီးအို မဆနို့ရိ ယို့ရှိဒက “Owl Hypercar ကို ထုတ်လုပ်ဖို့ ကျွန်တော်တို့ကြိုးစားနေတာ ၁၀ နှစ်လောက် ရှိခဲ့ပါပြီ။ ကမ္ဘာ့အမြန်ဆုံးကားဖြစ်ဖို့ ကျွန်တော်တို့ ရည်မှန်းခဲ့၊ ကြိုးစားအားထုတ်ခဲ့ပြီး ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ Owl SP600 ပြိုင်ကားသစ်နဲ့အတူ ကမ္ဘာ့အမြန်ဆုံးစံချိန် တင်နိုင်ခဲ့ပါပြီ” ဟု ပြောသည်။
(Aspark ၏ စီအီးအို မဆနို့ရိ ယို့ရှိဒကို ဂျာမနီရှိ Automotive Testing Papenburg-ATP ကားကွင်းတွင် တွေ့ရပုံ)
(Aspark Owl တွင် အထူးထုတ်လုပ်ထားသော လီသီယမ် ဘက်ထရီ တပ်ဆင်ထားပြီး အစင်းရေ အနည်းငယ် မျှသာ ထုတ်လုပ်မည် ဖြစ်သည်။ မူလက ထုတ်ပြန်ထားသည်မှာ အစင်းရေ ၅၀ သာ ထုတ်လုပ်မည်ဟု ထုတ်ပြန် ထားသည်)
(အဆိုပါ ဂျာမန်ကားကွင်းသည် လမ်းဖြောင့် ၂ ခုကို ဆက်ထားသော ဘဲဥပုံသဏ္ဍာန်ဖြစ်ပြီး ၄ လမ်းမောင်း ဖြစ်ကာ စုစုပေါင်းအလျား ၇ ဒသမ ၆ မိုင် ရှိသည်။ လမ်းဖြောင့် ၂ ခုမှာ ၂ ဒသမ ၅ မိုင်စီ ရှည်လျားပြီး ဆက်သွယ်ပေးထားသော လမ်းကွေး ၂ ခုမှာ ၁ ဒသမ ၃ မိုင်စီ ရှည်လျားကာ လမ်းကွေးထောင့် ၄၉ ဒသမ ၇ ဒီဂရီရှိသည်။)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Say hello to the world's fastest EV: £2.5m electric hypercar clocked at 272.61mph (dailymail)
Photo Credit-dailymail