- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်မှ EV များကို အခွန် ၅၀ ရာခိုင်နှုန်း ထပ်တိုးကောက်ခံရန် ဥရောပသမဂ္ဂ သတ်မှတ်ပြီ
တရုတ်ပြည်မှ EV များကို အခွန် ၅၀ ရာခိုင်နှုန်း ထပ်တိုးကောက်ခံရန် ဥရောပသမဂ္ဂ သတ်မှတ်ပြီ
- 170 views
တရုတ်ပြည်ထုတ် ဈေးသက်သာသော EV များမှာ မကြာမီတွင် ပိုမိုတန်ဖိုးကြီးမြင့်လာတော့မည် ဖြစ်သည်။
လာမည့်လမှ စတင်ပြီး တရုတ်ပြည်မှ EV များကို အခွန် ၅၀ ရာခိုင်နှုန်းနီးပါး ထပ်တိုးကောက်ခံမည်ဟု ဥရောပ သမဂ္ဂက ကြေညာလာသည်။
တရုတ်အစိုးရက ပြည်တွင်း ကားထုတ်လုပ်သူများကို ထောက်ပံ့ငွေ အလုံးအရင်းပေးခဲ့သောကြောင့် ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချနိုင်မှုများ ဖြစ်ပေါ်လာရာ ဥရောပကားထုတ်လုပ်သူတို့က ရတက်မအေး ဖြစ်လာကြ သည်။
ထို့ကြောင့် ဥရောပကော်မရှင်က ပြီးခဲ့သောနှစ်အတွင်း တရုတ်ပြည်မှ EV ထုတ်လုပ်သူများထံ သွားရောက်စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ယခုအခါ အခွန်တိုးမြှင့်ကောက်ခံမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။
အဆိုပါပြဿနာကို မကြာမီ ကာလများအတွင်း ဖြေရှင်းနိုင်ခြင်းမရှိပါက တရုတ်ပြည်နှင့် ကုန်သွယ်ရေးစစ်ပွဲ ပေါ်ပေါက်လာဖွယ် ရှိသည်။
(တရုတ်ပြည်မှ တင်ပို့လာသည့် EV များကို အကောက်ခွန် ၃၈ ရာခိုင်နှုန်းနှင့်အထက် ထပ်တိုး ကောက်ခံရန် စီစဉ်ထားကြောင်း ဥရောပသမဂ္ဂက ကြေညာလိုက်သည်။ တရုတ်ပြည်မှ ကားထုတ်လုပ်များထံ သွားရောက် စုံစမ်းစစ်ဆေးခဲ့ပြီးနောက် အစိုးရ၏ ငွေကြေးထောက်ပံ့မှုများကြောင့် ဈေးသက်သာစွာ ရောင်းချနိုင်နေကြောင်း တွေ့ရှိလာပြီးနောက်ပိုင်း မမျှတသော ယှဉ်ပြိုင်မှုနှင့် ရင်ဆိုင်နေရကြောင်း ကောက်ချက်ဆွဲခဲ့ခြင်း ဖြစ်သည်။)
လာမည့် ဇူလိုင်လမှ စတင်ပြီး တရုတ်ပြည်ထုတ် EV များကို အခွန်တိုးမြှင့်ကောက်ခံရန် ဥရောပကော်မရှင်က အမိန့် ထုတ်ပြန်လိုက်သည်။
တရုတ်ပြည်တွင် ထုတ်လုပ်ခဲ့သော လျှပ်စစ်ကားအားလုံးကို လက်ရှိ ကောက်ခံနေသည့် ၁၀ ရာခိုင်နှုန်း အခွန် အပေါ် ထပ်တိုးကောက်ခံသွားမည် ဖြစ်သည်။
ထပ်တိုးကောက်ခံသည့် ပမာဏမှာ ကားထုတ်လုပ်သူတစ်ဦးချင်းစီ၏ အစိုးရ အထောက်အပံ့ရရှိမှု ပမာဏ အပေါ်တွင် မူတည်သည်ဟု ဆိုသည်။
ကားထုတ်လုပ်သူများအနေဖြင့် လုံလောက်သည့် သက်သေ အထောက်အထားပေးမည်ဆိုပါက အကောက်ခွန် ပမာဏကို ပြန်လည်သုံးသပ်ပေးမည်ဖြစ်ကြောင်းလည်း ဥရောပ ကော်မရှင်က ပြောသည်။
ယခုအခွန်တိုးမြင့်ကောက်ခံမှုကို ယာယီအဖြစ် သတ်မှတ်ထားသည်။
SAIC ကုမ္ပဏီမှာ အခွန် အများဆုံး ပေးဆောင်ရမည်ဖြစ်ပြီး ထပ်တိုးပေးဆောင်ရမည့် ပမာဏ ၃၈ ဒသမ ၁ ရာခိုင်နှုန်းရှိရာ စုစုပေါင်း ၄၈ ဒသမ ၁ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည် ဖြစ်သည်။
Geely ကုမ္ပဏီမှာ ထပ်တိုးအခွန် ၂၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ရာ စုစုပေါင်း ၃၀ ရာခိုင်နှုန်း အခွန်ဆောင် ရမည် ဖြစ်သည်။
Tesla ကို ဖြတ်ကျော်ကာ ကမ္ဘာ့အကြီးမားဆုံး EV ထုတ်လုပ်သူဖြစ်ခဲ့သည့် BYD မှာ ယာယီထပ်တိုးခွန် ၁၇ ဒသမ ၄ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ရာ စုစုပေါင်း ၂၇ ဒသမ ၄ ရာခိုင်နှုန်း အခွန်ဆောင်ရမည် ဖြစ်သည်။
(ထပ်တိုးကောက်ခံသည့် ပမာဏမှာ ကားထုတ်လုပ်သူတစ်ဦးချင်းစီ၏ အစိုးရ အထောက်အပံ့ရရှိမှု ပမာဏ အပေါ်တွင် မူတည်သည်ဟု ဆိုသည်။)
(Tesla ကို ဖြတ်ကျော်ကာ ကမ္ဘာ့အကြီးမားဆုံး EV ထုတ်လုပ်သူဖြစ်ခဲ့သည့် BYD မှာ ယာယီထပ်တိုးခွန် ၁၇ ဒသမ ၄ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ရာ စုစုပေါင်း ၂၇ ဒသမ ၄ ရာခိုင်နှုန်း အခွန်ဆောင်ရမည် ဖြစ်သည်။)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Cheap Chinese EVs set to be slapped with import tariffs of almost 50% by the EU (dailymail)
Photo Credit-dailymail