- ပင်မစာမျက်နှာ
- ကားသတင်းများ
- ကားတစ်စီး ဝယ်ယူပိုင်ဆိုင်ရေးအတွက် စရိတ်အကြီးမြင့်ဆုံး နိုင်ငံများစာရင်းတွင် အနောက်နိုင်ငံများ အများစုပါဝင်နေ
ကားတစ်စီး ဝယ်ယူပိုင်ဆိုင်ရေးအတွက် စရိတ်အကြီးမြင့်ဆုံး နိုင်ငံများစာရင်းတွင် အနောက်နိုင်ငံများ အများစုပါဝင်နေ
- 779 views
အချို့နိုင်ငံများတွင် ကားတစ်စီး ဝယ်ယူပိုင်ဆိုင်ရခြင်းမှာ လိုအပ်ချက်အရဖြစ်သော်လည်း အချို့နိုင်ငံများတွင်မူ ငွေကြေးချမ်းသာသူများသာ တတ်နိုင်သည့် ဇိမ်ခံပစ္စည်းသဖွယ် ဖြစ်သည်။
အချို့သောနိုင်ငံများတွင် ကားတစ်စီး ပိုင်ဆိုင်ထားရန် မရှိမဖြစ် လိုအပ်သည့် အခြေအနေမျိုးရှိသော်လည်း သာမန်လူတန်းစားအတွက် စရိတ်စက အလွန်ကြီးမြင့်နေမှုများ ရှိသည်။
ကားတစ်စီးပိုင်ဆိုင်ရန် စရိတ်စက အကြီးမြင့်ဆုံး နိုင်ငံများကို ဆုံးဖြတ်နိုင်ရန်အတွက် Compare the Market က နှစ်စဉ် ပျမ်းမျှ လောင်စာဆီဖိုး၊ ပြုပြင်ထိန်းသိမ်းစရိတ်၊ အခွန်များနှင့် မှတ်ပုံတင်ကြေး၊ အာမခံကြေး၊ ကားရပ်နားခများ၊ တန်ဖိုးလျော့ကျခြင်းနှင့် အခြားအချက်များစွာကို နှိုင်းယှဉ်ကြည့်ခဲ့သည်။
အဆိုပါ အကဲဖြတ်ဆန်းစစ်မှုများအပေါ် အခြေခံပြီး ကမ္ဘာပေါ်တွင် ကားပိုင်ဆိုင်ရန် စရိတ်စက အကြီးဆုံး ၁၀ နိုင်ငံစာရင်း ထွက်ပေါ်လာသည်။
(၁။ ဒိန်းမတ်)
● နှစ်စဉ် စုစုပေါင်း ကုန်ကျစရိတ်- ကန်ဒေါ်လာ ၇၅၂၇
● နှစ်စဉ် ပျမ်းမျှ ဆီဖိုး ကုန်ကျစရိတ် - ကန်ဒေါ်လာ ၃၁၅၀
● နှစ်စဉ် ပျမ်းမျှ ပြုပြင်ထိန်းသိမ်းစရိတ်- ကန်ဒေါ်လာ ၈၆၈
● နှစ်စဉ် ပျမ်းမျှ အာမခံကြေး- ကန်ဒေါ်လာ ၇၃၄
● ပျမ်းမျှ အခွန်နှင့် မှတ်ပုံတင်ကြေး- ကန်ဒေါ်လာ ၃၈၈
(ဓာတ်ပုံ- titoslack/Getty Images)
(၂။ အိုင်ယာလန်)
● နှစ်စဉ် စုစုပေါင်း ကုန်ကျစရိတ်- ကန်ဒေါ်လာ ၆၄၈၁
● နှစ်စဉ် ပျမ်းမျှ ဆီဖိုး ကုန်ကျစရိတ် - ကန်ဒေါ်လာ ၂၃၀၅
● နှစ်စဉ် ပျမ်းမျှ ပြုပြင်ထိန်းသိမ်းစရိတ်- ကန်ဒေါ်လာ ၇၈၂
● နှစ်စဉ် ပျမ်းမျှ အာမခံကြေး- ကန်ဒေါ်လာ ၁၀၈၀
● ပျမ်းမျှ အခွန်နှင့် မှတ်ပုံတင်ကြေး- ကန်ဒေါ်လာ ၃၆၆
(ဓာတ်ပုံ- titoslack/Getty Images)
(၃။ ကနေဒါ)
● နှစ်စဉ် စုစုပေါင်း ကုန်ကျစရိတ်- ကန်ဒေါ်လာ ၆၁၁၁
● နှစ်စဉ် ပျမ်းမျှ ဆီဖိုး ကုန်ကျစရိတ် - ကန်ဒေါ်လာ ၂၀၂၁
● နှစ်စဉ် ပျမ်းမျှ ပြုပြင်ထိန်းသိမ်းစရိတ်- ကန်ဒေါ်လာ ၈၀၁
● နှစ်စဉ် ပျမ်းမျှ အာမခံကြေး- ကန်ဒေါ်လာ ၁၃၂၆
● ပျမ်းမျှ အခွန်နှင့် မှတ်ပုံတင်ကြေး- ကန်ဒေါ်လာ ၁၀၄
(ဓာတ်ပုံ-(Shutterstock.com)
(၄။ နော်ဝေ)
● နှစ်စဉ် စုစုပေါင်း ကုန်ကျစရိတ်- ကန်ဒေါ်လာ ၆၀၈၁
● နှစ်စဉ် ပျမ်းမျှ ဆီဖိုး ကုန်ကျစရိတ် - ကန်ဒေါ်လာ ၁၅၅၄
● နှစ်စဉ် ပျမ်းမျှ ပြုပြင်ထိန်းသိမ်းစရိတ်- ကန်ဒေါ်လာ ၆၁၂
● နှစ်စဉ် ပျမ်းမျှ အာမခံကြေး- ကန်ဒေါ်လာ ၈၈၇
● ပျမ်းမျှ အခွန်နှင့် မှတ်ပုံတင်ကြေး- ကန်ဒေါ်လာ ၂၃၂
(ဓာတ်ပုံ-querbeet/Getty Images)
(၅။ ဂျာမနီ)
● နှစ်စဉ် စုစုပေါင်း ကုန်ကျစရိတ်- ကန်ဒေါ်လာ ၅၈၉၉
● နှစ်စဉ် ပျမ်းမျှ ဆီဖိုး ကုန်ကျစရိတ် - ကန်ဒေါ်လာ ၁၈၈၉
● နှစ်စဉ် ပျမ်းမျှ ပြုပြင်ထိန်းသိမ်းစရိတ်- ကန်ဒေါ်လာ ၅၉၃
● နှစ်စဉ် ပျမ်းမျှ အာမခံကြေး- ကန်ဒေါ်လာ ၇၉၅
● ပျမ်းမျှ အခွန်နှင့် မှတ်ပုံတင်ကြေး- ကန်ဒေါ်လာ ၂၃၈
(ဓာတ်ပုံ-scanrail/Getty Images)
(၆။ ဖင်လန်)
● နှစ်စဉ် စုစုပေါင်း ကုန်ကျစရိတ်- ကန်ဒေါ်လာ ၅၈၁၅
● နှစ်စဉ် ပျမ်းမျှ ဆီဖိုး ကုန်ကျစရိတ် - ကန်ဒေါ်လာ ၁၉၁၉
● နှစ်စဉ် ပျမ်းမျှ ပြုပြင်ထိန်းသိမ်းစရိတ်- ကန်ဒေါ်လာ ၆၇၉
● နှစ်စဉ် ပျမ်းမျှ အာမခံကြေး- ကန်ဒေါ်လာ ၇၉၄
● ပျမ်းမျှ အခွန်နှင့် မှတ်ပုံတင်ကြေး- ကန်ဒေါ်လာ ၃၉၀
(ဓာတ်ပုံ-YinYang/Getty Images)
(၇။ အမေရိကန်)
● နှစ်စဉ် စုစုပေါင်း ကုန်ကျစရိတ်- ကန်ဒေါ်လာ ၅၆၈၈
● နှစ်စဉ် ပျမ်းမျှ ဆီဖိုး ကုန်ကျစရိတ် - ကန်ဒေါ်လာ ၁၅၆၂
● နှစ်စဉ် ပျမ်းမျှ ပြုပြင်ထိန်းသိမ်းစရိတ်- ကန်ဒေါ်လာ ၆၇၉
● နှစ်စဉ် ပျမ်းမျှ အာမခံကြေး- ကန်ဒေါ်လာ ၁၀၈၀
● ပျမ်းမျှ အခွန်နှင့် မှတ်ပုံတင်ကြေး- ကန်ဒေါ်လာ ၁၆၇
(ဓာတ်ပုံ-YinYang/Getty Images)
(၈။ ဗြိတိန်)
● နှစ်စဉ် စုစုပေါင်း ကုန်ကျစရိတ်- ကန်ဒေါ်လာ ၅၅၂၅
● နှစ်စဉ် ပျမ်းမျှ ဆီဖိုး ကုန်ကျစရိတ် - ကန်ဒေါ်လာ ၁၉၅၄
● နှစ်စဉ် ပျမ်းမျှ ပြုပြင်ထိန်းသိမ်းစရိတ်- ကန်ဒေါ်လာ ၆၄၃
● နှစ်စဉ် ပျမ်းမျှ အာမခံကြေး- ကန်ဒေါ်လာ ၈၆၇
● ပျမ်းမျှ အခွန်နှင့် မှတ်ပုံတင်ကြေး- ကန်ဒေါ်လာ ၂၀၈
(ဓာတ်ပုံ-ZoltanGabor/iStock.com)
(၉။ သြစတေးလျ)
● နှစ်စဉ် စုစုပေါင်း ကုန်ကျစရိတ်- ကန်ဒေါ်လာ ၅၂၂၀
● နှစ်စဉ် ပျမ်းမျှ ဆီဖိုး ကုန်ကျစရိတ် - ကန်ဒေါ်လာ ၁၇၅၄
● နှစ်စဉ် ပျမ်းမျှ ပြုပြင်ထိန်းသိမ်းစရိတ်- ကန်ဒေါ်လာ ၆၅၅
● နှစ်စဉ် ပျမ်းမျှ အာမခံကြေး- ကန်ဒေါ်လာ ၇၇၂
● ပျမ်းမျှ အခွန်နှင့် မှတ်ပုံတင်ကြေး- ကန်ဒေါ်လာ ၂၅၃
(ဓာတ်ပုံ-patrickoberem/iStock.com)
(၁၀။ နယ်သာလန်)
● နှစ်စဉ် စုစုပေါင်း ကုန်ကျစရိတ်- ကန်ဒေါ်လာ ၄၉၆၂
● နှစ်စဉ် ပျမ်းမျှ ဆီဖိုး ကုန်ကျစရိတ် - ကန်ဒေါ်လာ ၁၅၃၄
● နှစ်စဉ် ပျမ်းမျှ ပြုပြင်ထိန်းသိမ်းစရိတ်- ကန်ဒေါ်လာ ၅၃၈
● နှစ်စဉ် ပျမ်းမျှ အာမခံကြေး- ကန်ဒေါ်လာ ၇၁၆
● ပျမ်းမျှ အခွန်နှင့် မှတ်ပုံတင်ကြေး- ကန်ဒေါ်လာ ၅၇၈
(ဓာတ်ပုံ-Aleksey Stemmer/Shutterstock.com)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: 10 Most Expensive Countries To Own a Car — the U.S. is No. 7 (finance)
Photo Credit- titoslack/Getty Images, @Shutterstock, querbeet, Scanrail, YinYang, ZoltanGabor/iStock, patrickoberem, Aleksey Stemmer