• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • မိုးရေလုံးဝ မထိဖူးသေးသော အလွန်တရာ ရှားပါးသောပြိုင်ကားကို အလွန်ဈေးသက်သာစွာဖြင့် လန်ဒန်မြို့တွင် အရောင်းဈေးကွက်တင်လာ၊ ၆၀၂ စင်းသာ ထုတ်လုပ်ထားသည့်ကားဖြစ်

မိုးရေလုံးဝ မထိဖူးသေးသော အလွန်တရာ ရှားပါးသောပြိုင်ကားကို အလွန်ဈေးသက်သာစွာဖြင့် လန်ဒန်မြို့တွင် အရောင်းဈေးကွက်တင်လာ၊ ၆၀၂ စင်းသာ ထုတ်လုပ်ထားသည့်ကားဖြစ်

  • 267 views

အင်္ဂလန်တွင် ခြောက်သွေ့သော နေရာ၌ ၃၂ နှစ်ကြာ သိုလှောင်ထားရှိပြီး မိုးရေလုံးဝ မထိဖူးသေးသော ပြိုင်ကားတစ်စီးကို အသန့်အတိုင်း အနေအထားဖြင့် ဈေးနှုန်းသက်သာစွာ အရောင်းဈေးကွက်တင်လာသည်။

အစင်းရေ ၆၀၀ ကျော်သာ ထုတ်လုပ်ထားသည့် အလွန်တရာ ရှားပါးသော ပြိုင်ကားဖြစ်ကာ ပြန်လည်မွမ်းမံ ထိန်းသိမ်းမှု များစွာပြုလုပ်ထားသည်။

(အရောင်းဈေးကွက်ဝင်လာသော TVR Griffith ပြိုင်ကား။ ဓာတ်ပုံ-carandclassic)

 

 

(ယခု ကားမော်ဒယ်မျိုး ၆၀၂ စင်းသာ ထုတ်လုပ်ထားသည်။ ဓာတ်ပုံ-carandclassic)

 


Griffith သည် အနည်းငယ်သာ ထုတ်လုပ်ထားသော ပြိုင်ကားဖြစ်ပြီး ဗြိတိန် ကားထုတ်လုပ်သူ TVR မှ ထုတ်လုပ်သည်။

ထိုကုမ္ပဏီသည် တစ်ခုသော ကာလက ကမ္ဘာပေါ်တွင် တတိယအကြီးမားဆုံး ပြိုင်ကားထုတ်လုပ်သူ ဖြစ်ခဲ့သည်။

သို့သော် ကားအစင်းရေ ၂၅၀၀ ဝန်းကျင်ခန့်သာ ထုတ်လုပ်ခဲ့သည်။
ယခုအရောင်းဈေးကွက်ဝင်လာသော ကားမှာ ပထမဆုံး စတင်ထုတ်လုပ်သည့်ကာလဖြစ်သော ၁၉၉၂ ခုနှစ်က ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ၆၀၂ စင်းသာ ထုတ်လုပ်ခဲ့သည့်အနက် တစ်စင်းအပါအဝင် ဖြစ်သည်။
ဤကားတွင် ပါဝါ စတီယာရင်ပင် မပါဝင်သေးချေ။

လက်ရှိပိုင်ရှင်က ပြောသည်မှာ ဤကားကို မရောင်းချင်ဘဲ ရောင်းရခြင်းဖြစ်ကြောင်း၊ လန်ဒန်၏ ULEZ သတ်မှတ်ချက် အောက်တွင် ကားကို ထိန်းသိမ်းပိုင်ဆိုင်ထားရသည်မှာ ကုန်ကျစရိတ် ကြီးမားလွန်း သောကြောင့် ဖြစ်ကြောင်း ပြောသည်။

(မှတ်ချက်။ ULEZ ဟူသည်မှာ လန်ဒန်မြို့တွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်သော ကားများ ကျဆင်း စေရေး အစီအစဉ်ကို ရည်ညွှန်းသည်။ ကားဟောင်းများစီးသော ယာဉ်ပိုင်ရှင်များအနေဖြင့် ULEZ သတ်မှတ် ထားသော နေရာများတွင် ကားမောင်းပါက တစ်နေ့လျှင် ၁၂ ဒသမ ၅၀ ပေါင်အထိ ဒဏ်ငွေပေးဆောင်ရသည်။ ဘတ်စ်ကားနှင့် လော်ရီကားကြီးများဆိုလျှင် တစ်ရက်လျှင် ပေါင် ၁၀၀ အထိ ဒဏ်ငွေဆောင်ရသည်)

သို့သော် ထိုသို့သော ဒဏ်ကြေးငွေများ မဆောင်ရသည့်နေရာများတွင် နေထိုင်သည့် ဂန္ထဝင်ကားချစ်သူတို့ အတွက် ယခုအရောင်းဈေးကွက် ဝင်လာသောကားကို ဈေးသက်သာစွာဖြင့် ပိုင်ဆိုင်နိုင်မည့် အခွင့်အလမ်း တစ်ခု ဖြစ်သည်။

Mileage အနေဖြင့် ၄၉,၀၀၀ မိုင် စီးထားပြီး ပျှမ်းမျှ တစ်နှစ်လျှင် မိုင် ၁၅၀၀ ဝန်းကျင်သာ စီးထားသည်။

လာမည့် ၈ နှစ်အကြာတွင် ဤကား၏ သက်တမ်းမှာ သမိုင်းဝင်မော်တော်ကားအဖြစ် သတ်မှတ်ခံရမည်ဖြစ်ရာ လမ်းခွန်နှင့် MOT requirement များမှ ကင်းလွတ်ခွင့် ရမည်လည်း ဖြစ်သည်။

ဈေးခေါ်ထားသည်မှာ ပေါင် ၁၅,၅၀၀ မျှသာ ဖြစ်သည်။

အလားတူ မော်ဒယ်မျိုးကို တပတ်ရစ်ဈေးကွက်တွင် ဝယ်မည်ဆိုလျှင် ပေါင် ၈၀,၀၀၀ အထက် ပေးရနိုင်သည်။

 

(ယခုမော်ဒယ်မျိုးကို ယခုနှစ်အတွင်း ပေါင် ၉၀,၀၀၀ ဖြင့် ပြန်လာရန် ရှိနေသည်။ ဓာတ်ပုံ-carandclassic)

 

(ဤကားကို ပေါင် ၁၅,၅၀၀ မျှဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။ ဓာတ်ပုံ-carandclassic)

 

(၃၂ နှစ်တာလုံး ဂရုတစိုက် ထိန်းသိမ်းခဲ့ပြီး မိုးရေလုံးဝ မထိဖူးချေ။ ဓာတ်ပုံ-carandclassic)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref: Modern classic sports car in pristine condition that’s ‘never seen rain’ on sale for bargain price (thesun)


 Photo Credit:  Carandclassic