- ပင်မစာမျက်နှာ
- ကားသတင်းများ
- ပရီးမီးယားလိဂ် ဂန္ထဝင်ကြယ်ပွင့်က တစ်နာရီလျှင် ၁၄၅ မိုင် မောင်းနှင်နိုင်သော အလွန်ရှားပါးသည့် Ferrari ကို ကယ်လီဖိုးနီးယားပြည်နယ်တွင် ပေါင် ၁၄ သန်းဖြင့် လေလံတင် ရောင်းချရန် စီစဉ်
ပရီးမီးယားလိဂ် ဂန္ထဝင်ကြယ်ပွင့်က တစ်နာရီလျှင် ၁၄၅ မိုင် မောင်းနှင်နိုင်သော အလွန်ရှားပါးသည့် Ferrari ကို ကယ်လီဖိုးနီးယားပြည်နယ်တွင် ပေါင် ၁၄ သန်းဖြင့် လေလံတင် ရောင်းချရန် စီစဉ်
- 208 views
ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်းတစ်ဦးက သူ၏ အလွန်ရှားပါးသော Ferrari ကို ပေါင် ၁၄ သန်းဖြင့် ရောင်းချရန် စီစဉ်လာသည်။
အင်္ဂလန်တွင် ကစားနေစဉ် လွန်ခဲ့သော ၁၆ နှစ်ခန့်က ဤကားကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာကျော် ပြိုင်ကား မောင်းသမား မိုက်ကယ် ရှုးမေကာနှင့် ခင်မင်ရင်းနှီးခဲ့ပြီးနောက်ပိုင်း ၎င်းက 250 GT SWB Califormia Spider ကို ဝယ်ယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
မိုက်ကယ် ရှူးမေကာသည် ထိုကာလက Ferrari တွင် မောင်းနှင်နေသည်။
ကားသည် အမြင့်ဆုံးမြန်နှုန်း ၁၄၅ mph ဖြင့် မောင်းနှင်နိုင်ပြီး 0-60mph အမြန်နှုန်းကို ၇ ဒသမ ၂ စက္ကန့်ဖြင့် ရရှိနိုင်သည်။
ထိုကားကို ကယ်လီဖိုးနီးယားပြည်နယ်တွင် ပေါင် ၁၄ သန်းဖြင့် လေလံတင်ရာ ၎င်းပေးခဲ့သော ဈေးနှုန်းထက် ၂ ဆ ကျော် များပြားသော ပမာဏလည်း ဖြစ်သည်။
(ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်းက သူ၏ အလွန်တရာ ရှားပါးသော Ferrari ကို ပေါင် ၁၄ သန်းဖြင့် ရောင်းချရန် စီစဉ်လာသည်။)
The Sun သတင်းဌာန၏ ဖော်ပြချက်အရ အလွန်တရာ ရှားပါးသော Ferrari ကို ရောင်းချရန် စီစဉ်လာသူမှာ ချယ်လ်ဆီး ကွင်းလယ် ကစားသမားဟောင်း မိုက်ကယ် ဘောလက် ဖြစ်သည်ဟု ဆိုသည်။
မိုက်ကယ် ဘောလက်တွင် သူ၏ မျိုးဆက်၌ အထင်ရှားဆုံး ကစားသမားများတွင် တစ်ဦးအပါအဝင် ဖြစ်သော်လည်း ကစားသမားဘဝတလျှောက် ပြောင်းရွှေ့ကြေးစုစုပေါင်း ပေါင် ၇ သန်းကျော်သာ ပေးခဲ့ရသည်။
မိုက်ကယ်ဘောလက်သည် Chemnitzer FC တွင် စတင်ကစားခဲ့ပြီး ယင်းနောက်ပိုင်း ၁၉၉၇ ခုနှစ်တွင် Kaiserslautern သို့ ပြောင်းရွှေ့ကြေး ပေါင် ၆၀၀၀၀ ဖြင့် ပြောင်းရွှေ့ခဲ့သည်။
ထို့နောက် လေဗာကူဆင်သို့ ပေါင် ၂ ဒသမ ၁ သန်း ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် ၅ ဒသမ ၁ သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။
၂၀၀၆ ခုနှစ်တွင် ချယ်လ်ဆီးအသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ခဲ့ပြီး ယင်းနောက် လေဗာကူဆင်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပင် ပြောင်းရွှေ့ခဲ့ပြန်သည်။
(ချယ်လ်ဆီးကြယ်ပွင့်ဟောင်း မိုက်ကယ်ဘောလက်၏ ကစားသမားဘဝတလျှောက် ပြောင်းရွှေ့ကြေးစုစုပေါင်း ပေါင် ၇ သန်းကျော်သာ ပေးခဲ့ရသည်။)
(မိုက်ကယ်ဘောလက်သည် ဘိုင်ယန်မြူးနစ်အသင်းတွင်လည်း ကစားခဲ့ရပြီး သူ၏ မျိုးဆက်တွင် အထင်ရှားဆုံး ကစားသမားများတွင် ပါဝင်ခဲ့သည်။)
ချယ်လ်ဆီးတွင် ရှိနေစဉ်ကာလအတွင်း ၁၆၇ ပွဲပါဝင် ကစားခဲ့ကာ ၂၆ ဂိုးသွင်းယူခဲ့ပြီး ဂိုးရရန် ၂၂ ကြိမ် ပံ့ပိုးမှု ပြုလုပ်ပေးခဲ့သည်။
ချယ်လ်ဆီးတွင် ရှိစဉ် ပရီးမီးယားလိဂ် ဖလားအပြင် FA ဖလား ၃ ကြိမ် ရရှိခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Premier League legend is set to make £14MILLION by selling his ultra-rare Ferrari with a top speed of 145mph at an auction in California (dailymail)
Photo Credit: dailymail