- ပင်မစာမျက်နှာ
- ကားသတင်းများ
- Range Rover ကားတွေ ဘာကြောင့် အာမခံကြေး ဈေးအရမ်းကြီးတာလဲ
Range Rover ကားတွေ ဘာကြောင့် အာမခံကြေး ဈေးအရမ်းကြီးတာလဲ
- 174 views
ပြီးခဲ့သော ၂ နှစ်တာအတွင်း လူကြိုက်အများဆုံး Range Rover အမှတ်တံဆိပ်သည် အာမခံကြေး ဈေးအလွန်ကြီးမှုဖြင့်လည်း ကျော်ကြားနေသည်။
Range Rover ကားပိုင်ရှင်တို့သည် အာမခံသက်တမ်းတိုးမည်ဆိုပါက ဒေါ်လာ သောင်းဂဏန်းအထိ မတန်တဆ ပေးကြရသည်။
အချို့သူများမှာလည်း Range Rover ကားများကို အာမခံပေးမည့် ကုမ္ပဏီ နည်းပါးလှသောကြောင့် ခက်ခဲစွာ လိုက်လံရှာဖွေကြရသည်။
Jaguar Land Rover (JLR) ထုတ် မော်ဒယ်များမှာ အာမခံကြေး အဘယ်ကြောင့် ခေါင်ခိုက်နေရသည်၊ ထိုသို့ ကြီးမြင့်စေရန် မည်သည့်အရာတို့က ကြိုးကိုင်ခြယ်လှယ်နေသည်ကို Telegraph Money က လေ့လာမှု ပြုလုပ်ခဲ့သည်။
(Range Rover များ၏ အာမခံပြဿနာ))
ပြီးခဲ့သောနှစ်အတွင်း Range Rover ကားများ ကာလကြာရှည်ပိုင်ဆိုင်ထားသည့် ပိုင်ရှင်တို့သည် အာမခံ သက်တမ်းတိုးရာတွင် ပေါင် ၂၀၀၀၀ ခန့်အထိ တောင်းခံခြင်း ခံကြရသည်။
ထို့အပြင် လန်ဒန်မြို့တွင် နေထိုင်သော Range Rover ကားပိုင်ရှင်များအား အာမခံကုမ္ပဏီတို့က အာမခံပေးရန် ငြင်းဆန်မှုများစွာနှင့်လည်း ရင်ဆိုင်ကြရသည်။
လန်ဒန်မြို့တွင် Range Rover များ အခိုးခံရမှု အလွန်မြင့်တက်နေသောကြောင့် ဖြစ်သည်။
ကားဝယ်ရောင်းလောကကို အာမခံပေးသည့် အချို့သော အာမခံကုမ္ပဏီတို့က Range Rover နှင့် Land Rover တို့အပေါ် စည်းမျဉ်းသတ်မှတ်ချက် အသစ်များ ထုတ်ပြန်လာကြသည်။
Telegraph သတင်းဌာနက ဖတ်ရှုခဲ့ရသော အာမခံ စည်းမျဉ်းတစ်ခုအရ ပေါင် ၂၅၀၀၀ တန်ကြေးရှိသော Range Rover တစ်စင်း ခိုးယူခံရပါက အာမခံယူထားသူမှာ ပေါင် ၃၅၀၀ ရရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
မကြာသေးမီလများအတွင်း လျော်ကြေးရမည့် ပမာဏမှာ ကျဆင်းလာသော်လည်း အာမခံကြေးမှာ ခေါင်ခိုက် နေသည်။
Adrian Flux အာမခံကုမ္ပဏီမှ Gerry Bucke က ပြောသည်မှာ “Range Rover ကားတစ်စီး အာမခံ ထားမယ့် သူ တစ်ယောက်အတွက် ဒီကိန်းဂဏန်းတွေက ဖတ်ဖို့တောင် စိတ်မသက်သာစေပါဘူး” ဟု ဆိုသည်။
အာမခံကြေးများ ခေါင်ခိုက်လာရစေခြင်း၏ အကြောင်းရင်းမှာ ကားခိုးမှုများ မြင့်တက်နေသောကြောင့် ဖြစ်သည်။
JLR များ ခိုးယူခံရမှု မြင့်တက်ရခြင်း၏ အကြောင်းရင်မှာ တန်ဖိုးကြီးကားများ ခိုးယူကြသည့် ရာဇဝတ်ဂိုဏ်းများ ကြောင့် ဖြစ်သည်။
JLR တို့သည် လူကြိုက်များခြင်း၊ တပတ်ရစ်ဈေးကွက်တွင် ဈေးကောင်းခြင်းနှင့် ကားတွင် အသုံးပြုသော Keyless နည်းပညာတို့ကြောင့် သူခိုးတို့၏ အဓိကပစ်မှတ်ထားခြင်း ခံရသည်။
၂၀၂၃ ခုနှစ်အတွင်း ဗြိတိန်သည် အခိုးခံရဆုံး ကားမော်ဒယ် ၁၀ မျိုးတွင် JLR ထုတ်ကားမော်ဒယ် ၃ မျိုးအထိ ပါဝင်နေသည်။
((ဗြိတိန်တွင် ၂၀၂၃ ခုနှစ်အတွင်း အခိုးခံရဆုံး ထိပ်တန်း ကား ၁၀ မျိုး))
1 Ford Fiesta -၅၉၇၆ စင်း
2 Ford Focus -၂၁၂၀ စင်း
3 Volkswagen Golf -၂၀၃၈ စင်း
4 Mercedes-Benz C-Class -၁၇၈၆ စင်း
5 Range Rover Sport -၁၆၃၁ စင်း
6 Range Rover Evoque -၁၄၈၉ စင်း
7 BMW 3 Series-၁၄၆၆ စင်း
8 Vauxhall Corsa -၁၁၁၀ စင်း
9 Vauxhall Astra -၁၀၈၆ စင်း
10 Land Rover Discovery Sport-၉၅၄ စင်း
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Why is Range Rover insurance so expensive? (telegraph)