- ပင်မစာမျက်နှာ
- ကားသတင်းများ
- အာရပ်စော်ဘွားများ ပြည်ထောင်စုမှ ဒေါ်လာ ၂၀ ဘီလီယံ ချမ်းသာသော တော်ဝင်မင်းသား ဝယ်ယူစုဆောင်းထားသည့် အလွန်တရာကြီးမားလှသော ဧရာမ မော်တော်ကားကြီးများ
အာရပ်စော်ဘွားများ ပြည်ထောင်စုမှ ဒေါ်လာ ၂၀ ဘီလီယံ ချမ်းသာသော တော်ဝင်မင်းသား ဝယ်ယူစုဆောင်းထားသည့် အလွန်တရာကြီးမားလှသော ဧရာမ မော်တော်ကားကြီးများ
- 319 views
အကယ်၍ သင့်တွင် ဒေါ်လာ ၂၀ ဘီလီယံရှိသည်ဆိုပါက မည်သည့်အရာများ လုပ်ဆောင်မည်နည်း။
ရှိတ် ဟာမက် ဘင် ဟမ်ဒန် အယ်လ် နာယန်ကမူ မော်တော်ကားများ ဝယ်ယူစုဆောင်းသည့်ဘက်တွင် ဝါသနာပါသည်။
အထူးသဖြင့် ဧရာမ ကားကြီးများကို ရှိတ်ဟာမက် သဘောကျသည်။
ရှိတ်ဟာမက်ကို ရိန်းဘိုး ရှိတ်ဟုလည်း လူသိများပြီး အဘူဒါဘီကို အုပ်စိုးသော တော်ဝင်မိသားစုဝင်တစ်ဦး ဖြစ်သည်။
((ရှိတ် ဟာမက်၏ ဧရာမ မော်တော်ကားကြီးများ))
ရှိတ်ဟာမက်သည် ကျိကျိတက် ချမ်းသာသူဖြစ်ပြီး မော်တော်ကားများကို နှစ်သက်ခုံမင်သူ ဖြစ်သည်။
တန်ဖိုးကြီး မော်တော်ကားများ စုဆောင်းလေ့ရှိသည့် အခြားသော ဘီလျံနာကြီးများနှင့် မတူသည့်အချက်မှာ ရှိတ်ဟာမက်က ဧရာမ မော်တော်ကားကြီးများကို နှစ်သက်သဘောကျခြင်း ဖြစ်သည်။
ရှိတ် ဟာမက် ဝယ်ယူစုဆောင်းထားသော ဧရာမ မော်တော်ကားကြီးများကို အာရပ်စော်ဘွားများ ပြည်ထောင်စု နှင့် မော်ရိုကိုနိုင်ငံတို့ရှိ ပြတိုက်များတွင် ပြသထားသည်။
ရှိတ်ဟာမက်သည် သက်တန့်ရောင် မော်တော်ကားများကိုလည်း အထူးနှစ်သက်ရာ Mercedes S-Class များကို သက်တန့်ရောင်စုံ စုစည်းထားသည်။
ရှိတ်ဟာမက်၏ ဧရာမ ကားကြီးများအနက် ဒုတိယကမ္ဘာစစ်ခေတ်က ပေါ်ပေါက်ခဲ့သော Willys ဂျစ် ပုံတူ ကြီးမားလှသော ကားကြီးတစ်စင်းလည်း ပါဝင်သည်။
အခြား ထင်ရှားသော ကားတစ်စင်းမှာ ကြီးမားလှသည့် ၁၀ ဘီးတပ်ယာဉ်ကြီးဖြစ်သော Dhabiyan ဖြစ်ကာ သမားရိုးကျ ယာဉ်များမှာ ဤကားကြီးနှင့် ယှဉ်လိုက်လျှင် များစွာသေးငယ်သွားသည်။
(ဓာတ်ပုံ-Sheikh Hamad)
သူ၏ Hummer မှာလည်း သာမန် မဟုတ်။
ပုံမှန် H1 ထက် ၃ ဆကြီးသောကြောင့် X3 ဟု အမည်ပေးထားပြီး အတွင်းတွင် ရေချိုးခန်းတစ်ခန်းပင် ပါသေးသည်။
အဆိုပါ Hummer ၏ တာယာတစ်လုံးလျှင် ကန်ဒေါ်လာ ၂၅၀၀၀ ခန့် တန်ကြေးရှိသည်။
(ဓာတ်ပုံ-Sheikh Hamad)
RAM 2500 မှာ ပုံမှန် SUV ဖြစ်သော်လည်း တာယာများမှာ အမြင့် ၂ ဒသမ ၆ မီတာ ရှိသည်။
သူ၏ စုဆောင်းထားသောကားများမှာ ခရစ္စတီယာနို ရော်နယ်ဒိုနှင့် ဂျွန်နီဒက်ပ်တို့ထက် သာလွန်နေသည်။
(ဓာတ်ပုံ-Sheikh Hamad)
((ရှိတ် ဟာမက်နှင့် ဂင်းနက်စ် စံချိန်))
စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်မှာ ရှိတ်ဟာမက်သည် ဂင်းနက်စ်ကမ္ဘာ့စံချိန်အချို့ မှတ်တမ်းတင်ခံ ထားရသူ ဖြစ်သည်။
ယင်းတို့အနက် အံ့ဖွယ်အကောင်းဆုံး ကမ္ဘာ့စံချိန်မှာ ရှိတ်ဟာမက်သည် ကမ္ဘာပေါ်တွင် 4×4 ကားများ အများဆုံး စုဆောင်းထားသော စံချိန်ပင် ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: UAE royal with $20 billion net worth has an obsession with supersizing cars (supercarblondie)
Photo Credit- Sheikh Hamad