- ပင်မစာမျက်နှာ
- ကားသတင်းများ
- ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပေဒများ (၃)
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပေဒများ (၃)
- 496 views
(တ) ကုန်တင်ယာဉ်(ဝန်လေး) ဆိုသည်မှာ ဝန်တင်အား ကုန်အလေးချိန် သုံးတန် (၃၀၀၀ ကီလိုဂရမ်) အထက် တင်ဆောင်နိုင်သော မော်တော်ယာဉ်ကို ဆိုသည်။
(ထ) ခရီးသည်တင်ယာဉ် ဆိုသည်မှာ ခရီးသည်များကို တစ်နေရာမှ တစ်နေရာသို့ပို့ဆောင် ပေးသော ယာဉ်မောင်းနှင်သူအပါအဝင် ခရီးသည်အရေအတွက် ၁၅ ဦး အထက် တင်ဆောင်နိုင်သော မော်တော်ယာဉ်ကို ဆိုသည်။ ယင်းစကားရပ်တွင် မြို့တွင်းခရီးသည်တင်ယာဉ်နှင့် အဝေးပြေးခရီးသည်တင် ယာဉ်တို့ပါဝင်သည်။
(ဒ) မော်တော်ယာဉ်ငယ် ဆိုသည်မှာ ဝန်တင်အား ကုန်အလေးချိန် သုံးတန် (၃၀၀၀ ကီလိုဂရမ်) အထိ သို့မဟုတ် ယာဉ်မောင်းနှင်သူ အပါအဝင် ခရီးသည်အရေအတွက် ၁၅ ဦး အထိ တင်ဆောင်နိုင်သော မော်တော်ယာဉ်ကို ဆိုသည်။ ယင်းစကားရပ်တွင် သုံးဘီးတပ်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ထရော်လာဂျ ီ တို့ပါဝင်သည်။
(ဓ) မော်တော်ယာဉ်ကြီး ဆိုသည်မှာ ဝန်တင်အား ကုန်အလေးချိန် သုံးတန် (၃၀၀၀ ကီလိုဂရမ်) အထက် သို့မဟုတ် ယာဉ်မောင်းနှင်သူ အပါအဝင် ခရီးသည်အရေအတွက် ၁၅ ဦး အထက် တင်ဆောင်နိုင်သော မော်တော်ယာဉ်ကို ဆိုသည်။ ယင်းစကားရပ်တွင် နောက်တွဲယာဉ်၊ ချိတ်ဆွဲယာဉ်နှင့် စက်ယန္တရား တို့ပါဝင်သည်။
(န) ဝန်မပါအလေးချိန် ဆိုသည်မှာ မော်တော်ယာဉ်မောင်းနှင်သူ၊ ယာဉ်အကူ၊ စီးနင်းလိုက်ပါသူများနှင့် ကုန်ပစ္စည်းများ မပါရှိသည့် မော်တော်ယာဉ်၏အလေးချိန်ကို ဆိုသည်။ ထိုအလေးချိန်တွင် ဆီတိုင်ကီတွင် ဆံ့သော လောင်စာဆီ၊ အရန်ဘီးနှင့် ကိရိယာ တန်ဆာပလာများ၏ အလေးချိန်တို့လည်း ပါဝင်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com