- ပင်မစာမျက်နှာ
- ကားသတင်းများ
- EV ပြိုင်ပွဲတွင် ဦးဆောင်နေသော ကားထုတ်လုပ်သူများနှင့် နောက်ကျကျန်ရစ်သော ကုမ္ပဏီများ
EV ပြိုင်ပွဲတွင် ဦးဆောင်နေသော ကားထုတ်လုပ်သူများနှင့် နောက်ကျကျန်ရစ်သော ကုမ္ပဏီများ
- 350 views
အမေရိကန် လျှပ်စစ်ကားထိပ်သီး Tesla နှင့် တရုတ်ပြည်မှ BYD တို့သည် ကမ္ဘာ့လျှပ်စစ်ကားဈေးကွက် ထိပ်ဆုံးနေရာအတွက် အပြိုင်အဆိုင် အားပြိုင်နေကြချိန်တွင် အချို့သော နာမည်ကြီး ထိပ်သီးကုမ္ပဏီကြီး များမှာ နောက်ကျ ကျန်ရစ်ခဲ့ကြကြောင်း အစီရင်ခံစာသစ်တစ်ခုတွင် ဖော်ပြသည်။
International Council on Clean Transportation (ICCT) က ကားကုမ္ပဏီကြီးများ၏ လျှပ်စစ်ကား စီမံကိန်းများ၊ ၂၀၂၃ ခုနှစ်က အရောင်းဈေးကွက်ဝင်ခဲ့သော မော်ဒယ်များအပေါ် အခြေခံကာ ကမ္ဘာ့ အကြီးမားဆုံး လျှပ်စစ်ကား ထုတ်လုပ်သူများ ရပ်တည်မှုအဆင့်ကို ဖော်ပြခဲ့သည်။
ထိုလေ့လာချက်အရ အချို့သော ကားထုတ်လုပ်သူတို့သည် ပြီးခဲ့သောနှစ်အတွင်း လျှပ်စစ်ကား ထုတ်လုပ်ရေးတွင် ကြီးမားသည့် တိုးတက်မှုများရှိခဲ့သော်လည်း Mercedes-Benz နှင့် MG တို့ အပါအဝင် အချို့သော ကားကုမ္ပဏီတို့မှာ ရပ်တည်မှုအဆင့်ကျဆင်းသွားခဲ့ကြောင်း တွေ့ရသည်။
ဂျပန်ကားကုမ္ပဏီများဖြစ်သော Suzuki, Mazda, Honda, Nissan နှင့် Toyota တို့မှာ ထိုလေ့လာချက်တွင် များစွာဝေဖန်ခံထားရသည်။
ICCT ၏ Global Automaker Rating 2023 မှာ နာမည်ကြီး EV အမှတ်တံဆိပ် ၂၁ ခု၏ မဟာဗျူဟာ မျှော်မှန်းချက်၊ ဈေးကွက်လွှမ်းမိုးမှု၊ နည်းပညာအခြေအနေ အစရှိသော အချက်အလက်များကို သုံးသပ်ကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
Car makers scored and ranked for EV performance (2022 vs 2023)
အဆိုပါ အစီရင်ခံစာတွင် ကမ္ဘာ့ EV လောက၌ Tesla နှင့် BYD တို့က ဦးဆောင်ထားသည်ကို တွေ့ရပြီး Tesla မှာ BYD ကို ဖြတ်ကျော် ဦးဆောင်ထားနိုင်သည်ကိုလည်း တွေ့ရသည်။
ထိုအစီရင်ခံစာအရ BYD က ရောင်းချခဲ့ရသော ကားများအနက် ထက်ဝက်နီးပါးမှာ လျှပ်စစ် hybrid ကားများ ဖြစ်သည်ကို တွေ့ရရာ လျှပ်စစ်ကား ရောင်းချရမှုကဏ္ဍတွင် Tesla ၏ နောက်သို့ ရောက်ရှိသွားသည်။
လျှပ်စစ် hybrid ကားများသည် fully-electric မော်ဒယ်များနှင့်ယှဉ်လျှင် ဓာတ်ဆီအပေါ် မှီခိုနေရသေးသည်။
Tesla သည် ပြိုင်ဘက်များအပေါ် ရောင်းအားအရ ဦးဆောင်နိုင်မှုအပြင် အားသွင်းမြန်နှုန်း၊ မောင်းနှင်နိုင်သည့် ခရီး၊ စွမ်းအင်သုံးစွဲမှု အချက်များတွင်လည်း အကောင်းဆုံးအဖြစ် ဦးဆောင်ထားသည်။
(လက်ရှိအားဖြင့် Tesla မှာ ထိပ်ဆုံးတွင် ဦးဆောင်နေသည်)
(ကယ်လီဖိုးနီးယားပြည်နယ်၊ ရစ်ချ်မွန်မြို့တွင် ဖြန့်ချိရန် အသင့်ပြင်ဆင်ထားသော Tesla Model 3 ကားများကို တွေ့ရပုံ။)
(EV ကားထုတ်လုပ်သူ ၂၁ ခု၏ အားသွင်းမြန်နှုန်း ရပ်တည်မှု အဆင့်ကို ဖော်ပြထားပုံ။ Tesla မှာ အမှတ် ၁၀၀ ရရှိထားသည်)
(BYD က ရောင်းချခဲ့ရသော ကားများ၏ ထက်ဝက်နီးပါးမှာ လျှပ်စစ် hybrid ကားများ ဖြစ်ပြီး fully-electric ကားများ မဟုတ်ချေ။)
(ပုံတွင်တွေ့ရသော iX3 အပါအဝင် လျှပ်စစ်ကား မော်ဒယ်များစွာ ထုတ်လုပ်ထားသော BMW မှာ ရောင်းအားကောင်းသော ထိပ်တန်းအမှတ်တံဆိပ်များထဲတွင်ပါဝင်သည်။)
(Mercedes-Benz သည် ၂၀၂၂ ခုနှစ်ကထက် အဆင့် ၅ နေရာ ခုန်တက်လာပြီး နံပါတ် ၄ နေရာသို့ ရောက်ရှိလာသည်။)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Car makers leading the way in the EV race and the manufacturers falling behind - see where your brand ranks (dailymail)
Photo Credit: dailymail