ဘောလုံးကြယ်ပွင့် ရော်နယ်ဒင်ဟိုကို လန်ဒန်မြို့တွင် ပန်းရောင် Rolls-Royce Phantom ဖြင့် တွေ့ရ

  • 272 views

 

ဂန္ထဝင် ဘောလုံးကြယ်ပွင့် ရော်နယ်ဒင်ဟိုကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် ဖိတ်ဖိတ်လက်နေသော Rolls-Royce Phantom တစ်စီးဖြင့် ရွှင်လန်းစွာ တွေ့ရသည်။

ရော်နယ်ဒင်ဟိုသည် လန်ဒန်မြို့ Niketown Oxford လမ်းသို့ အားကစားဖိနပ်ဆိုင်သစ်ဖွင့်ပွဲအတွက် လာရောက်ခဲ့ခြင်း ဖြစ်သည်။

Nike Tiempo Legend 10 Elite အမှတ်တံဆိပ် အားကစားဖိနပ်ဆိုင်ဖွင့်ပွဲသို့ လူသူပရိသတ်များစွာ လာရောက်ခဲ့ကြပြီး ရော်နယ်ဒင်ဟိုကလည်း ပန်းရောင် Rolls-Royce ဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။

အဆိုပါ ဆိုင်ဖွင့်ပွဲသို့ Barbie Pink အရောင် Rolls-Royce ဖြင့် ရောက်ရှိလာသော ရော်နယ်ဒင်ဟိုအပြင် လန်ဒန်မြို့တွင် နာမည်ကြီးသော Cortiez အဝတ်အထည် အမှတ်တံဆိပ်ကို ထုတ်လုပ်သူ Clint 419 လည်း ရောက်ရှိလာခဲ့သည်။

 

(ဓာတ်ပုံ-Nike)

 

ရော်နယ်ဒင်ဟို၏ ပန်းရောင်ကားမှာ ထိုနေ့က မိတ်ဆက်ချပြခဲ့သော ဖိနပ်များနှင့် များစွာအသွင်တူ နေသည်။


(Nike Tiempo Legend 10 Elite ဘာလဲ)

Nike Tiempo Legend 10 Elite သည် အားကစားဖိနပ် အမျိုးအစားတစ်ခုဖြစ်ပြီး တန်ကြေး ဒေါ်လာ ၂၄၀ ခန့် ရှိသည်။

အရောင်အနေဖြင့် မီးခိုးရောင်၊ metallic gold ၊ စိမ်းပြာနှင့် အနက်ရောင်များ ရနိုင်သည်။

Nike ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ “Legend တွေတောင် ပြောင်းလဲဖို့ နည်းလမ်းရှာကြပါတယ်။ အခုနောက်ဆုံးထွက်လာတဲ့ Elite အားကစားဖိနပ်တွေဟာ FlyTouch Plus နည်းပညာသစ် သားရေကို အသုံးပြုထားပါတယ်” ဟု ဖော်ပြသည်။

“သဘာဝသားရေထက် နူးညံ့ပြီး သင့်ခြေထောက်အတွက် အခြေအနေအားလုံးမှာ ထိန်းချုပ်နိုင်ဖို့ လိုက်လျောညီထွေ ရှိစေမှာ ဖြစ်ပါတယ်။”

“စိုစွတ်တဲ့ ရာသီဥတုအခြေအနေမျိုးမှာတောင် မြဲမြံစေနိုင်တာကြောင့် ကစားပွဲရဲ့ အရှိန်အဟုန်ကို အဆုံးအဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်”

 

(ဓာတ်ပုံ-Nike)

 

“ယနေ့ချိန်အထိ ထုတ်လုပ်ထားတဲ့ ဘယ် Tiempo ထက်မဆို ပိုမိုပေါ့ပါး သားနားပါတယ်။ Legend 10 ဟာ ကစားကွင်းထဲမှာ ဘယ်နေရာက ကစားသူအတွက်မဆို သင့်တော်ပါတယ်” ဟုလည်း Nike ၏ ဝက်ဘ်ဆိုက် တွင် ဖော်ပြသည်။


((ရော်နယ်ဒင်ဟို ဘယ်လောက်နာမည်ကြီးလဲ))

 

ရော်နယ်ဒင်ဟိုသည် ပန်းရောင် ရိုးရွိုက်စ်ကား ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဘေးနားသို့ လူအုံလာနေဆဲ ဖြစ်သည်မှာ အံ့သြဖွယ် မရှိချေ။

ဘရာဇီးဂန္ထဝင်ဘောလုံးကြယ်ပွင့် ရော်နယ်ဒင်ဟိုသည် ကစားသမားဘဝ ၂၅ နှစ်ကျော်ကာလအတွင်း အေစီမီလန်နှင့် ဘာစီလိုနာတို့ကဲ့သို့ ဒိတ်ဒိတ်ကြဲ အသင်းများတွင် ကစားခဲ့သည်။

 

 

ကစားသမားဘဝတလျှောက် ၂၀၅ ဂိုးသွင်းယူထားရာ စီရော်နယ်ဒိုနှင့် လီယိုနယ် မက်ဆီတို့ကဲ့သို့ စိတ်ခွန်အား ပေးနိုင်သူအဖြစ် မကြာခဏ ညွှန်းဆိုခံရသူဖြစ်ရာ ယနေ့တိုင် သြဇာလွှမ်းနိုင်ဆဲဖြစ်ခြင်းမှာ အံ့အားသင့်ဖွယ် မရှိချေ။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Soccer star Ronaldinho spotted in London with pink Rolls-Royce Phantom (supercarblondie)