အမေရိကန်ထုတ် ခေတ်ဟောင်းပြိုင်ကားများကို ရုရှားနိုင်ငံသားများ အထူးနှစ်သက်

  • 263 views

အချို့သော အမေရိကန်နိုင်ငံသားတို့မှာ မိမိတို့မှာ အဆင့်မြင့်သူများဖြစ်ပြီး ခေတ်ဟောင်း ပြိုင်ကားများကို နှစ်သက်ခြင်းမရှိသည့်ပုံစံပြုမူနေကြသော်လည်း ရုရှားမှ ကားဝါသနာအ်ိုးများ အပါအဝင် ကမ္ဘာတဝန်းရှိ များစွာသောသူတို့မှာ ခေတ်ဟောင်းပြိုင်ကားများကို နှစ်သက်သဘောကျကြသည်။

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းတွင် အမေရိကန် ခေတ်ဟောင်းပြိုင်ကားများ များစွာတွေ့လာရသည်။

မကြာသေးမီက ထွက်ပေါ်လာသော ဗွီဒီယိုဖိုင်တစ်ခုတွင် ရုရှားနိုင်ငံ မော်စကိုမြို့တော်၏ အပြင်ဘက်၌ အမေရိကန်ထုတ် ခေတ်ဟောင်းပြိုင်ကားများစွာ ကားမောင်းပြိုင်နေကြသည်ကို တွေ့ရသည်။

Russian Weekend Drags ဟုခေါ်သော ကားပြိုင်ပွဲကို တစ်နှစ်လျှင် ၂ ကြိမ် ကျင်းပသည်။

ထိုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော ကားဝါသနာအိုးတို့က ကိုယ့်ကိုယ်ကို “အံ့ဖွယ်ကောင်းသူများ” ဟု အမည်ပေးထားကြသည်။

ထိုပြိုင်ပွဲများမှာ အမေရိကန်တွင် တွေ့ရလေ့ရှိသည့် လမ်းပေါ်ပြိုင်ပွဲများလောက် မကြီးမားချေ။

သို့သော် ရုရှားတွင် လမ်းပေါ်ကားပြိုင်ပွဲများ များများစားစား မရှိသောတစ်ချက်တည်းနှင့်ပင် စိတ်ဝင်စားဖွယ် ဖြစ်နေသည်။

 

(ဓာတ်ပုံ-YouTube)


ရုရှားနိုင်ငံသားတို့မှာ ကွန်မြူနစ်ခေတ် ညံ့ဖျင်းလှသော ကားများကို ချောင်ထိုးထားလိုက်ကြပြီး ခေတ်စနစ် အပေါ် မနှစ်သက်ကြသည်မှာလည်း ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ဆိုဗီယက်ယူနီယမ်၏ ကောင်းစွာ မလည်ပတ်နိုင်မှုကို အကောင်းဆုံး ပုံဖော်ထားမှုတစ်ခုအား ကြည့်မြင်လိုပါက ဆိုဗီယက်ခေတ် ကားများဖြစ်သော Lada,Zil,Gaz နှင့် Uaz တို့ကိုသာ ကြည့်ပါ။

အချို့သူများအနေဖြင့်မူ အဆိုပါကားများကို ပြန်လည်တမ်းတ လွမ်းဆွတ်နေကြဖွယ်ရှိသည်။

ထိုကားများမှာ နေ့စဉ်ဘဝလမ်းများပေါ်တွင် တွေ့မြင်ရတော့ခြင်း မရှိချေ။

 

 

(ဓာတ်ပုံ-YouTube)

 

ထိုကားပြိုင်ပွဲတွင် ပါဝင်ခဲ့သည့် ကားအားလုံးမှာ အမေရိကန်ထုတ် ကားများချည်းကားမဟုတ်။ 

ဥပမာအားဖြင့် Porsche 911 Cabriolet တစ်စီးလည်း ပါဝင်သည်။
ထို့အပြင် Chevrolet SSR တစ်စီးလည်း တွေ့ရသည်။

ယခုကဲ့သို့ကားများ ရုရှားတွင် စုရုံးကာ ကားပြိုင်ကြသည်မှာ အမှန်တကယ်ပင် အံ့အားသင့်ဖွယ် ကောင်းလှသည်။

အဆိုပါ ဗွီဒီယိုဖိုင်ကို YouTube တွင် ကြည့်ရှုနိုင်ပါသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Russians Love American Muscle Cars (autos)

Photo Credit:  YouTube