• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • BYD ထုတ် ကားများ မေလအတွင်း အစင်းရေ ၃၃၁,၈၁၇ ရောင်းချခဲ့ရ၊ လျှပ်စစ် Hybrid ကားများ (PHEVs) မှာ ဘက်ထရီလျှပ်စစ်ကား (BEV) များထက် ရောင်းအားပိုကောင်းနေ

BYD ထုတ် ကားများ မေလအတွင်း အစင်းရေ ၃၃၁,၈၁၇ ရောင်းချခဲ့ရ၊ လျှပ်စစ် Hybrid ကားများ (PHEVs) မှာ ဘက်ထရီလျှပ်စစ်ကား (BEV) များထက် ရောင်းအားပိုကောင်းနေ

  • 223 views

 

BYD သည် ပြီးခဲ့သော မေလအတွင်း ရောင်းအားအထူးကောင်းမွန်ခဲ့ပြီး BYD ၏ သမိုင်းတလျှောက် ရောင်းအား ဒုတိယအကောင်းဆုံး လတစ်လ ဖြစ်ခဲ့သည်။

အထူးသဖြင့် လျှပ်စစ် hybrid ကား (PHEV) များမှာ ရောင်းအားအထူးကောင်းမွန်ခဲ့သည်။

BYD သည် ပြီးခဲ့သော မေလအတွင်း စွမ်းအင်သစ်သုံးယာဉ် (NEV) များ အစင်းရေ ၃၃၁,၈၁၇ ရောင်းချခဲ့ရ ကြောင်း ယနေ့ (ဇွန် ၂) ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြသည်။

 

 

ပြီးခဲ့သောနှစ် ဒီဇင်ဘာလက BYD သည် ကားအစင်းရေ ၃၄၁,၀၄၃ ရောင်းချခဲ့ရမှုမှာ ကုမ္ပဏီသမိုင်းတလျှောက် ရောင်းအားအကောင်းဆုံးလ ဖြစ်ခဲ့သည်။

ပြီးခဲ့သောနှစ် မေလက ရောင်းအားပမာဏမှာ အစင်းရေ ၂၄၀,၂၂၀ ဖြစ်ရာ ယခုနှစ် မေလတွင် ရောင်းအား ၃၈ ဒသမ ၁၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဧပြီလရောင်းအား အစင်းရေ ၃၁၃,၂၄၅ ထက်လည်း ရောင်းအား ၅ ဒသမ ၉၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

BYD သည် ၂၀၂၂ ခုနှစ်၊ မတ်လတွင် ICE ကားများထုတ်လုပ်ရောင်းချမှု ရပ်ဆိုင်းလိုက်ပြီး PHEV များနှင့် BEV များကိုသာ အာရုံစိုက်ထုတ်လုပ်ခဲ့သည်။

BYD မှ ထုတ်လုပ်သော NEV များတွင် အိမ်စီးကားများနှင့် လုပ်ငန်းသုံးကားများ ပါဝင်သည်။

အိမ်စီးကားများမှာ ပြီးခဲ့သော မေလအတွင်း အစင်းရေ ၃၃၀,၄၈၈ ရောင်းချခဲ့ရပြီး ယခင်နှစ် မေလကထက် ရောင်းအား ၃၈ ဒသမ ၂၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ယခုနှစ် ဧပြီလထက် ၅ ဒသမ ၉၁ ရာခိုင်နှုန်း ရောင်းအား တက်ခဲ့သည်။

လုပ်ငန်းသုံးကားများမှာ မေလအတွင်း အစင်းရေ ၁၃၂၉ ရောင်းချခဲဲ့ရပြီး ယခင်နှစ် မေလကထက် ရောင်းအား ၁၇ ဒသမ ၈၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

 

 

ပြီးခဲ့သော လအနည်းငယ်အတွင်း BYD ထုတ် NEV များအနက် အိမ်စီး PHEV များမှာ BEV များထက် ရောင်းအားကောင်းခဲ့ရာ ဈေးကွက်တစ်ခုလုံးအနေအထားတွင် hybrid များကို ပိုမိုနှစ်သက်ကြောင်း ပြသနေသည်။

BYD သည် မေလအတွင်း အိမ်စီး BEV အစင်းရေ ၁၄၆,၃၉၅ ရောင်းချခဲ့ရပြီး ယခင်နှစ် မေလကထက် ၂၂ ဒသမ ၄၀ ရာခိုင်နှုန်း ရောင်းအားတက်ခဲ့သည်။

ပြီးခဲ့သောနှစ် ဒီဇင်ဘာလအတွင်း စံချိန်တင်ရောင်းအားကောင်းခဲ့စဉ်က BEV အိမ်စီးကား ရောင်းချရမှု ပမာဏ မှာ အစင်းရေ ၁၉၀,၇၅၄ ဖြစ်သည်။

မေလအတွင်း BYD ထုတ် အိမ်စီး PHEV ရောင်းချရမှုမှာ အစင်းရေ ၁၈၄,၀၉၃ ဖြစ်ပြီး ယခင်နှစ်မေလကထက် ရောင်းအား ၅၄ ဒသမ ၀၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: BYD sells 331,817 NEVs in May, PHEV sales set another record high (cnevpost)