• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အမေရိကန်ရုပ်ရှင်မင်းသား၊ ကမ္ဘာ့ချန်ပီယံ ၁၆ ကြိမ် ရရှိထားသော နပန်းသမား ဂျွန်စီနာက သူ၏ ၂၀၂၁ ထုတ် Honda Civic ကို၂၀၂၄ ခုနှစ်ထုတ် Honda Civic ဖြင့် လဲလှယ်

အမေရိကန်ရုပ်ရှင်မင်းသား၊ ကမ္ဘာ့ချန်ပီယံ ၁၆ ကြိမ် ရရှိထားသော နပန်းသမား ဂျွန်စီနာက သူ၏ ၂၀၂၁ ထုတ် Honda Civic ကို၂၀၂၄ ခုနှစ်ထုတ် Honda Civic ဖြင့် လဲလှယ်

  • 774 views

ဟောလိဝုဒ်ရုပ်ရှင်သရုပ်ဆောင် ဂျွန်စီနာ (မွေး-၁၉၇၇) သည် အမေရိကန်ရုပ်ရှင်မင်းသား၊ နာမည်ကြီး နပန်းသမားတစ်ဦးဖြစ်သည်။

နပန်းသမားအဖြစ် ကမ္ဘာ့ချန်ပီယံဆု ၁၆ ကြိမ်ရရှိထားပြီး သမိုင်းတလျှောက် အကြီးမြတ်ဆုံး နပန်းသမားများ တွင် တစ်ဦးအပါအဝင် ဖြစ်သည်။

ဂျွန်စီနာသည် ၂၀၁၈ ခုနှစ်က ရုံတင်ပြသခဲ့သော သိပ္ပံဆန်းကြယ်ရုပ်ရှင်ကား Bumblebee အပါအဝင် အခြား ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ဂျွန်စီနာသည် လက်ရှိစီးနေသော Honda Civic Type R အစား ၂၀၂၄ ခုနှစ်ထုတ် Honda Civic Type R နှင့် လဲလှယ်ခဲ့သည်။

Fast and Furious တွင်လည်း ပါဝင်သရုပ်ဆောင်ထားသူ ဂျွန်စီနာသည် မျိုးဆက်ဟောင်း Honda Civic နှင့် မျိုးဆက်သစ် တစ်စီးကို လဲလှယ်ခဲ့ခြင်းဖြစ်သည်။

ဂျွန်စီနာသည် တန်ဖိုးကြီးမော်တော်ကားများအစား နေ့စဉ် သွားလာရန်အတွက် သာမန်ကားတစ်စီးကို ရွေးချယ် ခဲ့ခြင်းလည်း ဖြစ်သည်။

ဂျွန်စီနာက X လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်မှာ ၂၀၂၁ ခုနှစ်ထုတ် Honda Civic ကို ကားပြင်ရန် သွားခဲ့ချိန်တွင် ၂၀၂၄ ထုတ် Honda Civic ကားသစ်ကို တွေ့မြင်ခဲ့ပြီး အလွန်သဘောကျသွားကြောင်း၊ ၂၀၂၁ ခုနှစ်ထုတ် ကားဟောင်းအတွက် ပိုင်ရှင်သစ်ရှာဖွေနေကြောင်း မေလ ၂၅ ရက်နေ့က ရေးသားဖော်ပြခဲ့သည်။

ဂျွန်စီနာက နေ့စဉ်စီးသော ကားမှာ Honda Civic ဖြစ်ကြောင်း လွန်ခဲ့သောနှစ်အနည်းငယ်က ထုတ်ဖော် ပြောကြားခဲ့မှုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်ခဲ့ဖူးသည်။

ကမ္ဘာကျော်အများစုမှာ တန်ဖိုးကြီး မော်တော်ကားများကိုသာ စီးနင်းလေ့ရှိရာ ဂျွန်စီနာ၏ ရွေးချယ်မှုအပေါ် များစွာ အံ့အားသင့်ခဲ့ကြသည်။

ဂျွန်စီနာသည် Honda Civic ကိုသာ စီးသည့်အပြင် Manual ဂီယာဘောက်ကိုသာ ရွေးချယ်ခဲ့သည်။

ဂျွန်စီနာ၏ ၂၀၂၁ ခုနှစ်ထုတ် Honda Civic မှာ Boost Blue အရောင်ဖြစ်ပြီး ယခုအခါ အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်ရှိ Honda အရောင်းဆိုင်တွင် ပြန်လည်ရောင်းချရန် အရောင်းတင် ထားသည်။

အကယ်၍ သင့်အနေဖြင့် ဂျွန်စီနာ၏ နေအိမ်ဝန်းကျင်သို့ ရောက်ရှိခဲ့မည်ဆိုပါက ဂျွန်စီနာကို ၂၀၂၄ ခုနှစ်ထုတ် အဖြူရောင် Honda Civic ဖြင့် တွေ့ရနိုင်သည်။

 

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: John Cena Buys A 2024 Honda Civic Type R (carandbike)