မည်သည့်အခါမှ အားသွင်းစရာမလိုသော ရေဘက်ထရီကို တရုတ်သိပ္ပံပညာရှင်များ အောင်မြင်စွာ တီထွင်နိုင်ပြီ

  • 3003 views


ကားသမိုင်းကို ပြောင်းလဲပေးမည့် ရေဘက်ထရီ ပေါ်ပေါက်လာပြီဖြစ်ပြီး သင်လက်ရှိစီးနေသော ကားတွင် အသုံးပြုနိုင်သည်ဟု ဆိုသည်။

ထိုဘက်ထရီ၏ အကောင်းဆုံးအချက်မှာ အားသွင်းစရာမလိုဘဲ ကာလ အဆုံးအစမရှိ အသုံးပြုနိုင်မည့်အချက် ဖြစ်သည်။

လက်ရှိအချိန်အထိ မဖြစ်နိုင်ဟု ယူဆနေကြသော နည်းပညာလည်း ဖြစ်သည်။

တရုတ်ပြည်မှ နောက်ဆုံးထွက်ပေါ်လာသော သိပ္ပံပညာလောက သတင်းများအရ တရုတ်ပြည်မှ ထူးချွန် ထက်မြက်သော သိပ္ပံပညာရှင်တစ်စုက ရေဘက်ထရီကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပြီဟု ဆိုသည်။

အဆိုပါ သမိုင်းတွင်မည့် နည်းပညာမှာ ကမ္ဘာတလွှားမှ ရှိရင်းစွဲ စွမ်းအင်နည်းပညာများကို ဖြတ်ကျော်သွားဖွယ် ရှိသည်။

ထိုနည်းပညာက ဘက်ထရီအရွယ်အစားသေးငယ်သော ဘက်ထရီများတွင်ပင် အရွယ်အစားထက်ပိုမိုသော လျှပ်စစ်စွမ်းအင်ကို adenosine triphosphate (ATP) အား သိုလှောင်ထားနိုင်စေသည်။

အံ့အားသင့်ဖွယ်အချက်မှာ anode ၁ ဂရမ်မှာ လီသီယမ်ဘက်ထရီထက် စွမ်းအင် ၁၀ ဆ ပိုမိုသိုလှောင်နိုင် သည်ကို တွေ့ရခြင်း ဖြစ်သည်။

ခရီးအကွာအဝေး အကန့်အသတ်မရှိ မောင်းနှင်နိုင်မည်ဖြစ်ရာ ဓာတ်ဆီကို အကောင်းဆုံး အစားထိုးနိုင်မည့် အရာ ဖြစ်လာမည် ဖြစ်သည်။

ထို့အပြင် လူသုံးကုန်ပစ္စည်းများတွင်လည်း သက်တမ်းကြာရှည်ခံမည့် ဘက်ထရီများ ရရှိလာစေမည် ဖြစ်သည်။

ယခုနည်းပညာ ပိုမိုအဆင့်မြင့်လာမည်ဆိုပါက လက်ရှိ ဈေးကွက်တွင် ကြီးစိုးနေသော လီသီယမ်ဘက်ထရီ များကို ကန်ထုတ်ပစ်နိုင်ဖွယ်ရှိသည်။

တရုတ်သိပ္ပံပညာရှင်များ ယခုတီထွင်လိုက်သော ရေဘက်ထရီနှင့် သမားရိုးကျ လီသီယံဘက်ထရီတို့အကြား အလုပ်လုပ်ပုံ ကွဲပြားသည်။

ရေဘက်ထရီတွင် anode နှင့် cathode အကြား လီသီယမ်အိုင်းယွန်း ရွေ့လျားမှုကို လျှော့ချထားသည်။

ရေဘက်ထရီတွင် ဓာတ်အားသယ်ဆောင်သူမှာ ရေမော်လီကျူးများ ဖြစ်သည်။

Cathode ကို မန်ဂနိအောက်ဆိုဒ်ဖြင့် ပြုလုပ်ထားပြီး anode မှာ အလူမီနီယံဖြင့် ဖွဲ့စည်းထားသည်။

ဘက်ထရီဆဲလ်များတွင်ရှိသော ရေမော်လီကျူး (H2O) မှာ မန်ဂနိအောက်ဆိုဒ် Cathode ထံသို့ အီလက်ထရွန်များ လွှတ်ပေးပြီး အဖိုဓာတ် ဟိုက်ဒရိုဂျင်အိုင်းယွန်း (H+) ကို ထုတ်လုပ်ပေးသည်။

ဟိုက်ဒရိုဂျင် အိုင်းယွန်းသည် Cathode မှ anode သို့ electrolyte အရည်ကို ဖြတ်သန်းစီးဆင်းသည်။

အီလက်ထရွန်များသည် ဆားကစ်မှ ဖြတ်သန်းကာ လျှပ်စစ်ဓာတ်အားကို သယ်ဆောင်သည်။

အားသွင်းချိန်တွင် လျှပ်စစ်စီးမှုမှာ ပြောင်းပြန်ဖြစ်သည်။

ရေဘက်ထရီကို တရုတ်ပြည်မှ သိပ္ပံပညာရှင်တို့က ဓာတ်ခွဲခန်းတွင် စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြပြီး ဖြစ်သည်။

စမ်းသပ်တိုင်းတာမှုများအရ ရေဘက်ထရီသည် အရွယ်အစားတူ လီသီယမ်အိုင်းယွန်း ဘက်ထရီထက် စွမ်းအင် ပိုမိုကြီးမားများပြားစွာ သိုလှောင်နိုင်စွမ်းရှိသည်ကို တွေ့ရှိခဲ့သည်။

အနာဂတ်ကားများအတွက် ရေဘက်ထရီ၏ အလားအလာကို သင်မည်သို့ ယူဆပါသနည်း။

တရုတ်ပြည်၏ ကားထုတ်လုပ်မှုကဏ္ဍ နည်းပညာအဆင့်မြင့်မှုမှာ မြန်သထက် မြန်လာသည်။

အားမသွင်းရဘဲ ကားမောင်းနိုင်တော့မည့် ပန်းတိုင်သို့ နီးသထက် နီးလာသည်။

လာမည့်နှစ်အနည်းငယ်အတွင်း လျှပ်စစ်ကားများကို အားသွင်းရသည်ဆိုခြင်းမှာ အတိတ်သဖွယ် ကျန်ရစ်ခဲ့ဖွယ် ရှိသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref: The first water battery that your car can carry: infinite autonomy without recharging (ecoticias)


 Photo Credit:  ecoticias