- ပင်မစာမျက်နှာ
- ကားသတင်းများ
- ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပေဒများ (၄)
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပေဒများ (၄)
- 102 views
(ယ) မော်တော်ယာဉ်စစ်ဆေးမှုငြင်းပယ်ရခြင်းကြေညာလွှာ (Notice of Vehicle Inspection Refusal) ဆိုသည်မှာ စစ်ဆေးခံသော မော်တော်ယာဉ်သည် သတ်မှတ်ထားသောမော်တော်ယာဉ်စစ်ဆေးမည့် အခြေခံအချက်များ သို့မဟုတ် အန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ စံသတ်မှတ်ချက်တို့ကို ပြည့်မီရန် ကျေနပ်ဖွယ်ရာမရှိခြင်း သို့မဟုတ် အန္တရာယ် ဖြစ်စေနိုင်သောချို့ယွင်းချက် တစ်ခုခုရှိခြင်းတို့ကြောင့် ပြန်လည်ပြုပြင်စေရန် မော်တော်ယာဉ်စစ်ဆေးသူ အင်ဂျင်နီယာ သို့မဟုတ် တာဝန်ခံအင်ဂျင်နီယာက ထုတ်ပေးသည့် ငြင်းပယ်လွှာကို ဆိုသည်။
(ရ) မော်တော်ယာဉ်စစ်ဆေးရေးအလုပ်ရုံ (Inspection Center) ဆိုသည်မှာ သတ်မှတ်ထားသော မော်တော်ယာဉ်စစ်ဆေးသည့် အခြေခံအချက်များအပြင် စက်ကိရိယာ (Vehicle Inspection Equipment) များဖြင့် မော်တော်ယာဉ်၏ ကြံ့ခိုင်ကောင်းမွန်မှုကို စစ်ဆေး ပေးသည့် အလုပ်ရုံကို ဆိုသည်။
(လ) မော်တော်ယာဉ်စစ်ဆေးခြင်း ပုဂ္ဂလိကလုပ်ငန်းလုပ်ကိုင်သူ (Private Operator for Vehicle Inspection) ဆိုသည်မှာ မော်တော်ယာဉ် စစ်ဆေးခြင်းလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံ၍ လုပ်ငန်းလိုင်စင်ရယူပြီး လုပ်ငန်းလုပ်ကိုင်သူကို ဆိုသည်။
(ဝ) မော်တော်ယာဉ်စစ်ဆေးခြင်း ပုဂ္ဂလိကလုပ်ငန်းကြီးကြပ်သူ ဆိုသည်မှာ မော်တော်ယာဉ် စစ်ဆေးရေး အလုပ်ရုံ (Inspection Center) တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အလုပ်ရုံများ လုပ်ငန်းလည်ပတ်ခြင်း၊ စီမံခန်"ခွဲခြင်းနှင့် မော်တော်ယာဉ်စစ်ဆေးခြင်း လုပ်ငန်းတွင် အရည်အသွေးထိန်းချုပ်ခြင်းအတွက် တာဝန်ရှိသူကို ဆိုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com