- ပင်မစာမျက်နှာ
- ကားသတင်းများ
- မော်တော်ကားများ အားသွင်းနေရခြင်းကို စိတ်ကုန်နေပါသလား။ အမေရိကန်ပြည်၊ ကယ်လီဇိုးနီးယား အခြေစိုက် ကုမ္ပဏီတစ်ခုက နှစ်ပေါင်း ၂၈၀၀၀ အထိ ဘက်ထရီအားခံမည့် စိန်ဘက်ထရီကို တီထွင် ထုတ်လုပ်
မော်တော်ကားများ အားသွင်းနေရခြင်းကို စိတ်ကုန်နေပါသလား။ အမေရိကန်ပြည်၊ ကယ်လီဇိုးနီးယား အခြေစိုက် ကုမ္ပဏီတစ်ခုက နှစ်ပေါင်း ၂၈၀၀၀ အထိ ဘက်ထရီအားခံမည့် စိန်ဘက်ထရီကို တီထွင် ထုတ်လုပ်
- 357 views
နှစ်ပေါင်း ၂၈၀၀၀ ဘက်ထရီအားခံမည့် စိန်ဘက်ထရီ ပေါ်ပေါက်လာရာ မော်တော်ကားများ အားသွင်းနေရမှု၏ နိဂုံးဖြစ်သွားနိုင်သည်။
သို့သော် စိန်ဘက်ထရီ၏ တန်ကြေးမှာ ယခုတိုင် ဈေးနှုန်းမသတ်မှတ်နိုင်အောင် တန်ကြေးကြီးလှသည်။
လျှပ်စစ်ကားများ ဝယ်လိုအား မြင့်တက်လာမှုကြောင့် ဘက်ထရီဈေးကွက်တွင် အမျိုးမျိုး တီထွင်ကြံဆမှုများ ပေါ်ပေါက်လာသည်။
ဘက်ထရီများအနက်မှ အံ့ဖွယ်တီထွင်မှုမှာ သစ်တောများမှ ထုတ်လုပ်သော ဟင်းသီးဟင်းရွက် ဘက်ထရီ ဖြစ်သည်။
သို့သော် ယခုဖော်ပြမည့် ဘက်ထရီမှာ ကျွန်ုပ်တို့ တွေ့ဖူးသမျှအားလုံးကို ဖြတ်ကျော်သွားသည့် ဘက်ထရီ ဖြစ်သည်။
ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း လျှပ်စစ်ကားများအတွက် ဘက်ထရီများ တီထွင်ဖန်တီးမှု အမျိုးမျိုးပေါ်ပေါက်ခဲ့သည်။
နှစ်ပေါင်း ၂၈၀၀၀ ဘက်ထရီအားခံမည့် ဘက်ထရီမျိုးမှာ သိပ္ပံဆန်းကြယ်ရုပ်ရှင်ကားများ ကြည့်နေရသည့် သဖွယ်ဖြစ်နေသော်လည်း အဆိုပါ တီထွင်မှု အမှန်တကယ်ပေါ်ပေါက်လာခြင်း ဖြစ်သည်။
စိန်ဘက်ထရီမှာ အဏုမြူစွန့်ပစ်ပစ္စည်းများမှ ထုတ်လုပ်မည်ဖြစ်ပြီး ဘက်ထရီအား နှစ်ပေါင်း ၂၈၀၀၀ ခံမည် ဖြစ်သည်။
အဆိုပါ တီထွင်မှုကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် ထွန်းသစ်စ ကုမ္ပဏီ တစ်ခုဖြစ်သော Nano Diamond Battery (NDB) က ဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ထံတွင် Diamond Nuclear Voltaic ဟု အမည်ပေးထားသော နမူနာဘက်ထရီတစ်ခု တီထွင်ထားပြီး ဖြစ်သည်။
လျှပ်စစ်ကားများတွင် သုံးမည်ဆိုလျှင် NDB ၏ နာနိုဘက်ထရီတို့သည် အားသွင်းစရာ မလိုဘဲ နှစ်ပေါင်း ၉၀ အသုံးပြုနိုင်မည် ဖြစ်သည်။
NDB ၏ ဘက်ထရီသည် ရေဒီယိုသတ္တိကြွ ဂရက်ဖိုက်ကဲ့သို့ အဏုမြူစွန့်ပစ်ပစ္စည်းများမှ ထုတ်လုပ်သော ရေဒီယိုသတ္တိကြွ အိုက်ဆိုတုပ်များမှ စွမ်းအင်ရရှိခြင်းဖြစ်သည်ဟု ဆိုသည်။
ဘက်ထရီတစ်လုံးစီတိုင်းတွင် ပုံဆောင်ခဲအသွင် စိန်တစ်လုံး ပါဝင်မည်ဖြစ်ပြီး အိုက်ဆိုတုပ်များမှ စွမ်းအင်ကို စုပ်ယူမည် ဖြစ်သည်။
အဆိုပါစိန်တို့သည် နှစ်ပေါင်းထောင်ချီသက်တမ်းခံရာ ထိုစိန်တို့က စွမ်းအင် စဉ်ဆက်မပြတ် ထုတ်လွှတ်ပေး နေမည်ဖြစ်ပြီး မည်သည့်အခါမှ အားသွင်းရန် မလိုတော့ချေ။
Microscopic Diamond တို့၏ လျှပ်ကူး စွမ်းရည်ကြောင့် ရေဒီယိုသတ္တိကြွ အိုက်ဆိုတုပ်များက လျှပ်စစ်အား ထုတ်လုပ်လိုက်သည်နှင့် တပြိုင်နက် စုပ်ယူလိုက်ကြသည်။
Polycrystalline စိန်အလွှာသည် ဓာတ်ရောင်ခြည်ဖြာမှုကို ဖုံးအုပ် ပေးခြင်းအဖြစ် လုပ်ဆောင်သည်။
ထိုပစ္စည်းမှာ Stainless steel ထက် ၁၂ ဆကျော် ပ်ိုမိုမာကျောသည်။
စိန်ဘက်ထရီထုတ်လုပ်သူ ကယ်လီဖိုးနီးယားကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ ထိုအစိတ်အပိုင်းမှာ လူသားတို့ အတွက် လုံးဝဘေးကင်းကြောင်း၊ ရေဒီယိုသတ္တိကြွစိန်ကို သက်တမ်းအလွန်ကြာရှည်ခံသော synthetic diamond တို့ဖြင့် အလွှာပေါင်းများစွာဖုံးအုပ်ထားကြောင်း ထုတ်ပြန်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Goodbye to charging cars forever: the diamond battery that lasts 28,000 years and has an incalculable price tag (ecoticias)