Lamborghini က ၎င်းတို့ဘာသာ သိမ်းဆည်းထားရန်အတွက် Egoista ဟူသောကားကို ထုတ်လုပ်

  • 383 views

● Lamborghini ၏ နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ခြင်းဖြစ်

● ရောင်းချရန် အစီအစဉ်မရှိ

● တိုက်လေယာဉ်တစ်စင်းကို အခြေခံကာ ထုတ်လုပ်ထား

Lamborghini  Egoista သည် Lamborghini က ထုတ်လုပ်ခဲ့သော နမူနာကားများအနက် ရှာရအခက်ဆုံး ဖြစ်သည်။

အဆိုပါကားသည် အီတလီကုမ္ပဏီ Lamborghini က ထုတ်လုပ်ခဲ့သော အခြားမည်သည့်ကားများမှ မတူ။

အဆိုပါကားကို Lamborghini က ချပြခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော် ရှိပြီဖြစ်သော်လည်း Egoista သည် Lamborghini ၏ အထင်ကရ မှတ်တိုင်တစ်ခု ဖြစ်နေဆဲ ဖြစ်သည်။

Lamborghini Egoista ကို ၂၀၁၃ ခုနှစ်အတွင်း သီးသန့်ပါတီပွဲတစ်ခုတွင် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော် အနည်းငယ်ကိုသာ ပထမဆုံး ထုတ်ပြခဲ့ဖူးသည်။

အဆိုပါကားသည် ဈေးကွက်တွင် ရောင်းချရန် ထုတ်လုပ်မည့်ကားမဟုတ်ဘဲ နမူနာကားတစ်စင်းသာ ဖြစ်သည်။

Lamborghini က ကုမ္ပဏီ နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် အမှတ်တရ သိမ်းဆည်းထားရန် ဤကားကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဤကားကို မည်သည့်အခါမှ ရောင်းချမည် မဟုတ်ချေ။

 

(ဓာတ်ပုံ- Lamborghini)

 

Lamborghini Egoista ကို ရှေ့မှာကြည့်လျှင် တိုက်လေယာဉ်တစ်စင်းနှင့်တူသည်။

Lamborghini သည် ကျွဲပုံစံကို သဘောကျကာ ဤကားကို ထုတ်လုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

Lamborghini Egoista ကို ဘေးမှကြည့်လျှင် ကျွဲတစ်ကောင်နှင့်တူပြီး ဦးခေါင်းငိုက်စိုက်ကြကာ ဦးချိုကို ရှေ့သို့ ချိန်ရွယ်ထားသည့်ပုံစံ မှတ်ထင်ရသည်။

အဆိုပါကားကို ပိုင်ဆိုင်လိုသည်ဆိုပါက နည်းလမ်းတစ်ခုတည်းသာရှိပြီး Lamborghini ကုမ္ပဏီကို ဝယ်ယူလိုက်ရန်သာ ရှိသည်။

 

(ဓာတ်ပုံ- Lamborghini)

 

တစ်ယောက်စီးကားဖြစ်ပြီး ကားအမိုးမှာ ဖြုတ်၍ရသည်။

Lamborghini Egoista မှာ Gallardo ကို အခြေခံကာ ထုတ်လုပ်ထားခြင်း ဖြစ်သည်။

5.2 liter V10 အင်ဂျင်တပ်ဆင်ထားပြီး ဆွဲအား ၆၀၀ hp ထွက်သည်။
ကားထဲသို့ ဝင်ရန်ထွက်ရန်မှာ ဖော်မြူလာဝမ်း ကားတစ်စင်းကဲ့သို့ စတီယာရင်ကို ဖြုတ်ရမည် ဖြစ်သည်။

တိုက်လေယာဉ်တစ်စီးအတိုင်း Lamborghini Egoista ၏ ကိုယ်ထည်နှင့် ဘီးများကို ရေဒါခြေရာမခံနိုင်သော ပစ္စည်းတို့ဖြင့် ထုတ်လုပ်ထားသည်။

Lamborghini အနေဖြင့် Egoista ကဲ့သို့ကားမျိုး အနာဂတ်တွင် ထုတ်လုပ်ရောင်းချလာဖွယ်ရှိမည်ဟု မျှော်လင့်ရသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Lamborghini built a car they wanted to keep to themselves, called Egoista (supercarblondie)

Photo Credit- Lamborghini