- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဟောလိဝုဒ်ကြယ်ပွင့် တွမ်ဟင့်စ်၏ သား Lamborghini Urus ကို နံပါတ်ပြားမပါဘဲ မောင်းသောကြောင့် ဖမ်းဆီးခံရ
ဟောလိဝုဒ်ကြယ်ပွင့် တွမ်ဟင့်စ်၏ သား Lamborghini Urus ကို နံပါတ်ပြားမပါဘဲ မောင်းသောကြောင့် ဖမ်းဆီးခံရ
- 247 views
ဟောလိဝုဒ်ကြယ်ပွင့် တွမ်ဟင့်စ်၏ သားဖြစ်သူသည် အင်္ဂါနေ့ မွန်းလွဲပိုင်းက အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့ ၊ Venice Beach ဒေသတွင် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး သူ၏ ကားကို ဆွဲယူခြင်း ခံခဲ့ရသည်။
သူ၏ Lamborghini Urus ကားတွင် နံပါတ်ပြားမရှိသည်ကို ရဲအရာရှိတို့က သတိပြုမိခဲ့ခြင်း ဖြစ်သည်။
တွမ်ဟင့်စ်၏သား ချက်ဟင့်စ်သည် သူ၏ high-performance SUV ကားကို လော့စ်အိန်ဂျလိတွင် မှတ်ပုံတင် နံပါတ်ပြားမရှိဘဲ မောင်းနှင်ခဲ့ခြင်း ဖြစ်သည်။
အသက် ၃၃ နှစ်အရွယ်ရှိ ချက်ဟင့်စ်သည် သူ၏ Lamborghini ကားထဲတွင် ဆဲလ်ဖီးဓာတ်ပုံ ရိုက်ပြီးနောက် အင်စတာဂရမ်၌ တင်ခဲ့ပြီး မကြာမီတွင် အဆိုပါဖြစ်ရပ်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံထဲတွင် တွေ့မြင်ရမှုအရ လမ်းဘေးတွင် ကားရပ်ထားပြီး သူ့ကားရှိရာသို့ ရဲအရာရှိ ၂ ဦး ချဉ်းကပ်လာ နေပုံကို တွေ့ရသည်။
(ချက်ဟင့်စ်ကို ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် Venice Beach အရပ်၌ အရေးယူခဲ့သည်)
(အနက်ရောင် ပြိုင်ကားတွင် လိုင်စင်နံပါတ်ပြား ရှိပုံမရချေ။)
ကားပေါ်တွင် ချက်ဟင့်စ်နှင့်အတူ အခြားတစ်ဦးလည်း လိုက်ပါလာပြီး ထိုသူမှာ အရောင်ဖျော့ ဦးထုပ်တစ်လုံး ဆောင်းထားပြီး ရဲအရာရှိတို့နှင့် အပြန်အလှန်ပြောဆိုမှုကို ဗွီဒီယိုရိုက်ကူးနေဟန်ရသည်။
(ချက်ဟင့်စ်၏ ကားမှာ လမ်းဘေးတွင် ရပ်ထားပြီး ရဲအရာရှိနှစ်ဦးကိုလည်း တွေ့ရသည်)
(ချက်ဟင့်စ်၏ အင်စတာဂရမ်အကောင့်မှာ follower ၅၄၇၀၀၀ ရှိသည်)
ချက်ဟင့်စ် အင်စတာဂရမ်တွင် တင်ခဲ့သော ဓာတ်ပုံတွင် ထောင့်မှန်စတုဂံပုံ နေကာမျက်မှန်၊ အဖြူရောင်တီရှပ် တို့ ဝတ်ဆင်ထားပြီး လည်ပင်းတွင် ဆွဲကြိုးတစ်ခု ဆွဲထားကာ Lamborghini ကားအတွင်း ရိုက်ကူးထားခြင်း ဖြစ်သည်။
ရဲအရာရှိများ ဖမ်းဆီးအရေးယူချိန်တွင်လည်း အဆိုပါ ဝတ်စားဆင်ယင်ပုံအတိုင်းဖြစ်ရာ ဓာတ်ပုံရိုက်သောနေ့နှင့် တစ်နေ့တည်းဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်သည်။
ချက်ဟင့်စ်သည် ဤကားကို လွန်ခဲ့သော တစ်နှစ်ကျော်က ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အပြင်ပိုင်း အနက်ရောင်ဖြစ်ကာ အတွင်းပိုင်းတွင်လည်း အနက်ရောင် သားရေကို အသုံးပြုထားသည်။
Lamborghini SUV တွင် 4.0-liter biturbo V8 အင်ဂျင်တပ်ဆင်ထားပြီး မြင်းကောင်ရေ ၆၅၇ ဆွဲအားထွက်သည်။
ရုန်းအားမှာ 850Nm ရှိကာ 0-60 mph အမြန်နှုန်းကို ၃ ဒသမ ၄ စက္ကန့်အတွင်း ရနိုင်သည်။
(ချက်ဟင့်စ်ကို မိဘများဖြစ်သော တွမ်ဟင့်စ်၊ ရီတာ ဝီလ်ဆင်၊ ညီဖြစ်သူ ထရူးမင်း ဟင့်စ်တို့နှင့်အတူ တွေ့ရပုံ)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Tom Hanks' Son Was Caught Driving His Lamborghini Urus With No License Plates (dailymail)
Photo Credit: dailymail