- ပင်မစာမျက်နှာ
- ကားသတင်းများ
- Tesla က သြစတေးလျတွင် ၂ လတာအတွင်း ဈေးနှုန်းများ ၃ ကြိမ် လျှော့ချပေးခဲ့၊ ဒေါ်လာ ၁၀၀၀၀ ဝန်းကျင်သာ ရှိတော့သော Model Y နှင့် အခြားကားတို့၏ ဈေးနှုန်းအချက်အလက်များ
Tesla က သြစတေးလျတွင် ၂ လတာအတွင်း ဈေးနှုန်းများ ၃ ကြိမ် လျှော့ချပေးခဲ့၊ ဒေါ်လာ ၁၀၀၀၀ ဝန်းကျင်သာ ရှိတော့သော Model Y နှင့် အခြားကားတို့၏ ဈေးနှုန်းအချက်အလက်များ
- 260 views
အမေရိကန်လျှပ်စစ်ကားကုမ္ပဏီကြီး Tesla သည် သြစတေးလျနိုင်ငံတွင် ဈေးနှုန်း လျှော့ချပေးမှုများ ထပ်မံပြုလုပ်လာရာ Tesla ၏ ဈေးအသက်သာဆုံးဖြစ်သော Model Y မှာ ယခုအခါ ဒေါ်လာ ၁၀၀၀၀ ဝန်းကျင်ခန့်သာရှိတော့ပြီး လွန်ခဲ့သော ၂ လက ဈေးနှုန်းအောက် များစွာသက်သာသွားပြီ ဖြစ်သည်။
ပြီးခဲ့သောလက ဒေါ်လာ ၈၅၀၀ အထိ ၂ ကြိမ်ဈေးလျှော့ချပေးခဲ့ပြီး ယခုလတွင်လည်း Model 3 နှင့် Model Y တို့ကို ဒေါ်လာ ၃၀၀၀ နှင့် ဒေါ်လာ ၅၀၀၀ အသီးသီးလျှော့ချပေးခဲ့ပြန်သည်။
Model Y ၏ ဈေးအသက်သာဆုံးနှင့် နာမည်အကြီးဆုံး ဗားရှင်းဖြစ်သော နောက်ယက် (RWD) မှာ ပြီးခဲ့သော ရက်ပိုင်းကဈေးအောက် ဒေါ်လာ ၅၀၀၀ သက်သာသွားပြီဖြစ်ပြီး ၂ လတာအတွင်း စုစုပေါင်း ဒေါ်လာ ၉၅၀၀ ဈေးလျှော့ချပေးခဲ့သည်။
လွန်ခဲ့သော ၁၈ လက ဈေးနှုန်းနှင့်ယှဉ်လျှင် ဒေါ်လာ ၁၆၄၀၀ ဈေးနှုန်းလျော့ကျသွားရာ Kia Picanto ၏ ဈေးအသက်သာဆုံး ဗားရှင်း ကားတစ်စင်းစာ တန်ဖိုးနီးပါး ဈေးနှုန်းကျဆင်းသွားခြင်းလည်း ဖြစ်သည်။
(၂၀၂၃ ခုနှစ် မော်ဒယ် Model Y)
အခြေခံ Model Y တစ်စီး၏ လက်တင်စီး ဈေးနှုန်းမှာ ယခုအခါ ဒေါ်လာ ၅၅၉၀၀ ဖြစ်ရာ Toyota RAV4 Hybrid (ဒေါ်လာ ၅၈၃၆၀) အောက် ဈေးနှုန်းသက်သာသွားပြီဖြစ်ပြီး KIA EV6 လျှပ်စစ် SUV (ဒေါ်လာ ၇၂၅၉၀) အောက် ဒေါ်လာ ၁၇၀၀၀ နီးပါး ဈေးသက်သာသွားသည်။
Entry-level Tesla Model 3 (RWD) ကို ဒေါ်လာ ၄၀၀၀ လျှော့ချပေးလိုက်ရာ အသင့်စီးအနေအထား ဒေါ်လာ ၅၄၉၀၀ ဖြင့် ရနိုင်ပြီဖြစ်သည်။
အဆိုပါမော်ဒယ်မှာ ဈေးအကြီးဆုံး Toyota Camry Hybrid (ဒေါ်လာ ၅၁၄၁၇) ထက် ဒေါ်လာ ၃၅၀၀ မျှသာ ဈေးပိုသည်။
အခြားမော်ဒယ်တစ်ခုဖြစ်သော Model 3 Long Range 4WD ကိုလည်း ဒေါ်လာ ၃၀၀၀ ဈေးလျှော့ပေးလာရာ လက်တင်စီး ဒေါ်လာ ၆၄၉၀၀ ဖြင့် ရရှိနိုင်ပြီ ဖြစ်သည်။
Tesla က ယခုနောက်ဆုံးဈေးလျှော့ပေးမှုတွင် ပါဝင်မလာသည့် မော်ဒယ်များမှာ Model Y Long Rane နှင့် Performance 4WD SUV များအပြင် မကြာသေးမီက ဖြန့်ချိခဲ့သော Model 3 Performance ဆီဒင်တို့ ဖြစ်သည်။
ယခုနှစ်အတွင်း Tesla သည် သြစတေးလျတွင် ကားရောင်းချရမှု ၅ ဒသမ ၆ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့ ပြီးနောက် တတိယအကြိမ်မြောက် ဈေးလျှော့ပေးမှု ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သောလအတွင်း သြစတေးလျတွင် လျှပ်စစ်ကားများရောင်းချရမှု ကျဆင်းခဲ့ရာ ၃ နှစ်တာအတွင်း ပထမဆုံးအကြိမ် ကျဆင်းမှုလည်း ဖြစ်သည်။
သို့သော် နှစ်အလိုက်နှိုင်းယှဉ်လျှင် ပြီးခဲ့သောနှစ် အလားတူထက် ရောင်းအား ၃၂ ရာခိုင်နှုန်း မြင့်မားသည်။
((၂၀၂၄ မော်ဒယ် Tesla Model 3 ဈေးနှုန်း-သြစတေးလျ))
● Model 3 RWD -ဒေါ်လာ ၅၄၉၀၀ (ဒေါ်လာ ၄၀၀၀ ဈေးကျ)
● Model 3 Long Range 4WD -ဒေါ်လာ ၆၄၉၀၀ (ဒေါ်လာ ၃၀၀၀ ဈေးကျ)
● Model 3 Performance 4WD- ဒေါ်လာ ၈၀၉၀၀ (ဈေးနှုန်း မပြောင်းလဲ)
((၂၀၂၄ မော်ဒယ် Tesla Model Y ဈေးနှုန်း-သြစတေးလျ))
● Model Y RWD -ဒေါ်လာ ၅၅၉၀၀ (ဒေါ်လာ ၅၀၀၀ ဈေးကျ)
● Model Y Long Range 4WD -ဒေါ်လာ ၆၉၉၀၀ (ဈေးနှုန်း မပြောင်းလဲ)
● Model 3 Performance 4WD- ဒေါ်လာ ၈၂၉၀၀ (ဈေးနှုန်း မပြောင်းလဲ)
မှတ်ချက်။ ဖော်ပြပါ ဈေးနှုန်းများမှာ အရောင်းပြခန်းဈေးများသာဖြစ်ပြီး အသင့်စီး ဈေးနှုန်းများ မဟုတ်ပါ။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Tesla slashes prices in Australia for third time in two months, up to $5000 off Model Y, Model 3 (drive)