- ပင်မစာမျက်နှာ
- ကားသတင်းများ
- ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု နည်းဥပဒေများ (၅)
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု နည်းဥပဒေများ (၅)
- 138 views
(သ) တာဝန်ခံအင်ဂျင်နီယာ ဆိုသည်မှာ ပုဂ္ဂလိက က စီမံခန့်ခွဲသည့် မော်တော်ယာဉ် စစ်ဆေးရေး အလုပ်ရုံ လုပ်ငန်းလည်ပတ်ခြင်းနှင့် မော်တော်ယာဉ်စစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ် များကို ဦးစီးဌာန၏ ဥပဒေ၊ နည်းဥပေဒများ၊ အမိန့်နှင့် ညွှန်ကြားချက်များ နှင့်အညီ တာဝန်ခံ ဆောင်ရွက်ရသူကို ဆိုသည်။ (ဟ) ပုဂ္ဂလိကမော်တော်ယာဉ်စစ်ဆေးသူ ဆိုသည်မှာ ဦးစီးဌာနကိုယ်စား မော်တော်ယာဉ် စစ်ဆေးခြင်း ဆောင်ရွက်ရန် မော်တော်ယာဉ်စစ်ဆေးခြင်း ပုဂ္ဂလိကလုပ်ငန်းလုပ်ကိုင် သူက ခန့်အပ်ထားသူကို ဆိုသည်။
(ဠ) မော်တော်ယာဉ်စစ်ဆေးရေးလိုင်းငယ် (Small Test Lane) ဆိုသည်မှာ ဝန်တင်အား ကုန်အလေးချိန် တစ်တန် (၁၀၀၀ ကီလိုဂရမ်) အထိ တင်ဆောင်နိုင်သော ကုန်တင်ယာဉ်ကိုလည်းကောင်း၊ ယာဉ်မောင်းနှင်သူ အပါအဝင် ခရီးသည်အရေအတွက် ၁၅ ဦး အထိတင်ဆောင်နိုင်သော မော်တော်ယာဉ်ကိုလည်းကောင်း စစ်ဆေးသည့် မော်တော် ယာဉ် စစ်ဆေးရေးလိုင်းကို ဆိုသည်။
(အ) မော်တော်ယာဉ်စစ်ဆေးရေးလိုင်းကြီး (Large Test Lane) ဆိုသည်မှာ ဝန်တင်အား ကုန်အလေးချိန် တစ်တန် (၁၀၀၀ ကီလိုဂရမ်) အထက် တင်ဆောင်နိုင်သော ကုန်တင်ယာဉ်ကိုလည်းကောင်း၊ ယာဉ်မောင်းနှင် သူအပါအဝင်ခရီးသည်အရေအတွက် ၁၅ ဦးအထက် တင်ဆောင်နိုင်သောခရီးသည်တင်ယာဉ်ကိုလည်းကောင်း စစ်ဆေးသည့် မော်တော်ယာဉ် စစ်ဆေးရေးလိုင်းကို ဆိုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com