- ပင်မစာမျက်နှာ
- ကားသတင်းများ
- “AION EV ကား Showroom ဖွင့်လှစ်”
“AION EV ကား Showroom ဖွင့်လှစ်”
- 424 views
“99 Myanmar မှ AION Myanmar Showroom” ကို အမှတ် ၁၀၈-၁၁၀ ၊ ဓမ္မစေတီလမ်း၊ အနောက်ရွှေဂုံတိုင်ရပ်ကွက်၊ ဗဟန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မေလ ၁၈ နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
တရိပ်ရိပ်နှင့် တိုးတက်လာနေသော မြန်မာနိုင်ငံ EV ကားဈေးကွက်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ပါဝင်ဖြည့်ဆည်းရန်အတွက် 99 Myanmar အနေနှင့် GAC (Guangzhou Automobile Co.,Ltd.) မှ အဆင်မြင့်ထုတ်လုပ်ထားသည့် AION EV ကားများကို ရောင်းချပေးနိုင်ရန်အတွက် Showroom ကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောပါသည်။
EV မော်တော်ယာဉ်များ အပြိုင်အဆိုင် သုံးစွဲလာကြသဖြင့် ပြောင်းလဲလာနေသည့် ကားဈေးကွက်ရဲ့ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းနိုင်ရန်အတွက် အမှန်တကယ် အရည်အသွေးကောင်းမွန်ပြီး၊ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို ထိန်းသိမ်းရန် ထိရောက်မှုရှိသည့် မော်တော်ယာဉ်များအား မြန်မာ့ automobile market နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီးသော 99 Myanmar မှ တစ်ဦးတည်း authorized distributor အနေနှင့် တင်သွင်းဖြန်းချိရန်အတွက် ခြေလှမ်းသစ်စတင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုထားသည်။
ယခုဖွင့်လှစ်လိုက်သည့် Showroom တွင် GAC မှ ထုတ်လုပ်ထားသော AION Y Younger modle ကားသစ်များကို ဦးစားပေးရောင်းချပေးမှာဖြစ်ပြီး၊ After sales service အနေနှင့် battery ကို ကီလိုမီတာ ၂ သိန်း (သို့မဟုတ်) ၈ နှစ် warranty ပေးမည်ဖြစ်ကြောင်း၊ ရန်ကုန်မှာ service center ရှိသင့်နေပြီဖြစ်ကြောင်း၊ မကြာခင်မှာ AION Myanmar ရဲ့ Launching ceremony တစ်ခုကို မြန်မာနိုင်ငံမှ ကားချစ်သူ လူငယ်များအကြား ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေဖို့ စီစဉ်သွားမှာဖြစ်ကြောင်းလည်း သိရပါသည်။
အဆိုပါ AION EV ကား Showroom ဖွင့်လှစ်ပွဲတွင် GAC (Guangzhou Automobile Co.,Ltd.) နှင့် AION Y Younger ကားအကြောင်းကိုလည်း တာဝန်ရှိသူမှ ရှင်းပြထားသည်။
“GAC ဟာဆိုရင် တရုတ်နိုင်ငံရဲ့ state own ဖြစ်ပြီးတော့ top ten အဆင့်ဝင် မော်တော်ကားထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ GAC ထုတ်ကုန်တွေကတော့ Sedan, SUV and EVs တွေကို အရည်အသွေးမြင့် ထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ယခု AION ဟာလဲ GAC ရဲ့ EV ဖြစ်ပါတယ်”
“AION Y Younger 2023 model,….advance driving assistant နောက်ဆုံးပေါ်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ အခုနောက်ပိုင်းလူငယ်တွေရဲ့ modern lifestyle နဲ့ အံဝင်ခွင်ကျဖြစ်ပြီး အသုံးတည့် ကုန်ကျစရိတ်သက်သာပြီး မြို့တွင်းသုံးရော camping trip ဆိုတာမျိုးလေးတွေအတွက်ပါ သက်သောင့်သက်သာရှိစေမယ့် EV ဖြစ်ပါတယ်။ ကားရဲ့အပြင်ပိုင်းဒီဇိုင်နဲ့ အရောင်ဟာဆိုရင်လဲ လူငယ်များအကြိုက် ထူးခြားသစ်လွင်တဲ့ အရောင်သစ်များနဲ့ တက်ကြွလန်းဆန်း ပေါ့ပါးတဲ့ ဒီဇိုင်းတွေနဲ့ ထုတ်လုပ်ထားပါတယ်”ဟု ဆိုထားပါသည်။
“ AION ရဲ့ battery pack ဟာ… ကီလို ၁၀၀ သွားနိုင်ဖို့ 12.9kwh ပဲ သုံးတဲ့ စွမ်းအင်သုံးစွဲမှု သက်သာတဲ့ EV ဖြစ်ပါတယ်။ DC charger နဲ့ 0.80 ရာခိုင်နှုန်း အားပြည့်ဖို့ ၅၅ မိနစ်ပဲကြာမှာဖြစ်ပါတယ်။ Battery capacity က 100kw ဖြစ်ပြီး motor capacity က 51kw ရှိတာဖြစ်ပါတယ်။ အားအပြည့် တစ်ခါသွင်းပြီးသွားရင် ၄၃၀ ကီလို ခရီးကို ထပ်မံအားသွင်းစရာမလိုဘဲ သုံးနိုင် မောင်းနှင်နိုင်ပါတယ်။ လျှပ်စစ်မီးရရှိမှု အကန့်အသတ်ရှိနေတဲ့ အခုလို အခြေအနေမျိုးနဲ့ တော်တော်အဆင်ပြေနိုင်မယ့် EV တစ်စီး ဖြစ်ပါတယ်” လို့ ဆိုထားသည်။
ရုပ်ကြွင်းလောင်စာအပေါ် မှီခိုအားထားမှုကို လျော့ချခြင်းဖြင့် ရေရှည်တည်တံ့နိုင်မှုကို ဦးစားပေးထားပြီး AION ကား သုံးစွဲသူများအဖို့ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစေရေးအတွက် ခေတ်အခြေအနေနှင့် သဟဇာတဖြစ်သည့် ရွေးချယ်မှုဖြစ်ကြောင်းလည်း ဆိုထားပါသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com