- ပင်မစာမျက်နှာ
- ကားသတင်းများ
- ကားဈေးကွက်အတွင်း သိန်း (၅၀၀) မှ သိန်း (၁၀၀၀) ဝန်းကျင်ကားများ အရောင်းအဝယ်သွက်လာ
ကားဈေးကွက်အတွင်း သိန်း (၅၀၀) မှ သိန်း (၁၀၀၀) ဝန်းကျင်ကားများ အရောင်းအဝယ်သွက်လာ
- 522 views
ကားဈေးကွက်အတွင်းပုံမှန် အရောင်းအဝယ်ဖြစ်နေပြီး သိန်း (၅၀၀) မှ သိန်း (၁၀၀၀) ဝန်းကျင်ကြား ကားများ အရောင်းအဝယ်သွက်နေကြောင်း ကားအကျိုးဆောင်များထံမှ သိရသည်။
ကားဈေးကွက်အတွင်း အိမ်စီးကားအများစုမှာ ဈေးမာနေပြီး ရောင်းသူနှင့်ဝယ်သူအကြား ညှိနှိုင်းဈေးနှုန်းဖွင့်ကာ အရောင်းအဝယ်ပြုလုပ်မှုများကြောင်း သိရသည်။
“ ကျောင်းဖွင့်ရာသီရောက်လာတော့ မိဘတွေက ကားဝယ်ကြတယ်။ ကားမရှိတဲ့ မိဘကလဲ ကားရှိတဲ့မိဘဆီမှာ ကလေးကျောင်းအကြိုအပို့အတွက် ဖယ်ရီခသဘောမျိုးအပ်တာတွေရှိတယ်။ ကျောင်းသုံးဖို့အတွက် ဝယ်တာများတယ်။ တက္ကစီခတွေက ဈေးတက်လာတော့ ကိုယ်ပိုင်ကား ပြန်ဝယ်နေကြတယ် ” ဟု တောင်ဥက္ကလာပမှ ကားဝယ်ရောင်းလုပ်ငန်းရှင် တစ်ဦးကပြောသည်။
ရန်ကုန်မြို့တွင် ကျောင်းဖွင့်ရာသီ နီးကပ်လာပြီး ကျောင်းသူကျောင်းသားများအတွက် လုံခြုံရေးအရ မိဘများက ကိုယ်ပိုင်ကားများ ပိုမိုသုံးစွဲလာကြောင်း သိရသည်။
ကားဈေးကွက်အတွင်း ဈေးများမြင့်တက်နေသော်လည်း နေ့စဉ်ကားဈေး စုံစမ်းမှုများနှင့် အရောင်းအဝယ် ပြုလုပ်ခြင်းများ ပုံမှန်ရှိနေကြောင်း သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com