- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဂျိမ်းစ်ဘွန်းဇာတ်လမ်းများကို ရေးသားခဲ့သော စာရေးဆရာ အီယန် ဖလဲမင်း အထူးအော်ဒါမှာယူထားသော အလွန်တရာရှားပါးသည့် ၁၉၅၃ ခုနှစ်ထုတ် Bentley အရောင်းဈေးကွက်ဝင်လာ
ဂျိမ်းစ်ဘွန်းဇာတ်လမ်းများကို ရေးသားခဲ့သော စာရေးဆရာ အီယန် ဖလဲမင်း အထူးအော်ဒါမှာယူထားသော အလွန်တရာရှားပါးသည့် ၁၉၅၃ ခုနှစ်ထုတ် Bentley အရောင်းဈေးကွက်ဝင်လာ
- 333 views
ဂျိမ်းစ်ဘွန်းကို ဖန်တီးခဲ့သူ စာရေးဆရာ အီယန် ဖလဲမင်း အထူးအော်ဒါမှာယူခဲ့သော ၁၉၅၃ ခုနှစ်ထုတ် Bentley ကားကို ပိုင်ဆိုင်နိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေသည်။
သို့သော် ဈေးနှုန်းအလွန်များပြားလှသည်။
Gullwing Motor Cars လေလံကုမ္ပဏီမှ ဖော်ပြခဲ့သော ဓာတ်ပုံများအရ ၁၉၅၃ ခုနှစ်ထုတ် R-Type Bentley ကားအား ရောင်းချရန် ပြင်ဆင်နေပုံကို တွေ့ရသည်။
(၁၉၅၃ ခုနှစ်ထုတ် Bentley ။ ဓာတ်ပုံ-mediadrumimages)
(ယခုအခါ ဤကားကို အရောင်းဈေးကွက်တင်ရန် စီစဉ်နေသည်။ ဓာတ်ပုံ-mediadrumimages)
(ကားအတွင်းပိုင်းမှာ နှစ်ပေါင်း ၇၀ ကြာသည့်တိုင် အံ့ဖွယ်အခြေအနေ ကောင်းမွန်နေဆဲ ဖြစ်သည်။ ဓာတ်ပုံ-mediadrumimages)
လက်ရှိအားဖြင့် ဖုန်အလိမ်းလိမ်းဖြစ်နေသော်လည်း ပိုင်ရှင်သစ်၏ လက်တွင် ပြန်လည်တောက်ပလာမည် ဖြစ်သည်။
ဤကားကို ဝယ်ရန် ငွေအမြောက်အမြား ကုန်ကျမည်ဖြစ်ပြီး ပေါင် ၁ ဒသမ ၁ သန်းခန့် ပေးရမည် ဖြစ်သည်။
အီယန် ဖလဲမင်းသည် Bentley R-Type Continental ကို ဗြိတိန်အထူးတပ်ဖွဲ့မှ အခင်မင်ဆုံးမိတ်ဆွေ Ivar Bryce အတွက် ကိုယ်စား မှာယူပေးခဲ့ခြင်း ဖြစ်သည်။
Ivar Bryce သည် ဂျိမ်းစ်ဘွန်းဇာတ်ကောင် Felix Leiter ကို အလွန်နှစ်သက်စွဲလမ်းသူ တစ်ဦး ဖြစ်သည်။
ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြချက်အရ “Bentley R-Type Continental ဟာ ဗြိတိန်ရဲ့ ပြယုဂ်ကားတစ်စီး ဖြစ်တာ အငြင်းပွားစရာ မရှိပါဘူး။ ဒီကားဟာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး Bentley မော်ဒယ်တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်”ဟု ဖော်ပြသည်။
“ဒီကားဟာ အီယန် ဖလဲမင်းက သူရဲ့မိတ်ဆွေ Ivar Bryce အတွက် မှာယူပေးခဲ့တာ ဖြစ်ပါတယ်”
ဤကားကို အီတလီကုမ္ပဏီ Carrozzeria က ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး ဗြိတိန်ကုမ္ပဏီက ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
(ယခုကားတွင် မူရင်းအင်ဂျင် နံပါတ်ဖြင့် ဖြစ်သည်။ ဓာတ်ပုံ-mediadrumimages )
(အီယန်ဖလဲမင်းက အထူးအော်ဒါ မှာယူခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-mediadrumimages)
(လက်ရှိအားဖြင့် ဖုန်အလိမ်းလိမ်းတက်နေသော်လည်း ပိုင်ရှင်သစ်၏ လက်တွင် ပြန်လည် တောက်ပလာမည် ဖြစ်သည်။ ဓာတ်ပုံ-mediadrumimages)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Ultra-rare 1953 Bentley ordered by 007 author Ian Fleming & left to gather dust goes on sale for an eye-watering sum (thesun)
Photo Credit: mediadrumimages