- ပင်မစာမျက်နှာ
- ကားသတင်းများ
- တိုယိုတာ ကုမ္ပဏီက Toyota Hilux လျှပ်စစ်ကားကို ထိုင်းနိုင်ငံတွင် ထုတ်လုပ်ရန် စီစဉ်
တိုယိုတာ ကုမ္ပဏီက Toyota Hilux လျှပ်စစ်ကားကို ထိုင်းနိုင်ငံတွင် ထုတ်လုပ်ရန် စီစဉ်
- 275 views
အခြားကားထုတ်လုပ်သူများနှင့် မတူသည့်အချက်မှာ တိုယိုတာသည် ခေတ်စားနေသော EV ရေစီးကြောင်းထဲသို့ အလျင်စလို ခုန်မဝင်ချေ။
လျှပ်စစ်ကားများထုတ်လုပ်ရန် ခြေလှမ်းများ တုံ့နှေးနေပြီးHybrid ကားများကို ဦးစားပေးရန် ဆုံးဖြတ်ခဲ့သည်။
Toyota ၏ ဥက္ကဌ Akio Toyoda က လျှပ်စစ်ကားများသည် ဈေးကွက်ဝေစု ၃၀ ရာခိုင်နှုန်းထက် မည်သည့် အခါမှ ကျော်လွန်မည်မဟုတ်ကြောင်း ယုံကြည်ထားသည်။
ထို့ကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု မရှိရေး အနာဂတ်မှာ မရေမရာ အခြေအနေတွင်သာ ရှိသည်။
သို့သော် Toyota က ICE အင်ဂျင်မဟုတ်သော ကားများထုတ်လုပ်ရေးကို မကြာသေးမီကာလများတွင် တဖြည်းဖြည်းချင်း ချဲ့ထွင်နေသည်။
လျှပ်စစ် ပစ်ကပ်ကားမော်ဒယ်တစ်ခုကို ၂၀၂၅ ခုနှစ်တွင် ထုတ်လုပ်မည်ဟု အတည်ပြုထားသည်။
၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် Toyota သည် Hilux Revo BEV ကို ချပြခဲ့ပြီး ၂၀၂၅ နှစ်ကုန်ပိုင်းတွင် စတင်ထုတ်လုပ်မည်ဟု ဆိုသည်။
ထိုအချက်ကို တိုယိုတာ၏ အမှုဆောင်တစ်ဦးက ယခုရက်သတ္တပတ်အတွင်း ရိုက်တာသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လျှပ်စစ်ကားကို ထိုင်းနိုင်ငံတွင် တပ်ဆင်သွားမည် ဖြစ်သည်။
ယခု လျှပ်စစ် Hilux ကားသည် Isuzu D-Max နှင့် ပြိုင်ဘက်ဖြစ်လာမည် ဖြစ်သည်။
အဆိုပါ ကားကိုလည်း ထိုင်းနိုင်ငံတွင် တပ်ဆင်မည် ဖြစ်သည်။
Toyota က ပြောသည်မှာ ယခုထုတ်လုပ်မည့် လျှပ်စစ်ထရပ်ကားသည် အဓိကအားဖြင့် ထိုင်းနိုင်ငံအတွက် ဖြစ်သော်လည်း ပြည်ပဈေးကွက်များသို့ တင်ပို့သွားရန်လည်း သုံးသပ်နေကြောင်း ပြောသည်။
ယခုထုတ်လုပ်မည့် လျှပ်စစ်ကား၏ အသေးစိတ်အချက်အလက်များကို ရိုက်တာသတင်းဌာနနှင့် အင်တာဗျူး တွင် ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသော်လည်း ယခင်ထုတ်ပြန်ချက်များအရ အားတစ်ကြိမ်သွင်းထားလျှင် ၁၂၄ မိုင်ခန့် မောင်းနှင်နိုင်သည်ဟု ဆိုသည်။
Toyota Motor Asia ၏ အမှုဆောင် ဒုတိယဥက္ကဌ Pras Ganesh က ရိုက်တာသတင်းဌာနသို့ ကား၏ အလေးချိန်မှာ အလေးထားစရာ အကြောင်းရပ်တစ်ခုဖြစ်နေကြောင်း ပြောသည်။
“မောင်းနိုင်တဲ့ခရီး ပိုများစေချင်ရင် ဘက်ထရီ ပိုထည့်ပေးရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ကားရဲ့အလေးချိန်က အရမ်းကို များသွားမှာဖြစ်ပြီး သယ်ဆောင်နိုင်တဲ့ဝန်ပမာဏက အများကြီး နည်းသွားပါလိမ့်မယ်။”
မကြာသေးမီကာလများအတွင်း Toyota က ထုတ်လုပ်သော လျှပ်စစ်ထရပ်ကားမှာ Hilux Revo BEV တစ်မျိုးတည်း မဟုတ်ချေ။
၂၀၂၁ နှစ်ကုန်ပိုင်းတွင် Tacoma ကဲ့သို့ Picket ကားနှင့် ၂၀၂၃ ဂျပန်ကားပြပွဲတွင် EPU Concept တို့ ရှိခဲ့သည်။
ထိုပြပွဲတွင်ပင် IMV-0 Concept လျှပ်စစ်ကားငယ်ကို ပြသခဲ့ဖူးသည်။
ထိုင်းနိုင်ငံတွင် IMV-0 ကို ရောင်းချနေပြီဖြစ်သော်လည်း ဆီကားများဖြစ်သည်။
အဆိုပါ ထရပ်ကားမှာ အလွန်ဈေးသက်သာပြီး ကန်ဒေါ်လာ ၁၃၀၀၀ ကျော်မျှဖြင့် ဝယ်ယူရရှိနိုင်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: The Electric Toyota Hilux Is Finally Going Into Production (motor1)