- ပင်မစာမျက်နှာ
- ကားသတင်းများ
- ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပေဒများ (၆)
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပေဒများ (၆)
- 147 views
(ကက)အပြည်ပြည်ဆိုင်ရာယာဉ်မောင်းနှင်ခွင့်လက်မှတ် (International Driving Permit -IDP) ဆိုသည်မှာ ၁၉၆၈ ခုနှစ်၊ ယာဉ်သွားလာမှုဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကို လက်ခံကျင့်သုံးသည့်နိုင်ငံများက အဆိုပါ ကွန်ဗင်းရှင်းနှင့်အညီ ထုတ်ပေးထားသည့် မော်တော်ယာဉ် မောင်းနှင်ခွင့်ရှိကြောင်း အထောက်အထား သက်သေခံလက်မှတ်ကို ဆိုသည်။
(ခခ) ယာယီယာဉ်မောင်းနှင်ခွင့်လက်မှတ် ဆိုသည်မှာ မြန်မာနိုင်ငံအတွင်းသို့ တရားဝင် ခွင့်ပြုချက်ဖြင့် နယ်စပ်ဖြတ်ကျော်ပြီး ယာယီဝင်ရောက်လာသော ပြည်ပမှတ်ပုံတင် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ မောင်းနှင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းနှင်ခွင့်လက်မှတ် သို့မဟုတ် နိုင်ငံအချင်းချင်းသဘောတူညီချက်ဖြင့် လက်မှတ် ရေးထိုးထားသော စာချုပ်ဝင်နိုင်ငံများက ထုတ်ပေးသည့် ယာဉ်မောင်းလိုင်စင် မဟုတ်သည့် အခြားသက်တမ်းရှိ ယာဉ်မောင်းလိုင်စင်တစ်ခုခုကို ကိုင်ဆောင်ထားသော ယာဉ်မောင်းနှင်သူများကို ထုတ်ပေးသည့် မော်တော်ယာဉ်မောင်းနှင်ခွင့်ရှိကြောင်း အထောက်အထား သက်သေခံလက်မှတ်ကို ဆိုသည်။
(ဂဂ) ဒေသဆိုင်ရာသဘာတူစာချုပ် ဆိုသည်မှာ မြန်မာနိုင်ငံက စာချုပ်ဝင်နိုင်ငံအဖြစ် ပါဝင်သော ဒေသအတွင်း ခရီးသည်ကိုဖြစ်စေ၊ ကုန်စည်ကိုဖြစ်စေ၊ ခရီးသည်နှင့် ကုန်စည် နှစ်မျိုးလုံးကိုဖြစ်စေ စာချုပ်ဝင်နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ပြီး သယ်ယူပို့ဆောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်ကိုဆိုသည်။ ယင်းစကားရပ်တွင် အဆိုပါ သဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ်များနှင့် အခြေပြစာချုပ်ငယ်များ ပါဝင်သည်။
(ဃဃ)စာချုပ်ဝင်နိုင်ငံ ဆိုသည်မှာ ဒေသဆိုင်ရာသဘောတူစာချုပ်၏ အဖွဲ့ဝင်နိုင်ငံကို ဆိုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com