EV ကားဈေးကွက် ဝယ်ယူပြီးနောက်ပိုင်းဝန်ဆောင်မှု( After Sale Service ) ပေါ်မူတည်လာ

  • 388 views

EV ကားဈေးကွက် အတွင်းလက်တလော ဝယ်ယူမှုများတွင် ဝယ်ယူပြီးနောက်ပိုင်းဝန်ဆောင်မှု( After Sale Service ) ကို သေချာရွေးချယ်ဝယ်ယူလာကြောင်း EV ကား တင်သွင်းသူများထံမှသိရသည်။

ဈေးကွက်အတွင်း EV ကား ရောင်းချရာတွင် ဝယ်ယူသူများက တဆင့်ပြန်လည်ရောင်းချသူများထက် အမှန်တယ်အသုံးပြုရန် ဝယ်ယူမှု ပိုများလာခြင်းဖြစ်သည်။

“ကားဝယ်ရောင်းသမားတွေ လာဝယ်တာ နည်းသွားပြီ အရင်ကသွင်းထားတဲ့ကားတွေဘဲ ဝယ်ရောင်းလက်ထဲမှာရှိတယ်။ သွင်းဈေးနဲ့လက်ရှိပေါက်ဈေးပြန်ချိန်ရင် ရောင်းတဲ့သူကရှုံးတော့ ဝယ်ရောင်းသမားအတွက် EV ကားကမကိုက်ဘူး”ဟု ကားတင်သွင်းသူတစ်ဦးကဆိုသည်။

လက်ရှိတွင်း သိန်းနှစ်ထောင်အထက် EV ကားအမြင့်များကို သုံးစွဲသူများက ဝယ်ယူမှုပိုများနေပြီး သက်ဆိုင်ရာ ကိုယ်စားလှယ်ကုမ္ပဏီ များမှတဆင့် တိုက်ရိုက်ရောင်းချသော ဇိမ်ခံကားများဖြစ်သည်။

EV ကား ဝယ်ယူသူ အများစု၏ စိုးရိမ်မှုမှာ ဘတ္တရီသက်တမ်းနှင့် ကားပြင်ဆင်မှု အတွက်အာမခံများဖြစ်ကြောင်း ကားအ‌ရောင်းပြခန်းတွင်လာရောက် စုံစမ်းမှု အများဆုံးြဖစ်ကြောင်းသိရသည်။ ဝယ်ယူပြီးနောက်ပိုင်းဝန်ဆောင်မှု( After Sale Service ) ပေါ်မူတည်ကာ EV ကားရွေးချယ်ဝယ်ယူနေကြပြီး ဝယ်ယူမှုအတွက် ကားတင်သွင်းလာရန် ကြာချိန်ကိုပြန်လည် စောင့်စားရကြောင်းသိရသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com