ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားတွေထဲမှာ သုံးခဲ့တဲ့ မော်တော်ကားတွေ အခုချိန်မှာ တန်ကြေးဘယ်လောက်ရှိလဲ

  • 204 views

           

ကျွန်ုပ်တို့အလွန်စွဲလမ်းနှစ်သက်ခဲ့ကြသော ရုပ်ရှင်ဇာတ်ကားများတွင် အသုံးပြုခဲ့ကြသော မော်တော်ကား များမှာ ကျွန်ုပ်တို့၏ စိတ်နှလုံးတွင် ကာလကြာရှည်စွဲထင် အမှတ်ရနေခဲ့ကြသည်။


အချို့ပရိသတ်များဆိုလျှင် ရုပ်ရှင်ဇာတ်ကားများထဲတွင် အသုံးပြုခဲ့သော ကားများကိုပင် ဝယ်ယူခဲ့ကြသည်။
Batman, Scoobie Doo နှင့် James Bond အစရှိသော ဇာတ်ကားများထဲမှ မော်တော်ကားများမှာ ပရိသတ်၏ စိတ်နှလုံးတွင် စွဲထင်ကျန်ရစ်ခဲ့ကြသည်။

 

(ဂျိမ်းစ်ဘွန်း ဇာတ်ကားတွင် အသုံးပြုခဲ့သော Aston Martin DB5 နှင့် Scooby Doo တွင် အသုံးပြုခဲ့သော Mystery Machine ။ ဓာတ်ပုံ-Aston Martin/ Warner Bros)

 

ရုပ်ရှင်ပရိသတ်များက ၎င်းတို့အနှစ်သက်ဆုံး ဇာတ်ကောင်များ စီးခဲ့ကြသည့် ကားများကို ပိုင်ဆိုင်လိုကြရာ ရုပ်ရှင်များထဲတွင် အသုံးပြုခဲ့သော အချို့မော်တော်ကားများမှာ မယုံနိုင်ဖွယ်ရာ ဈေးနှုန်းများ ပေါက်လာကြ သည်။
အကျော်ကြားဆုံး ရုပ်ရှင်များထဲတွင် အသုံးပြုခဲ့သော မော်တော်ကားများ မည်မျှဈေးပေါက်နေသည်ကို Motorpoint က ဖော်ပြလာသည်။

 

((Volkswagen Beetle-Herbie))

(Volkswagen Beetle-Herbie ။ ဓာတ်ပုံ-Panamaherbie)

 

Volkswagen Beetle ကားလေးသည် ၁၉၆၈ ခုနှစ်က ဂန္ထဝင်ရုပ်ရှင်ဇာတ်လမ်းထဲတွင် အလိုအလျောက် မောင်းနှင်နိုင်စွမ်းဖြင့် ပရိသတ်များကို အံ့အားသင့်စေခဲ့သည်။


ဈေးသက်သာသော Volkswagen Beetle များကို ပေါင် ၁၀၀၀၀ အောက်ဖြင့် ရနိုင်သော်လည်း အရည်အသွေး ပိုမိုကောင်းမွန်သည့် ကားများကိုမူ ပေါင် ၁၆၇၀၀၀ နီးပါး ပေးရမည် ဖြစ်သည်။

 

((Batmobile aka The Tumbler Batman Begins))

 

(Batmobile aka The Tumbler Batman Begins ဓာတ်ပုံ-Jay Leno’s Garage)

 

Tumbler ဟု nickname အမည်ပေးထားသော ဤကားကို Lamborghini တစ်ပိုင်း၊ တင့်ကားပုံစံတစ်ပိုင်းဖြင့် ဒီဇိုင်းဆွဲထုတ်လုပ်ထားသည်။


ဤကား ပုံတူကို အမေရိကန်တွင် ကန်ဒေါ်လာ ၁ သန်းဖြင့် ရောင်းချခဲ့ရာ သင့်အနေဖြင့် ထိုပမာဏ တတ်နိုင် ပါက သင်လည်း ဤကားမျိုး ပိုင်ဆိုင်နိုင်ပါသည်။


သို့သော် ကိုယ်ဖျောက်စွမ်းရည်နှင့် ဒုံးကျည်ပစ်နိုင်သည့်စနစ်များကား ပါဝင်မည် မဟုတ်ချေ။

 

((ဂျိမ်းစ်ဘွန်း Goldfinger ရုပ်ရှင်တွင် အသုံးပြုခဲ့သော Aston Martin DB5 ))

 

(Aston Martin DB5-James Bond: Goldfinger. ဓာတ်ပုံ-Aston Martin)

 

အထင်ကရအဖြစ်ဆုံး ဂျိမ်းစ်ဘွန်းဇာတ်ကားသုံး မော်တော်ကားမှာ ဈေး မသက်သာလှ။


အနေအထားကောင်းမွန်သော DB5 တစ်စင်းဆိုလျှင် အနည်းဆုံး ပေါင် ၇၅၀,၀၀၀ ခန့် ပေးရနိုင်သည်။


ရုပ်ရှင်ထဲတွင် အမှန်တကယ်အသုံးပြုခဲ့သော ကားများဆိုလျှင် ထိုထက်ဈေးများနိုင်သည်။


မကြာသေးမီကပင် အဆိုပါကားမျိုး ၄ စင်းကို ၁ စင်းလျှင် ပေါင် ၁ သန်းစီဖြင့် ရောင်းချခဲ့ဖူးသည်။

 

((Pontiac Aztek-Breaking Bad))

 

(Pontiac Aztek-Breaking Bad. ဓာတ်ပုံ-Sony Pictures)

 

Pontiac Aztek မှာ သမိုင်းတလျှောက် ရုပ်အဆိုးဆုံးကားအဖြစ် သတ်မှတ်ခံထားရရာ ထိုအချက်ကြောင့် ဈေးနှုန်းကျဆင်းစေခဲ့ပြီး Pontiac Aztek တစ်စီးကို ပေါင် ၈,၀၀၀ မျှဖြင့် ဝယ်ယူရရှိနိုင်သည်။

 

((DeLorean DMC-12- Back to the Future))

 

(DeLorean DMC-12- Back to the Future။ ဓာတ်ပုံ-Charitybuzz)

 

Back to the Future ဇာတ်ကားမှ DeLorean  မှာ တစ်နာရီ မိုင် ၆၀ နှုန်းဖြင့် မောင်းနှင်နိုင်ဆဲ ဖြစ်သည်။
ဤကားမျိုးကို ပေါင် ၅၀,၀၀၀ ဖြင့် ဝယ်ယူရရှိနိုင်သည်။

 

((Dodge A100 aka.Mystery Machine-Scooby-Doo))

(Dodge A100 aka.Mystery Machine-Scooby-Doo။ ဓာတ်ပုံ-Warner Bros)

 

Dodge A100 ကို အနိမ့်ဆုံး ပေါင် ၁၅,၀၀၀ ဖြင့် ရရှိနိုင်သည်။

 

 

((Plymouth Valiant –The Simpsons))

(Plymouth Valiant –The Simpsons။ ဓာတ်ပုံ-20th Century Television)

 

Plymouth Valiant ကားသန့်တစ်စင်းဆိုလျှင် ပေါင် ၂၀,၀၀၀ ခန့် ပေးရနိုင်သည်။ 


သို့သော် ပြန်လည်မွမ်းမံမှုများ ပြုလုပ်ရန် အနည်းငယ် ထပ်မံ သုံးစွဲရနိုင်သည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: What fan-favourite film cars are worth now – including the Batmobile and Scooby Doo’s Mystery Machine (thesun)
Photo Credit- Aston Martin/ Warner Bros, Panamaherbie, Jay Leno’s Garage, Aston Martin, Sony Pictures, Charitybuzz, Warner Bros, 20th Century Television