စက်သုံးဆီ SKD ကား တစ်ပတ်ရစ်ဈေး သိန်းတစ်ထောင်အထက်သို့ ရောက်ရှိနေ

  • 235 views

အိမ်စီးကားဈေးကွက်အတွင်း စက်သုံးဆီ SKD ကား တစ်ပတ်ရစ်ဈေးနှုန်းများ မြင့်တက်နေပြီး သိန်းတစ်ထောင်အောက်ကား ရှားပါးလာကြောင်း ကားဝယ်ရောင်းလုပ်ငန်းရှင်များထံမှ သိရသည်။

ကားဈေးကွက်အတွင်း အ‌ရောင်းအဝယ် အေးနေသော်လည်း ဈေးနှုန်းများ မြင့်တက်နေခြင်းဖြစ်ပြီး အဓိကအကြောင်းအရင်းမှာ ငွေတန်ဖိုးကျဆင်းသွားခြင်းကြောင့်ဟု သိရသည်။

“  ကားဈေးတက်စေချင်တဲ့ ဆန္ဒကြောင့် ပြောပြနေခြင်းမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ရောင်းထားလို့ ကားပြန်ဝယ်လို့လည်း မရသေးပါ။ ကိုယ်ရောင်းထားတဲ့ ဈေးနဲ့ပဲ ကားကောင်း ပြန်ရှာလို့ မရတဲ့ အနေအထားပါ။ ပြီးခဲ့တဲ့ နှစ်က (၂၀၀၀၀) နှစ်သောင်းတန် ထွက်မယ့် ၂၀၂၃ ဇူလိုင် အချိန်တုန်းက ဈေးတန်း အခု ပြန်ရောက်နေပြီ။ Ertiga (3S/) သိန်း (၁၂၅၀) လောက် ပေးမဝယ်ရင် ကားကောင်း မရနိုင်တော့ဘူး။ ရောင်းတဲ့သူကလည်း မရောင်းကြဘူး” ဟု ကားဝယ်ရောင်းလုပ်ငန်းရှင် ကိုအောင်သွင်က ပြောသည်။

SKD Showroom ကားတွေလည်း လက်ရှိတွင် ထုတ်ဈေးများ ပြောင်းလဲရောင်းချနေကြပြီး ယခင်ဈေးထက် သုံးပုံတစ်ပုံကျော်ခန့် ဈေးမြင့်ရောင်းနေကြောင်း သိရသည်။

ကားဝယ်ယူသူများဘက်မှ ဈေးနှုန်းသက်သာပါက ဘဏ်နှင့်အရစ်ကျ ချိတ်ဆက်ဝယ်ယူထားသော ကားများကိုပါ အပြီးသတ်ငွေချေကာ ဝယ်ယူမှုများ ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com