- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဂျာမနီတွင် အိမ်ရှင်က အိမ်ငှားဖြစ်သူအား EV အားသွင်းစက်မသုံးရန်နှင့် အသုံးပြုပါက ရာဇဝတ်ကြောင်းအရ အရေးယူမည်ဟု သတိပေး
ဂျာမနီတွင် အိမ်ရှင်က အိမ်ငှားဖြစ်သူအား EV အားသွင်းစက်မသုံးရန်နှင့် အသုံးပြုပါက ရာဇဝတ်ကြောင်းအရ အရေးယူမည်ဟု သတိပေး
- 150 views
ဂျာမနီတွင် အိမ်ငှားဖြစ်သူ၏ တပ်ဆင်ထားပြီးဖြစ်သော EV အားသွင်းစက်ကို အသုံးပြုခွင့်မပေးကြောင်း အိမ်ရှင်က အကြောင်းကြားလာရာ အိမ်ငှားမှာ အံ့သြတုန်လှုပ်သွားခဲ့သည်။
အိမ်ရှင်၏ အကြောင်းကြားစာတွင် လျှပ်စစ်ကားများ အားသွင်းခြင်း ခွင့်မပြုကြောင်း၊ လိုက်နာရန် ပျက်ကွက် ပါက ရာဇဝတ်ကြောင်းအရ တရားစွဲဆို ခံရမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
အိမ်ငှား၏ ပြောကြားချက်အရ အဆောက်အအုံတွင် နေထိုင်သော အခြားသူတို့၏ ကန့်ကွက်မှုများကြောင့် အိမ်ရှင်က ယခုကဲ့သို့ အကြောင်းကြားလာခြင်းဖြစ်ကြောင်း ပြောသည်။
“အောက်ထပ်မှာ နေတဲ့သူတွေက လျှပ်စစ်ကား အားသွင်းတာကို မကြိုက်ကြဘူး”ဟု အိမ်ငှားက လူမှုကွန်ရက်တွင် ရေးသားဖော်ပြသည်။
(ဓာတ်ပုံ-Reddit)
အိမ်ငှားစာချုပ်တွင် လျှပ်စစ်ကား အားသွင်းမှု တားမြစ်ထားခြင်း မပါဝင်ရာ အိမ်ရှင်၏ ခြိမ်းခြောက်လာမှုအပေါ် အိမ်ငှားမှာ အံ့အားသင့်ခဲ့ရသည်။
Reddit လူမှုကွန်ရက်သုံးစွဲသူတို့ကလည်း အိမ်ရှင်၏ ပြုမူမှုအပေါ် အံ့အားသင့်ခဲ့ကြပြီး အိမ်ငှားအနေဖြင့် မည်သို့ လုပ်ဆောင်နိုင်မည်ကို မှတ်ချက်ပြု ဆွေးနွေးကြသည်။
“အားသွင်းစက်က မိတ်ဆွေငှားရမ်းထားတဲ့ ဂိုဒေါင်ထဲမှာဖြစ်ပြီး မီတာခကို မိတ်ဆွေ ပေးနေတာလား။ ဒီလိုဆိုရင် ကြောက်စရာမလိုဘူး။လုပ်စရာရှိတာ ဆက်လုပ်နိုင်ပါတယ်”ဟု Reddit သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။
အခြားသုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်မှာ လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲခြင်းသည် ဂျာမနီတွင် ရာဇဝတ်မှုမြောက်ကြောင်း မှတ်ချက်ပြုသည်။
အခြားတစ်ဦးကလည်း မီတာခကိုယ်တိုင်ပေးဆောင်ခြင်း မဟုတ်ပါက ခိုးမှုမြောက်ကြောင်း မှတ်ချက်ပြုသည်။
“ကျွန်တော်သာဆိုရင် အိမ်ရှင်ဆီကို စာတစ်စောင်ပို့မယ်။ ဘာကြောင့် ဒီလိုပိတ်ပင်ရတာလဲလို့ မေးမယ်။ အိမ်ငှားတွေအနေနဲ့ မီတာခ ပေးနေသမျှ ကာလပတ်လုံး EV အားသွင်းစက် တရားဝင်သုံးခွင့် ရှိပါတယ်”ဟု အခြား Reddit သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။
ယခုဖြစ်ရပ်မှာ ဂျာမနီတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စု တလွှားရှိ အိမ်ရှင်များကလည်း အိမ်ငှားများကို EV အားသွင်းစက် တပ်ဆင်မှု ပိတ်ပင်ခြင်းများ ရှိသည်။
သမားရိုးကျ ဆီသုံးကားများနှင့်ယှဉ်လျှင် လျှပ်စစ်ကားများမှာ အိတ်ဇောငွေ့ ထုတ်လွှတ်မှု မရှိရာ လေထုညစ်ညမ်းမှုကို လျှော့ချပေးနိုင်သည်။
အိမ်ငှားအား လျှပ်စစ်ကားအားသွင်းရန် ပိတ်ပင်ခြင်းမှာ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မည့် အပြောင်းအလဲမလုပ်ဆောင်စေရန် ပိတ်ပင်ခြင်း ဖြစ်သည်။
Reddit သုံးစွဲသူတစ်ဦးက “၂၀၂၀ ကတည်းက ဥပဒေတစ်ခု ထုတ်ထားတာ ရှိပါတယ်။ အိမ်ရှင်တွေအနေနဲ့ လျှပ်စစ်ကား အားသွင်းစက် တပ်ဆင်ဖို့ အိမ်ငှားကို ခွင့်ပြုပေးရမယ်လို့ ပြဌာန်းထားတယ်”ဟု မှတ်ချက်ပြုသည်။
“အားသွင်းစက်က သူများရဲ့ ဂိုဒေါင်ထဲမှာ ရှိပြီး မီတာခပေးဆောင်နေတယ်ဆိုရင် အိမ်ရှင်အနေနဲ့ တားဆီးဖို့ ဥပဒေအကြောင်းပြချက် မရှိပါဘူး”ဟု အခြားတစ်ဦးက မှတ်ချက်ပြုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Tenant stunned by message from landlord forbidding them from using EV charger: 'You can do what you want (cooldown)
Photo Credit: reddit