- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ် EV ကားများအပြင် ကိုရီယားနိုင်ငံထုတ် EV ကားများ အပြိုင်တင်သွင်းလာ
တရုတ် EV ကားများအပြင် ကိုရီယားနိုင်ငံထုတ် EV ကားများ အပြိုင်တင်သွင်းလာ
- 503 views
ပြည်တွင်း ကားဈေးတွင် နာမည်ကျော်လူကြိုက်များသည် KIA နှင့် ဟွန်ဒိုင်း အမှတ်တံဆိပ် မော်ဒယ်မြင့် EV ကားများ ဈေးကွက်အတွင်း ဝင်ရောက်လာကြောင်း မော်တော်ယာဉ်တင်သွင်း သူများထံမှ သိရသည်။
EV ကားသစ်များကို အခွန်ကင်းလွတ်ခွင့်ဖြင့် သက်ဆိုင်ရာက တင်သွင်းခွင့်ပြုထားရာ တရုတ်နိုင်ငံထုတ် EV ကားများမှာ ဈေးကွက်အတွင်း အများဆုံးသုံးစွဲနေကြသည်။
“တရုတ်ကားတွေထက် ကိုရီးယား EV ကားတွေက နည်းပညာပိုင်းမှာ မြင့်မားပါတယ်။ ဈေးနှုန်း ကွာခြားချက် ကြီးကြီးမားမား မရှိပေမယ့်။ အသုံးပြုရတဲ့အပိုင်းမှာ ပိုကောင်းတယ်။ မြန်မာ့ EV ကားဈေးကွက်က တဖြည်းဖြည်းနဲ့ မှန်မှန်တိုးတက်လာမယ်ထင်ပါတယ်” ဟု မြန်မာ့နိုင်ငံမော်တော်ယာဉ်တင်သွင်း ထုတ်လုပ်ဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ငွေလဲဈေးနှုန်း မတည်ငြိမ်ခြင်းကြောင့်သာ EV ကား တင်သွင်းမှု နှေးကွေးနေခြင်းဖြစ်သော်လည်း နိုင်ငံတကာမှ EV ကားကုမ္ပဏီများသည် မြန်မာ့ကားဈေးကွက်ကို စိတ်ဝင်စားမှု မြင့်တက်နေကြောင်း သိရသည်။
EV ကား ဝယ်ယူစီးနင်းမှုသည် တဖြည်းဖြည်းမြင့်တက်လျက်ရှိပြီး ကုန်လမ်းညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ တရားဝင်လိုင်စင်ဝင်ထားသည်း EV ကားအစီးရေ သုံးထောင်ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com