- ပင်မစာမျက်နှာ
- ကားသတင်းများ
- ကားဈေးကွက်အတွင်း နယ်မြို့များမှ ကားဝယ်ယူမှု ကျဆင်း
ကားဈေးကွက်အတွင်း နယ်မြို့များမှ ကားဝယ်ယူမှု ကျဆင်း
- 306 views
ပြည်တွင်း၌ စီးပွားရေးလုပ်ငန်းများ တိုးတက်မှုနှေးကွေးနေရာ ကားဈေးကွက်အတွင်း နယ်မြို့များမှ ကားဝယ်ယူမှု ကျဆင်းလာကြောင်း ကားဈေးကွက်အတွင်းမှ သိရသည်။
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ရပ်တန့်လုနီးပါး အခက်အခဲ ကြုံတွေနေခြင်းကြောင့် နယ်မြို့များမှ ကားဝယ်ယူမှု နည်းပါးနေသည့်အပြင် လက်နက်ကိုင်တိုက်ပွဲများရှိရာဒေသများတွင် လိုင်စင်မဲ့ကားအသုံးပြုမှု မြင့်တက်လာကြောင်း သိရသည်။
“ရှမ်းမြောက်၊ကရင်ဒေသနဲ့ ကချင်ဒေသတွေ အပါအဝင် နယ်စပ်တွေ အကုန်လုံး နီးပါးနယ်မြေမတည်ငြိမ်တော့ ကားဝယ်တဲ့သူနည်းသွားတယ်၊ ရန်ကုန်ရော မန္တလေးမှာပါ နယ်က ကားလာဝယ်တဲ့သူ ရှားနေတယ်၊ လုပ်ငန်းသုံးကားတွေတောင် နယ်ဘက်က အဝယ်နည်းပါတယ်။ဒါပေမဲ့ ငွေလဲနှုန်းအရရော အထွေထွေ ကုန်ဈေးနှုန်း တက်နေတာကြောင့် ကားဈေးတွေကတော့အမြင့်ပိုင်းမှာပဲ ရှိပါတယ်” ဟု မန္တလေးမြို့ခံ ကားဝယ်ရောင်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ထို့အပြင်လက်နက်ကိုင်တိုက်ပွဲများကြောင်း ဈေးနှုန်းသက်သာသည့် လိုင်စင်မဲ့ကားများကို ပြောင်းလဲသုံးစွဲနေရာ နယ်စပ်ဒေသမြို့များမှ တရားဝင်လိုင်စင်သုံး လူစီးအိမ်စီးကား ဝယ်ယူမှု ကျဆင်းနေကြောင်း သိရသည်။
အိမ်စီးလူစီးကားဈေးကွက်အတွင်း သိန်း (၅၀၀) မှ သိန်း (၂၀၀၀) အကြား ကားများမှာ အရောင်းအဝယ် သွက်နေပြီး ရန်ကုန်နှင့်မန္တလေး၊ နေပြည်တော် စသည့်မြို့ကြီးများတွင် ဈေးကွက်ပိုမိုကောင်းမွန် ကြောင်းသိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com