- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဂျိမ်းစ်ဘွန်းမင်းသားကြီး ရော်ဂျာမိုး စီးခဲ့သောကား ပေါင် ၇၀၀၀ မျှဖြင့် ဝယ်ယူနိုင်မည်
ဂျိမ်းစ်ဘွန်းမင်းသားကြီး ရော်ဂျာမိုး စီးခဲ့သောကား ပေါင် ၇၀၀၀ မျှဖြင့် ဝယ်ယူနိုင်မည်
- 212 views
ဂျိမ်းစ်ဘွန်းမင်းသားကြီး ဆာရော်ဂျာမိုး စီးခဲ့သောကားကို လာမည့်လတွင် လေလံတင်ရောင်းချရန် စီစဉ်နေပြီး ပေါင် ၇၀၀၀ မျှဖြင့် ပိုင်ဆိုင်နိုင်မည့် အခွင့်အလမ်း ရှိသည်။
ရော်ဂျာမိုးသည် ဤကားကို မိုနာကိုတွင် ၂၀၁၂ မှ ၂၀၁၇ ခုနှစ်အကြား မိုင် ၂၀၀၀ နီးပါးစီးနင်းခဲ့သည်။
(ဂျိမ်းစ်ဘွန်းမင်းသားကြီး ဆာရော်ဂျာမိုး စီးခဲ့သောကားကို လာမည့်လတွင် လေလံတင်ရောင်းချရန် စီစဉ်နေပြီး ပေါင် ၇၀၀၀ မျှဖြင့် ပိုင်ဆိုင်နိုင်မည့် အခွင့်အလမ်း ရှိသည်။ ဓာတ်ပုံ-BNPS)
(အတွင်းပိုင်းမှာ အသစ်အနေအထားအတိုင်းရှိသေးပြီး အနာအဆာမရှိသော ထိုင်ခုံများနှင့် ခေတ်မီ ဒက်ရှ်ဘုတ်တို့ကို တွေ့ရသည်။ ဓာတ်ပုံ-BNPS)
(ရော်ဂျာမိုးက သူ၏ ကလေးများကို ပြောခဲ့သည်မှာ…အောင်မြင်တဲ့ မင်းသားဖြစ်လေ ကားက သေးလေပဲဟု ဆိုသည်။ ဓာတ်ပုံ-Rex Features)
ကားမှာ အလျား ၉ ပေ၊ အမြင့် ၅ ပေသာရှိရာ အရပ် ၆ ပေ ၁ လက်မရှိသော ရော်ဂျာမိုးအတွက် အလွန် ကျဉ်းကြပ်မည့် ကားတစ်စင်း ဖြစ်သည်။
ကားမှာ ၂ ယောက်စီးသာ ဖြစ်ရာ မွန်တီကာလိုမြို့တွင် ရော်ဂျာမိုး၏ အိမ်နီးချင်းများ ပိုင်ဆိုင်ထားသည့် တန်ဖိုးကြီးကားများနှင့် အလွန်ခြားနားနေသည်။
ထို့အပြင် ၁၉၇၇ ခုနှစ်က ရုံတင်ခဲ့သော The Spy Who Love Me ဂျိမ်းစ်ဘွန်းဇာတ်ကားတွင် ရော်ဂျာမိုး စီးခဲ့သည့် Lotus Esprit ကားနှင့်လည်း အလွန်ခြားနားနေသည်။
ရော်ဂျာမိုးက သူ၏ သားသမီးများအား အရွှန်းဖောက် ပြောကြားသည်မှာ အောင်မြင်တဲ့မင်းသားဖြစ်လေ ကားက သေးလေပဲဟု ဆိုသည်။
ဤကားကို ၂၀၁၂ ခုနှစ်က ထုတ်လုပ်ခဲ့ပြီး ဆွစ်ဇာလန်မှ နာရီကုမ္ပဏီ SMH က ထုတ်လုပ်ခဲ့ခြင်းဖြစ်ကာ နောက်ဘက်တွင် အင်ဂျင်ထားသော ကားဖြစ်သည်။
0-60mph ကို ၁၀ စက္ကန့်အတွင်း ရရှိနိုင်ပြီး အမြင့်ဆုံး မောင်းနိုင်သော အမြန်နှုန်းမှာ ၁ နာရီလျှင် ၉၅ မိုင် ဖြစ်သည်။
အတွင်းပိုင်းမှာ အသစ်အနေအထားအတိုင်းရှိသေးပြီး အနာအဆာမရှိသော ထိုင်ခုံများနှင့် ခေတ်မီ ဒက်ရှ်ဘုတ်တို့ကို တွေ့ရသည်။
ဤကားကို Bonhams Cars ကုမ္ပဏီက လေလံတင်မည် ဖြစ်သည်။
“ရော်ဂျာမိုးက ဒီကားကို ဈေးဝယ်ထွက်ဖို့၊ စားသောက်ဆိုင်တွေသွားဖို့ အသုံးပြုခဲ့ပါတယ်။ မိုနာကိုမှာ ဒီကားက ပါကင်ထိုးဖို့ လွယ်တယ်လေ”ဟု ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။
“ဒီကားကို ပြင်သစ်တောင်ပိုင်းက သူ့အိမ်မှာ ထားတာ ဖြစ်ပါတယ်။ မကြာသေးမီ နှစ်တွေအတွင်း ဒီကားကို သုံးတာ သိပ်မတွေ့ပါဘူး။ အသစ်ကတည်းကနေ ကီလိုမီတာ ၃၀၀၀ လောက်ပဲ စီးထားပါတယ်။”
ရော်ဂျာမိုးသည် ၁၉၇၃ မှ ၁၉၈၅ ခုနှစ်အကြား ဂျိမ်းစ်ဘွန်းရုပ်ရှင် ၇ ခုတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ် တွင် ကွယ်လွန်ခဲ့ရာ ကွယ်လွန်ချိန်တွင် အသက် ၈၉ နှစ်ရှိပြီ ဖြစ်သည်။
ဤကားကို လာမည့် မေလ ၁၀ ရက်တွင် မိုနာကို၌ လေလံတင်မည်ဖြစ်ပြီး ခန့်မှန်းရည်ညွှန်းဈေးမှာ ပေါင် ၆၉၀၀ ဖြစ်သည်။
(0-60mph ကို ၁၀ စက္ကန့်အတွင်း ရရှိနိုင်ပြီး အမြင့်ဆုံး မောင်းနိုင်သော အမြန်နှုန်းမှာ ၁ နာရီလျှင် ၉၅ မိုင် ဖြစ်သည်။ ဓာတ်ပုံ-BNPS)
(ဆွစ်ဇာလန်မှ နာရီကုမ္ပဏီ SMH က ၂၀၁၂ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့ခြင်းဖြစ်ကာ နောက်ဘက်တွင် ဓာတ်ဆီအင်ဂျင်ထားသော ကားဖြစ်သည်။ ဓာတ်ပုံ-BNPS)
(ကားမှာ ၂ ယောက်စီးသာ ဖြစ်ရာ မွန်တီကာလိုမြို့တွင် ရော်ဂျာမိုး၏ အိမ်နီးချင်းများ ပိုင်ဆိုင်ထားသည့် တန်ဖိုးကြီးကားများနှင့် အလွန်ခြားနားနေသည်။ဓာတ်ပုံ-BNPS)
(အညတရဆန်သောကြောင့် ရော်ဂျာမိုးက ဤကားကို နှစ်သက်ခြင်း ဖြစ်သည်။ ဓာတ်ပုံ-BNPS)
(ကားမှာ အလျား ၉ ပေ၊ အမြင့် ၅ ပေသာရှိရာ အရပ် ၆ ပေ ၁ လက်မရှိသော ရော်ဂျာမိုးအတွက် အလွန် ကျဉ်းကြပ်မည့် ကားတစ်စင်း ဖြစ်သည်။ ဓာတ်ပုံ-BNPS)
(ဤကားကို Bonhams Cars ကုမ္ပဏီက မိုနာကိုတွင် မေလ ၁၀ ရက်၌ လေလံတင်မည် ဖြစ်သည်။ ဓာတ်ပုံ-BNPS)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Surprisingly modest car used by James Bond star so he could park in millionaire’s playground could be yours for £7,000 (thesun)
Photo Credit: BNPS, Rex Features