- ပင်မစာမျက်နှာ
- ကားသတင်းများ
- ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပေဒများ (၁၁)
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပေဒများ (၁၁)
- 100 views
မော်တော်ယာဉ်မှတ်ပုံတင်ခြင်း ...
၃။ ဦးစီးဌာနသည် မော်တော်ယာဉ်များ မှတ်ပုံတင်ခြင်းလုပ်ငန်းနှင့် စပ်လျဉ်းသည့် လုပ်ပိုင်ခွင့်များကို တာဝန်ယူ ရမည်။ ဦးစီးဌာနသည် မိမိ၏လုပ်ပိုင်ခွင့်များကို မှတ်ပုံတင်အရာရှိသို့ လွှဲအပ်နိုင်သည်။
၄။ အောက်ပါ မော်တော်ယာဉ်များမှအပ ကျန်မော်တော်ယာဉ်များသည် ဦးစီးဌာန၌ မှတ်ပုံတင် ရမည် -
(က) တပ်မတော် (ကြည်း/ ရေ/ လေ) တွင်အသုံးပြုသော မော်တော်ယာဉ်များ၊
( ခ) လယ်ယာလုပ်ငန်းအတွက်သာလျှင် သီးသန့်အသုံးပြုသောယာဉ်များ (လယ်ထွန်စက်၊ ခြွေလှေ့စက်၊ ရိတ်သိမ်းစက် စသည်များ)၊
( ဂ) အများပြည်သူဆိုင်ရာနေရာများတွင် အသုံးမပြုသော မော်တော်ယာဉ်များ (စက်ယန္တရားမပါ)၊
(ဃ) ကမ်းစပ်၊ ရွံ့နွံ၊ တောတောင်များတွင်သာ အသုံးပြုရန် အထူးပြုထုတ်လုပ်ထားသော ဘက်စုံလမ်းကြမ်းသုံး (All-Terrain Vehicle) အုပ်စုဝင် ယာဉ်များ။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com